
နေပြည်တော် ဇန်နဝါရီ ၁၂
အကြမ်းဖက် သောင်းကျန်းသူ များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားများ အထွတ် အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများအပါအဝင် အခြား ဘာသာရေးဆိုင်ရာ အဆောက် အဦများ၊ ဘုရားရှိခိုးကျောင်း များကို Drone များ အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက် ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘာသာ ရေးဆိုင်ရာ အဆောက်အဦများ အတွင်းသို့ ဝင်ရောက်နေရာယူ၍ အခိုင်အမာခံစစ်စခန်း ပြုလုပ်ခြင်း စသည့် အဖျက်အမှောင့်လုပ်ငန်း များဖြင့် ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ လုပ်ဆောင် လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၃ ခုနှစ် ဧပြီ ၂၁ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ပဇီကြီးကျေးရွာ ရှိ ဘုန်းတော်ကြီးကျောင်းအတွင်း သို့ ဝင်ရောက်နေရာယူကာ ဆက်သွယ်ရေးမြောင်းများ၊ ပစ် ကျင်းများပြုလုပ်၍ ခံစစ်စခန်း ပြုလုပ်ခဲ့ခြင်း၊ ဇွန် ၁၅ ရက်တွင် KKO(ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ က ကော့ကရိတ်မြို့ ဇောတိရာမ ပင်မကျောင်းအား လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဆရာတော်တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း၊ ဇူလိုင် ၂ ရက်တွင် KNLA နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက ဥထရစ်ထနယ်မြေ အတွင်းရှိ စေတီပုထိုးနှင့် ဘာသာ ရေး အဆောက်အဦများအတွင်း ဝင်ရောက်နေရာယူကာ ဆက်သွယ် ရေးမြောင်းများ၊ ပစ်ကျင်းများ ပြုလုပ်၍ ခံစစ်စခန်းပြုလုပ်ခဲ့ခြင်း၊ စက်တင်ဘာ ၂၆ ရက်တွင် KNPP နှင့် PDF အမည်ခံအကြမ်းဖက် သမားများက ကယားပြည်နယ် ပန်တိန်းမြို့ရှိ ကက်သလစ်ဘုရား ရှိခိုးကျောင်းအား လက်နက်ကြီး များဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ခြင်း၊ ဒီဇင်ဘာ ၄ ရက်တွင် MNDAA ပူးပေါင်းအကြမ်းဖက် သောင်းကျန်း သူများက ရှမ်းပြည်နယ်(မြောက် ပိုင်း)မူဆယ်မြို့ရှိ ရပ်တော်မူဘုရား နှင့် မိဂဒါမဟာစေတီကို Drone များအသုံးပြု၍ Drop Bomb ဖြင့် ပစ်ချဖျက်ဆီးခဲ့ခြင်း၊ ဒီဇင်ဘာ ၁၃ ရက်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူများက နမ့်ခမ်း မြို့ ပေါက်တိုက်မရပ်ကွက်ရှိ ဇေယျသုခဘုန်းတော်ကြီးကျောင်း အား လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ခြင်း၊ ဒီဇင်ဘာ ၂၅ ရက်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက မြောက်ဦး မြို့ပေါ်ရှိ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုပြတိုက်အား လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောက်စာချပ်များ ပျက်စီးခဲ့ခြင်း နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက် တွင် MNDAA ပူးပေါင်းအကြမ်း ဖက် သောင်းကျန်းသူများက ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့နယ် ဆီအော ကျေးရွာ၏ မြောက်ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်း ကုန်း)ပေါ်ရှိ ဒေသခံပြည်သူများ နှင့် ဗုဒ္ဓဘာသာဝင်များ အထွတ် အမြတ်ထားရာ စေတီတစ်ဆူအား အကြမ်းဖက်သမားများက သံတူ ဖြင့် ထု၍ စေတီအား ဖြိုချ ဖျက်ဆီးခဲ့ခြင်း စသဖြင့် ဘာသာ တရားအပေါ် အကြမ်းဖက်မှု များ ပြုလုပ်လာသည်ကို တွေ့ရှိ ရသည်။
ယင်းသို့ အကြမ်းဖက် သောင်းကျန်းသူများ၏ ဘုရား စေတီများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို မိုက်ရိုင်း စော်ကားစွာ ဖျက်ဆီးလျက်ရှိ သဖြင့် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များအပေါ် လုံးဝ လက်မခံနိုင်ဘဲ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်