
နယူးဒေလီ ဇန်နဝါရီ ၂၈
အိန္ဒိယနိုင်ငံ၌ သက်ဆိုင်ရာထောင်အသီးသီးတွင် အကျဉ်းကျခံ ကာလပြည့်မြောက်သော ပါကစ္စတန်နိုင်ငံသား ၁၇ ဦးကို ဇန်နဝါရီ ၂၇ ရက်တွင် အိန္ဒိယနိုင်ငံက လွှတ်ပေးခဲ့ကြောင်း နယူးဒေလီရှိ ပါကစ္စတန်အဆင့်မြင့်ကော်မရှင်က အတည်ပြုပြောသည်။
အဆိုပါ ပါကစ္စတန်နိုင်ငံသားများကို နှစ်နိုင်ငံကြား ပိုင်းခြားထား သော Attari-Wagah နယ်စပ်မှတစ်ဆင့် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်အဆင့်မြင့်ကော်မရှင်က တွစ်တာတွင် အတည်ပြု ပြောသည်။ ထို့အပြင် ပြစ်ဒဏ်ကျခံမှု ပြီးမြောက်ပါက ပါကစ္စတန် အကျဉ်းသားများအားလုံးကို အိန္ဒိယနိုင်ငံမှ နေရပ်ပြန်ပို့နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့သည် အကျဉ်းထောင်များအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့်အရပ်သားအကျဉ်းသားများနှင့် ငါးဖမ်းသမားစာရင်းများကို ဇန်နဝါရီ ၁ ရက်တွင် လဲလှယ်ခဲ့ကြ သည်။ ထိုသို့ ဆောင်ရွက်ရာတွင် လက်ရှိ အိန္ဒိယအကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း၌ ပါကစ္စတန်အရပ်သား အကျဉ်းသား ၃၃၉ ဦးနှင့် ငါးဖမ်းသမား ၉၅ ဦး ပါဝင်ပြီး ပါကစ္စတန် အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း၌ အိန္ဒိယ လူမျိုး သို့မဟုတ် အိန္ဒိယလူမျိုးများဟု ယူဆရသည့် အရပ်သား အကျဉ်းသား ၅၁ ဦးနှင့် ငါးဖမ်းသမား ၆၅၄ ဦး ပါဝင်ကြောင်း သိရသည်။ ဆင်ဟွာ