
နေပြည်တော် ဇန်နဝါရီ ၁၆
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘာသာရေးဆိုင်ရာအဆောက် အဦများ၊ ဘုရားရှိခိုးကျောင်းများကို ဗုံးများ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုရားစေတီများကို အကာအကွယ်ယူပြီး ခံစစ်စခန်းများပြုလုပ်ကာ အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်ခြင်း စသည်တို့ကို ကျူးလွန်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများ၏ ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကိုးကွယ်ရာ ဘာသာ၊ သာသနာကို ယုတ်မာရိုင်းစိုင်းစွာ စော်ကား ဖျက်ဆီးနေသည့် လုပ်ရပ်များသည် မည်သို့မျှလက်ခံနိုင်ဖွယ်ရာမရှိ သည့်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ် အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်းဧဝံဂေလိအသင်း တော် (ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)၊ သနန္တနဓမ္မပါလက(ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်း ရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တောဒေသ ဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးနှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းတို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်