
နေပြည်တော် မတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး မြို့နယ် မဲနယ်တောင်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ နေထိုင် သော ကျေးရွာများဖြစ်သည့် နမ့်ဟူးကျေးရွာ၊ ပန်လျန်းကျေးရွာ၊ ကျောက်ကချား ကျေးရွာများရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံ တိုင်းရင်းသား ပြည်သူများ ပြန်လည်အခြေချနေထိုင်လုပ်ကိုင် စားသောက်နိုင်ရေး၊ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့ အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ် နမ့်ဟူးကျေးရွာရှိ ဒေသခံတိုင်းရင်း သားပြည်သူများအား ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်း လတ်နှင့် အဖွဲ့ဝင်များ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက သွားရောက်တွေ့ဆုံသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က အားပေးစကား ပြောကြား သည်။ ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ ဒေသခံ တိုင်းရင်းသားပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ သည် ပန်လျန်းကျေးရွာ ဘုန်းတော် ကြီးကျောင်းသို့ သွားရောက်၍ ဒေသခံ တိုင်းရင်းသားပြည်သူ များအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ် ခဲ့ပြီး ကျောင်းဆောက်လုပ်ရန် အတွက် အလှူငွေနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များ သည် ကျောက်ကချားကျေးရွာသို့ သွားရောက်၍ ဒေသခံတိုင်းရင်း သားပြည်သူများအား တွေ့ဆုံ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်