
နေပြည်တော် ဇူလိုင် ၁၉
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား အနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူများ ကုန်ကျစရိတ် သက်သာစွာဖြင့် ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင် မှုများ အဆင်ပြေချောမွေ့စေရေး အတွက် ရည်ရွယ်၍ အမြန်လူစီး ရထား ၁၈ စင်း၊ စာပို့ရထား ၁၄ စင်း၊ လူစီးကုန်တင်ရထား ရှစ်စင်း၊ RBE လူစီးနှစ်စင်းနှင့် ရန်ကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးရထား ၃၅ စင်း၊ စုစုပေါင်း လူစီးရထား ၇၇ စင်းနှင့် ကုန်ရထားခြောက်စင်းကို နေ့စဉ် စီစဉ်ပြေးဆွဲပေးလျက်ရှိသည်။
ထိုသို့ ခရီးသည်ရထားများ၊ ကုန်ရထားခရီးစဉ်များကို စီစဉ် ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်- မန္တလေးရထားလမ်းပိုင်း၌ အမြန် ရထားလေးစင်း၊ စာပို့ရထား နှစ်စင်း၊ လူစီးကုန်တင်ရထား နှစ်စင်းနှင့် ကုန်ရထားသုံးစင်း တို့ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိ ရာ ရန်ကုန်မှ ဇူလိုင် ၁၈ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ် ခန့်တွင် မန္တလေးသို့ ပုံမှန်ထွက်ခွာလာသော အမှတ်(၃)အဆန် လူစီးအမြန် ရထားသည် ည ၉ နာရီ ၁၈ မိနစ် ခန့်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ်အတွင်းရှိ ကျောက်တံခါးဘူတာနှင့် ပဲနွယ် ကုန်းဘူတာအကြား မိုင်တိုင် အမှတ် (၁၀၉/၂၀-၂၁) သို့ အရောက်တွင် ရထားမီးရောင်ဖြင့် သံလမ်းများကွေးနေပြီး ရထား လမ်း ဇလီဖားတုံးများ ထောင် လျက်ဖြစ်နေကြောင်း မြင်တွေ့ရ သဖြင့် ရထားကို အချိန်မီရပ်တန့် ခဲ့ပြီး ခရီးသည်များ၏ လုံခြုံရေး အရ ရထားကို ပြန်လည် နောက်ဆုတ်ခဲ့ရာ ည ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ကျောက်တံခါး ဘူတာသို့ ရောက်ရှိပြီး လမ်းပိုင်း ကို ည ၁၁ နာရီ ၅၆ မိနစ်ခန့်တွင် ယာယီပိတ်ခဲ့သည်။
ဖြစ်စဉ်နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ အကြမ်းဖက်သောင်း ကျန်းသူများက ရထားလမ်း တံတားအား မိုင်းထောင်ဖျက်ဆီး ထားမှုကြောင့် ရန်ကုန် - မန္တလေး ရထားလမ်းပေါ်ရှိ ပေ ၆၀ ကွန်ကရစ်တံတားအမှတ် ၁၆၁ ပေါ်ရှိ အဆန်လမ်း သံလမ်းနှစ်ဖက် သည် အရှည် ၁၁ မီတာခန့်နှင့် အစုန်လမ်းပေါ်ရှိ အရှည်မီတာ ၅၀ ခန့် သံလမ်းများ ကွေးကောက် ပျက်စီးနေခြင်း၊ ကွန်ကရစ် ဇလီ ဖားတုံးများ ပျက်စီးခြင်း၊ တံတား ၏ ကွန်ကရစ်ကြမ်းခင်း အလျား လေးပေ၊ အနံလေးပေခန့် ပျက်စီး နေသဖြင့် ရထားလမ်းပျက်စီးမှု ကို ညတွင်းချင်း ပြန်လည်ပြုပြင် ခဲ့ကာ လမ်းပိုင်းကို ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီ ၄၁ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
အဆိုပါ မိုင်းဖြစ်စဉ်ကြောင့် အမှတ်(၃)အဆန် လူစီးအမြန် ရထားသည် ၉ နာရီ ၂၇ မိနစ်၊ အမှတ်(၆)အစုန် လူစီးအမြန် ရထားသည် ၅ နာရီ ၄၅ မိနစ်နှင့် အမှတ်(၄)အစုန်လူစီး အမြန်ရထား သည် ၄ နာရီ ၂၃ မိနစ် နီးစပ်ရာ ဘူတာများတွင် စောင့်ဆိုင်း ကြန့်ကြာခဲ့ရသဖြင့် ရထားစီး ခရီးသည် စုစုပေါင်း ၁၅၀၀ ခန့် တို့သည် လမ်းခရီး၌ အခက်အခဲ များစွာကြုံတွေ့ခဲ့ရကြောင်း သိရ သည်။
အဆိုပါ မိုင်းဖောက်ခွဲမှုဖြစ်စဉ် သည် ပုံမှန်ဖြတ်သန်းသွားလာနေ သည့် လူစီးရထားများနှင့် ခရီး သွားပြည်သူများကို ထိခိုက် ပျက်စီးစေရန် ရည်ရွယ်လုပ်ဆောင် ခြင်းသာမကဘဲ ရန်ကုန်- မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး အတွက် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများကိုပါထိခိုက် ပျက်စီးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယခုဖြစ်စဉ်တွင် ရထားအား အချိန်မီ မရပ်တန့်နိုင်ခဲ့ပါက ရထားစီး ခရီးသွားပြည်သူများကို ထိခိုက်သေဆုံးနိုင်သဖြင့် ပျက်စီး ဆုံးရှုံးမှု ကြီးမားစွာကြုံတွေ့ရနိုင် သည့် စက်ဆုပ်ရွံရှာဖွယ် ကောင်း သော အကြမ်းဖက် လုပ်ရပ်တစ်ခု ဖြစ်သည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထား လမ်းကွန်ရက် တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲ ဖျက်ဆီးခြင်း ၁၁၂ ကြိမ်၊ ရထား တံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း ၄၁ ကြိမ်၊ ဘူတာအဆောက် အဦနှင့် ဝန်ထမ်းနေအိမ်များ အား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။ အဆိုပါ အကြမ်းဖက် သောင်းကျန်းသူ များအား ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီးလျက် ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ရှုတ်ချမှုများ ဖြင့် တုံ့ပြန်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်