
ဝါရှင်တန် ဇန်နဝါရီ ၂၇
တူကီယဲနိုင်ငံသည် ဆွီဒင်နိုင်ငံကို နေတိုးအဖွဲ့ဝင်နိုင်ငံ အဖြစ် အပြည့်အဝထောက်ခံခဲ့ပြီးနောက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့က တူကီယဲသို့ အက်ဖ်-၁၆ တိုက်လေယာဉ်များ ရောင်းချရန် ခွင့်ပြု ခဲ့သည်။
တူကီယဲနိုင်ငံသို့ အက်ဖ် -၁၆ တိုက်လေယာဉ် အစင်း ၄၀ နှင့် ဆက်စပ်ပစ္စည်းများရောင်းချရန် ခွင့်ပြုပေးကြောင်းကို သမ္မတဂျိုးဘိုင်ဒင်အစိုးရအဖွဲ့ က ဇန်နဝါရီ ၂၆ ရက်တွင် လွှတ်တော်သို့ အကြောင်း ကြားခဲ့သည်။ အဆိုပါသဘောတူညီမှုမှာ အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံတန်ကြေးရှိသည်။ တူကီယဲနိုင်ငံ သည် ၎င်းတို့ပိုင် အက်ဖ် -၁၆ တိုက် လေယာဉ်အုပ်စုကို အဆင့်မြှင့်တင်ရန် ကာလရှည်ကြာ နည်းလမ်းများ ရှာဖွေခဲ့သည်။ ယခုကဲ့သို့ တိုက်လေယာဉ်များ ရောင်းချ ခြင်းသည် တူကီယဲနိုင်ငံအနေဖြင့် မဟာမိတ်များကို ကာကွယ်ပေးရန်နှင့် ဒေသတွင်း လုံခြုံရေးအတွက် နေတိုးအဖွဲ့၏ စစ်ဆင်ရေးများတွင် အထောက်အကူ ဖြစ်စေမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန က ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တိုက်လေယာဉ်များ ရောင်းချခြင်းကြောင့် ဒေသ တွင်း အခြေခံစစ်ရေးဟန်ချက်ကို ပြောင်းလဲမည် မဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဌာနက ပြောသည်။
အင်န်အိတ်ချ်ကေ