အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ  ၂၃


အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟို အဖွဲ့အစည်းအဝေး(၁/၂၀၂၂) ကို ယနေ့မွန်းလွဲ   ၁   နာရီခွဲတွင် နေပြည်တော်ရှိ    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒုတိယ ဗိုလ်ချုပ်ကြီး   စိုးထွဋ်က  ၂၀၂၂ ခုနှစ်အတွင်း      အကြမ်းဖက် တိုက်ခိုက်ခဲ့မှုများနှင့်   တားဆီး နှိမ်နင်းရေး   ဆောင်ရွက်ထားမှု များ၊ ၂၀၂၃ ခုနှစ်တွင် ဆောင်ရွက် မည့်   လုပ်ငန်းအစီအမံများနှင့် ဝန်ကြီးဌာနများ၊    တိုင်းဒေသကြီး နှင့်   ပြည်နယ်များက   အကြမ်း ဖက်မှုတိုက်ဖျက်ရေးတွင် ကြုံတွေ့ ရသည့် အခက်အခဲများကို ညှိနှိုင်း ဆွေးနွေးနိုင်ရန်   ယနေ့အစည်း အဝေးကို      ကျင်းပရခြင်းဖြစ် ကြောင်း။

 


အကြမ်းဖက်ခြိမ်းခြောက်


အစွန်းရောက် အကြမ်းဖက် အုပ်စု ARSA  အဖွဲ့သည် လူမျိုးရေး နှင့် ဘာသာရေးကို အကြောင်းပြု ၍ နယ်မြေအပိုင်စီးရယူလိုသည့် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ် မြောက်ဘက်ခြမ်းတွင်    ပြည်သူ များကိုအကြမ်းဖက်ခြိမ်းခြောက်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ အကြမ်းဖက်အုပ်စု CRPH/ NUG နှင့်   ယင်း၏   လက်အောက်ခံ အမည်အမျိုးမျိုးဖြင့်     ဖွဲ့စည်း ထားသော    PDFs     များသည် ဒီမိုကရေစီအရေးဟု ကြွေးကြော် နေသော်လည်း အစိုးရအုပ်ချုပ်မှု ယန္တရားများကို   ပျက်ပြားစေပြီး ပြည်သူများကို     ရက်စက်စွာ သတ်ဖြတ်       အကြမ်းဖက် ခြိမ်းခြောက်၍      ၎င်းတို့ကို ထောက်ခံမှုရရှိစေရန် နိုင်ငံတော် အာဏာကို      မတရားရယူရန် ကြိုးပမ်းနေသည့်   အဖွဲ့အစည်း ဖြစ်ကြောင်း၊   ရည်ရွယ်ချက် မတူညီသည့်အတွက် အကြမ်းဖက် မှုပုံစံနှင့်   အပြစ်မဲ့ပြည်သူများကို ခြိမ်းခြောက်  လုပ်ဆောင်သည့် ပုံစံများ     မတူညီကြောင်းနှင့် တားဆီးနှိမ်နင်းရေး  လုပ်ငန်းစဉ် များ    ပိုမိုအားကောင်းအောင် ဆောင်ရွက်နိုင်ရေး၊  ပြည်သူများ အတွက် လုံခြုံမှုနှင့် တရားဥပဒေ စိုးမိုးရေးကို  ပိုမိုမြှင့်တင်ဆောင် ရွက်ပေးနိုင်ရေး၊  လုံခြုံရေးတပ်ဖွဲ့ ဝင်များ          စွမ်းရည်မြှင့်တင်ရေး၊ နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီက စီစဉ်ခွင့်ပြုပေးထား သည့်   အကြမ်းဖက်မှုတိုက်ဖျက် ရေး ရန်ပုံငွေကို လုပ်ထုံးလုပ်နည်း နှင့်အညီ   အကျိုးရှိအောင်သုံးစွဲ နိုင်ရေး၊ ဌာနဆိုင်ရာများနှင့် လူမှု အဖွဲ့အစည်းများ ပူးပေါင်းဆောင် ရွက်မှု ပိုမိုအားကောင်းလာစေရေး တို့နှင့်စပ်လျဉ်း၍ ပြောကြားသည်။ 

 


ထို့နောက်  ဗဟိုအဖွဲ့အတွင်း ရေးမှူး၊   ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး      မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်    ဗိုလ်ချုပ်ဇင်မင်း ထက်က   ၂၀၂၂  ခုနှစ်အတွင်း အကြမ်းဖက်မှု   တိုက်ဖျက်ရေး ဆောင်ရွက်ချက်များနှင့် သုံးသပ် အကြံပြုချက်များကို   လည်း ကောင်း၊  တွဲဖက်အတွင်းရေးမှူး၊ နိုင်ငံဖြတ်ကျော်   မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေး မြင့်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် များနှင့်      နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု၊      အင်တာပိုလ်၊ အာဆီယံရဲအဖွဲ့၊      နှစ်နိုင်ငံ ရဲတပ်ဖွဲ့များနှင့်       ပူးပေါင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ လည်းကောင်း    ရှင်းလင်းတင်ပြ ကြသည်။

 


သတင်းတုများတိုက်ဖျက်ရေး


ယင်းနောက်   ဒုတိယဝန်ကြီး များ ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊   နေပြည်တော် ကောင်စီ၊        တိုင်းဒေသကြီးနှင့် ပြည်နယ်လုံခြုံရေးနှင့်   နယ်စပ် ရေးရာဝန်ကြီးများနှင့်   အစည်း အဝေးသို့ တက်ရောက်လာကြသူ များက တားဆီးနှိမ်နင်းရေးကဏ္ဍ တွင် လုံခြုံရေးနှင့် သတင်းအချက် အလက်များ       ရယူစုဆောင်း ပူးပေါင်း     ဆောင်ရွက်ခဲ့မှုများ၊ နယ်စပ်ဒေသများတွင်  တိုင်းရင်း သားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာပေးရေး   လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့မှုများ၊   သတင်းမှန် ပြန်ကြားရေး  ဆောင်ရွက်မှုများ၊ ပြည်သူများ   အကြမ်းဖက်ခံရမှု၊ နိုင်ငံပိုင်/ ပုဂ္ဂလိကပိုင် အဆောက် အဦနှင့် ဈေးများ၊ အရေးကြီးပစ္စည်း များ   ဖောက်ခွဲ/ဖျက်ဆီးခံရမှု၊ လျှပ်စစ်တာဝါတိုင်၊   ဖုန်းတာဝါ တိုင်များ  ဖျက်ဆီးခံရမှုများနှင့် စပ်လျဉ်း၍ ပြန်လည်ထူထောင် ရေး၊       ကြိုတင်ကာကွယ်ရေး နှင့်   တားဆီးနှိမ်နင်းရေးတို့တွင် ပူးပေါင်း      ဆောင်ရွက်ခဲ့မှုများ၊ နယ်မြေအလိုက်   အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်ချက် များနှင့်   ဆက်လက်ဆောင်ရွက် မည့် အစီအမံများ၊  တားဆီးနှိမ်နင်း ရေးလုပ်ငန်းများ၊ တရားစွဲဆိုရေး၊ ရန်ပုံငွေထူထောင်ရေး ဆောင်ရွက် ထားမှုများ၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုနှင့်  ပြည်ပရောက် အကြမ်းဖက်     သမားများနှင့် ပတ်သက်၍   သံတမန်နည်းလမ်း ဆောင်ရွက်မှုများ၊    ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ       ကိစ္စရပ် များ၊  သတင်းအချက်အလက်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ သတင်းတု များ         တိုက်ဖျက်ရေးတို့နှင့် စပ်လျဉ်း၍   ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ 

 


လက်ဦးမှုရယူဖော်ထုတ်


ထို့နောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်၊ အကြမ်း ဖက်မှု     တိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌက ၂၀၂၃ ခုနှစ်တွင် ဖြစ်ပေါ် လာနိုင်သည့်    အကြမ်းဖက်မှု အခြေအနေများအပေါ်   ကြိုတင် ကာကွယ်ရေး    အစီအမံများ၊ လုံခြုံမှုနှင့် တရားဥပဒေစိုးမိုးရေး ထိရောက်မှုရှိရန် စီမံဆောင်ရွက် ထားမှုများ၊ အစွန်းရောက်မှုများ ကြိုတင်ကာကွယ်ရေးနှင့် အကြမ်း ဖက်ဖြစ်စဉ်များကို    လက်ဦးမှု ရယူဖော်ထုတ်နိုင်ရေး စီစဉ်ဆောင် ရွက်သွားရန်အချက်များ၊  နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီက စီစဉ်ခွင့်ပြုပေးထားသည့် အကြမ်း ဖက်မှုတိုက်ဖျက်ရေး    ရန်ပုံငွေ ကို   လုပ်ထုံးလုပ်နည်းနှင့်အညီ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင် ရေး၊      လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်သွားရေးတို့နှင့် စပ်လျဉ်း ၍ ဆွေးနွေးပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။ 

 


အစည်းအဝေးသို့   ဗဟိုအဖွဲ့ ဝင် ဒုတိယဝန်ကြီးများ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်     ဒုတိယ ဥက္ကဋ္ဌ ၊    အမြဲတမ်းအတွင်းဝန် များ၊   ညွှန်ကြားရေးမှူးချုပ်များ၊ ရဲအရာရှိကြီးများ၊      ဘာသာရပ် ဆိုင်ရာ   အရာရှိကြီးများ၊  အထူး ဖိတ်ကြားထားသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး ဗဟို အဖွဲ့ဝင်     တိုင်းဒေသကြီးနှင့် ပြည်နယ်  လုံခြုံရေးနှင့်  နယ်စပ် ရေးရာဝန်ကြီးများနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးများ က   ဗီဒီယိုကွန်ဖရင့်ဖြင့်  တက် ရောက်ကြသည်။      

သတင်းစဉ်