
နေပြည်တော် စက်တင်ဘာ ၂၅
စက်တင်ဘာ ၅ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် နယ်မြေ လှည့်ကင်းဆောင်ရွက်စဉ် တောင်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက် ဗြဟ္မစိုရ်လမ်းနှင့် ပင်းယလမ်းထိပ်၌ ယာဉ်မောင်း ကျော်ကိုလင်း (ခ)AJ (၃၄)နှစ် မောင်းနှင်ပြီး စိုင်းပိုင်စိုးနောင်(ခ) မာဝီ(၃၀)နှစ် လိုက်ပါလာ သည့် CRV (အဖြူရောင်) ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်း အတွင်းမှ အပြာရောင် PVC ပိုက်၊ Keypad ဖုန်းတို့ဖြင့် ချိတ်ဆက် ပြုလုပ်ထားသည့် လက်လုပ်ချိန်ကိုက်မိုင်း လေးလုံးအား သိမ်းဆည်းရမိ ခဲ့ကြောင်း သိရှိရသည်။
တရားခံ ကျော်ကိုလင်း၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၈ ရက် တွင် မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက် မစိုးရိမ်လမ်း အိမ်အမှတ် (၃၁-အေ)အား ဝင်ရောက်ရှာဖွေခဲ့ရာ ဝင်းကိုအောင်(၂၉)နှစ်၊ ထင်ကျော် (၅၇)နှစ် နှင့် အိဖြူ (၃၀)နှစ်တို့ကို ၉ မမ ကျည် ခုနစ်တောင့်၊ ပွိုင့်-၂၂ ကျည် ခုနစ်တောင့်၊ လက်ပစ်ဗုံးဖြူ(စ်) တစ်ခု၊ အခြားဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆို ချက်အရ မရမ်းကုန်းမြို့နယ် (၇)ရပ်ကွက် နဝဒေးလမ်း အိမ် အမှတ်(၉)တွင် ဆက်စပ်တရားခံ ဝင်းထွဋ်သော်တာ (ခ) အီတိုး (၃၁နှစ်) ကို ထပ်မံဖမ်းဆီးရမိ ခဲ့ကြောင်း သိရှိရသည်။
ကျော်ကိုလင်း (ခ) AJ၊ စိုင်းပိုင် စိုးနောင် (ခ) မာဝီနှင့် ဖမ်းဆီးရန် ကျန် တရားခံများဖြစ်သော မေရီ ယန်၊ အောင်မြင့်မြတ်(ခ) ကဗျာ၊ သန့်ဇင်(ခ)ကျွဲကြီး၊ ထက်ဝေယံ မင်းလွင်(ခ)ရိုးရိုးတို့သည် ဖမ်းဆီး ရန်ကျန် ထားထက်ထက်၏ ချိတ်ဆက်ပေးမှုဖြင့် KNLA တပ်မဟာ(၆) နယ်မြေတွင် ဖွင့်လှစ်သော အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းနှင့် မိုးကုတ် မြို့အနီးတွင် ဖွင့်လှစ်သော TNLA အဖွဲ့၏ အကြမ်းဖက်ဖောက်ခွဲ ရေးသင်တန်းတို့ကို တက်ရောက် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
စက်တင်ဘာ ၄ ရက်တွင် ဖောက်ခွဲဖျက်ဆီးရေး ပြုလုပ်ရန် အတွက် Fountain အဖွဲ့မှ ကျော် ကိုလင်း(ခ) AJ၊ စိုင်းပိုင်စိုးနောင်(ခ) မာဝီတို့သည် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော နေရွှန်းကို (ခ) James၊ မေရီယန်၊ တိုင်ရွန် နှင့် အောင်ရဲ(ခ)ပိုးဥ တို့သည် Zoom Meeting ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တွင်း အဖျက်လုပ်ငန်း များနှင့် မှုခင်း/ပြစ်မှုကျူးလွန်သူ များ ဖော်ထုတ်နိုင်မှုမရှိစေရန် ရည်ရွယ်၍ မီးပွိုင့်များရှိ CCTV များအား ဖောက်ခွဲရန် ဆွေးနွေးခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ အီတိုး သည် မေလ တွင် TNLA အဖွဲ့ထံတွင် အကြမ်း ဖက်ဖောက်ခွဲရေးသင်တန်း တက် ရောက်မည့် လူငယ်လေးဦးကို ၎င်း၏ကားဖြင့် ပြင်ဦးလွင်- နောင်ချိုမှတစ်ဆင့် မိုးကုတ်သွား ကားလမ်းပေါ်ရှိ ပလောင်ရွာတစ်ခု သို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်း သည် မေလတွင် အကြမ်းဖက် အဖွဲ့ဖြစ်သော NUG အဖွဲ့ထံသို့ NLD ပါတီမှ ဖြိုးဇေယျာသော် (၂၀၁၅ ခုနှစ် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဟောင်း)မှတစ်ဆင့် ပြည်သူ လူထု စိုးရိမ်ဖွယ်ရာဖြစ်စေသည့် အဖျက်လုပ်ငန်းများ စီမံမှုအကြံပြု စာများအား Signal မှ တစ်ဆင့် ပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ဖော်ထုတ်သိရှိ
တရားခံ စိုင်းပိုင်စိုးနောင် (ခ) မာဝီ သည် ဩဂုတ် ၂၉ ရက်မှ ၃၁ ရက်အထိ အကြမ်းဖက်အဖွဲ့ ဖြစ်သော NUG မှ Online တွင် သင်ကြားပေးသည့် အကြမ်းဖက် ဖောက်ခွဲရေးနှင့် မြို့ပြပြောက်ကျား သင်တန်းအား သင်တန်းသား ခြောက်ဦးနှင့်အတူ တက်ရောက်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ အိဖြူသည် ဧပြီလ တွင် သန်လျင်မြို့နယ်ရှိ ရှင်မွေး လွန်း ကျောင်းဝင်း၌ ပြုလုပ်သည့် အကြမ်းဖက် မိုင်းထောင်ဖောက်ခွဲ ရေးသင်တန်းကို တက်ရောက်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ ထင်ကျော် သည် ABSDF တွင် ပြန်ကြားရေးတာဝန် ခံအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက် လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ၉ မမ ကျည် ခုနစ်တောင့်၊ ပွိုင့်-၂၂ ကျည် ခုနစ်တောင့်နှင့် ဖြူ(စ်) တစ်ခု တို့ကို ဖမ်းဆီးရန်ကျန် ဇာနည်(ခ) စောဇာနည်အောင် ထံမှ ရယူခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
ကျော်ကိုလင်း(ခ) AJ နှင့် စိုင်းပိုင်စိုးနောင်(ခ) မာဝီ တို့ သည် ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်ရန် မေရီယန် (ဖမ်းဆီး ရန်ကျန်)၏ ချိတ်ဆက်ပေးပို့သော လက်လုပ်ချိန်ကိုက်မိုင်း လေးလုံး အား သွားရောက်ယူဆောင်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
ဝင်းကိုအောင်သည် မေ ၈ ရက် တွင် ဖောက်ခွဲရေးပစ္စည်းများနှင့် အတူ သာကေတမြို့နယ်၌ ဖမ်းဆီး ရမိသော PDF အဖွဲ့ဝင်များဖြစ် သည့် ကိုကိုမောင်၊ နန္ဒစစ်အောင် တို့နှင့်အတူ လက်လုပ်မိုင်းများ ပြုလုပ်ခြင်းနှင့် သာကေတမြို့နယ် ၇/အနောက်ရပ်ကွက် ရစဖရုံး အား လက်လုပ်မိုင်းဖောက်ခွဲရာ တွင် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
မေတ္တာရပ်ခံအသိပေး
အထက်ပါ ဖမ်းဆီးရမိတရားခံ များကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူ များအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ် ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါ ရန် မေတ္တာရပ်ခံအသိပေးထား ကြောင်း သတင်းရရှိသည်။
သတင်းစဉ်