
နယူးဒေလီ ဇူလိုင် ၆
အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်ဖြစ်သည့် မဏိပူရပြည်နယ်၌ အင်တာနက်ဝန်ဆောင်မှုကို ဇူလိုင် ၁၀ ရက်အထိ ပိတ်ပင်သွားမည်ဟု ဒေသခံအာဏာပိုင်များက ဇူလိုင် ၆ ရက်တွင် ပြောသည်။
လူ့အသက်များ ဆုံးရှုံးနစ်နာမှုများမရှိ စေရေး၊ ပစ္စည်းဥစ္စာများ မပျက်စီးစေရေးနှင့် လူထုအေးချမ်းသာယာမှုနှင့် သဟဇာတဖြစ်မှု တို့အတွက် အင်တာနက် ပိတ်ဆို့မှုကာလကို တိုးချဲ့ရခြင်းဖြစ်ကြောင်း အရာရှိများက ပြော သည်။ မေ ၃ ရက်တွင် မျိုးနွယ်စုဝင်မဟုတ် သည့်Meiteisကို မျိုးနွယ်စုအဆင့် သတ်မှတ် ခြင်းအတွက် ဆန္ဒပြမှုများဖြစ်ပေါ်ပြီး အကြမ်း ဖက်မှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည်။
ယင်းကဲ့သို့ ပဋိပက္ခများကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး ၆၀၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ဒေသအာဏာပိုင် များက သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့် ထုတ်ပြန်ခဲ့ပြီး အင်တာနက် ကန့်သတ် မှုကို လုပ်ဆောင်ခဲ့သည်။ လူမှုကွန်ရက်မီဒီယာ များမှတစ်ဆင့် ကောလာဟလများ ပျံ့နှံ့ကာ လှုံ့ဆော်မှုများနှင့် ဆန္ဒပြမှုများပိုမိုဆိုးရွားလာမည်ကို အာဏာပိုင်များက စိုးရိမ်ပူပန်လျက် ရှိသည်။
ဆင်ဟွာ