
အကြမ်းဖက်မှုဆောင်ရွက်နေသူနှင့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာသို့ သတင်းပေးတိုင်ကြားနိုင်
နေပြည်တော် စက်တင်ဘာ ၂၄
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်း ဖောက်ခွဲဖျက်ဆီးရေးနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင် ရွက်ခဲ့သည့် ဟိန်းကျော်လွင် အပါ တရားခံကျား ရှစ်ဦး၊ မ တစ်ဦး၊ ပေါင်း ကိုးဦးတို့ကို ပစ္စတို တစ်လက်၊ ကျည်မျိုးစုံ ၅၈ တောင့်၊ C4 ယမ်းမှုန့် ၅၀ သားနှင့် အခြားဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်အား ဩဂုတ် ၂၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
ဖမ်းဆီးရမိတရားခံ ဟိန်း ကျော်လွင်၏ ထွက်ဆိုချက်အရ ဩဂုတ် ၃၁ ရက်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၀) မိုင်တိုင် အနီး၌ စည်သူ(ခ)စည်သူဟိန်း ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆို ချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက် ပြည်ထောင်စု လမ်းပေါ်ရှိ YGN KTV တွင် အောင် ကျော်ကျော် ကို ထပ်မံဖမ်းဆီးရမိခဲ့ သည်။ အောင်ကျော်ကျော်၏ ထွက်ဆိုချက်အရ သာကေတမြို့ နယ် (၁၂)ရပ်ကွက်ရှိ “ဖိုးစည်” ဂက်စ်မီးဖိုနှင့် ဂက်စ်အိုးရောင်း/ဝယ်ရေးဆိုင်၌ ပစ္စတို တစ်လက်၊ ခြောက်လုံးပြူး သေနတ် တစ် လက်၊ ကျည်မျိုးစုံ ၁၂၉ တောင့်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်။
လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်း ဖမ်းဆီးရမိ
ဖမ်းဆီးရမိတရားခံ အောင် ကျော်ကျော်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၉ ရက်တွင် ၎င်းထံမှ ကျည်ဆန်များ ဝယ်ယူလိုသည့် ဆက်စပ်တရားခံများ ဖြစ်သော ချစ်ကိုကို (ခ)နဂါး၊ မျိုးဇင်အောင် (ခ)ကိုမျိုး နှင့် အောင်မြတ်မိုး(ခ)ကိုအောင် တို့ကို ဒဂုံမြို့သစ်(ဆိပ် ကမ်း)မြို့နယ် (၆၀)ရပ်ကွက် ဧရာဝဏ်လမ်းတွင် လက်လုပ် သေနတ် နှစ်လက်၊ ၉ မမ ကျည် ၂၃ တောင့်၊ လက်လုပ်မိုင်း တစ်လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
လက်လုပ်သေနတ်၊ လက်ပစ်ဗုံး၊ စိတ်ကြွမူးယစ်ဆေးနှင့် ဖမ်းမိ
ဖမ်းဆီးရမိတရားခံ ချစ်ကိုကို ၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၆၄) ရပ်ကွက် စက်မှုဇုန်(၂) အင်းယား လမ်း အမှတ်(၁၇၈)တွင် ကျော် မင်းဦး (ခ)သားကြီး ကို လက်လုပ် သေနတ်အရှည် သုံးလက်၊ လက်လုပ်သေနတ်အတို ရှစ်လက်၊ လက်လုပ်မိုင်း အလုံး ၂၀၊ လက်လုပ် မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၂၈) ရပ်ကွက်၊ အောင်သုခလမ်း၊ အမှတ်(၃၁၆/ဘီ)၌ ဇနီးဖြစ်သူ သဇင် ကို လက်လုပ်သေနတ် အရှည် တစ်လက်၊ လက်လုပ် သေနတ်အတို သုံးလက်၊ ကျည်မျိုး စုံ ၈၂ တောင့်၊ လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်မိုင်း နှစ်လုံး၊ Ice ၁၂၅ ဂရမ်၊ WY စာတန်းပါ စိတ်ကြွ မူးယစ်ဆေးဝါး ၇၅၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီး ရမိတရားခံများ၏ ထွက်ဆိုချက် အရ စက်တင်ဘာ ၁၁ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် ဥက္ကာ ရပ်ကွက် D-day လက်ဖက်ရည် ဆိုင်၌ အာကာဟိန်း(ခ)ကိုစော နှင့် နှင်းဇာခြည်သော် (ခ)မရှင်း တို့နှစ်ဦးကို ရီမုမိုင်း တစ်လုံးနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
လက်လုပ်မိုင်း ၁၃ လုံးနှင့် ပစ္စတိုတစ်လက် ဖမ်းဆီးရမိ
အာကာဟိန်း(ခ) ကိုစော ၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၁၂ ရက်တွင် မရမ်းကုန်းမြို့နယ် မုဒိတာ(၁) အမှတ်(ဘီ/၅၈၀)အား ဝင်ရောက်ရှာဖွေခဲ့ရာ ခန့်ဇော် လတ် ကို Luger ကျည် ရှစ်တောင့်၊ ကျည်အိမ် တစ်ခုနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း၊ ခန့်ဇော်လတ်၏ ထွက်ဆိုချက်အရ မရမ်းကုန်း မြို့နယ် မုဒိတာ(၁) အမှတ်(ဘီ/ ၇၂၂) ကို ရှာဖွေခဲ့ရာ Air Soft Gun လေးလက်၊ လက်လုပ် သေနတ်အတို တစ်လက်၊ ကျည် ခြောက်တောင့်၊ လက်လုပ်မိုင်း ၁၃ လုံး၊ ဒူးလေး တစ်လက်၊ ချိန်ကိုက် မိုင်းပြုလုပ်ရန် တပ်ဆင်ပြီး Keypad ဖုန်း လေးလုံး၊ လျှပ်စစ် စနက်တံ ၁၂ ခုနှင့် အခြားခုခံ ပစ္စည်းများ သိမ်းဆည်းရမိခဲ့ ကြောင်းနှင့် မရမ်းကုန်းမြို့နယ် ဘောဂသိဒ္ဓိလမ်း (၂)ရပ်ကွက် အား ထပ်မံသွားရောက်ရှာဖွေခဲ့ရာ ဝသုန်စံ ကို အီတလီနိုင်ငံထုတ် SIGSAUER ပစ္စတို တစ်လက်၊ ၉ မမကျည် ၁၀ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဝသုန်စံ၏ ထွက်ဆိုချက်အရ မရမ်းကုန်းမြို့နယ် ဇေယျသုခ လမ်း ၅ လွှာ/A အမှတ်(၂၂)၌ ဆက်စပ်တရားခံ အောင်မြတ်(ခ) နော်ရိန်၊ ကျော်ရဲဝင်း၊ ဟိန်းထက် တို့ကို ဖမ်းဆီးရမိခဲ့သည်။
လက်နက်/ခဲယမ်း သယ်ယူ ပို့ဆောင်ပေးသူ ဖမ်းမိ
တရားခံ ဟိန်းထက်၏ထွက်ဆို ချက်အရ စက်တင်ဘာ ၂၀ ရက် တွင် မရမ်းကုန်းမြို့နယ် တော်ဝင် လမ်း၌ လက်နက်/ခဲယမ်း သယ်ယူ ပို့ဆောင်ပေးသူ ဘိုဘိုသိန်း ကို ၉ မမ ကျည် ၁၄၉ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အထက်ပါ ဖြစ်စဉ်များတွင် တရားခံ ကျား ၁၄ ဦး၊ မ နှစ်ဦး၊ ပေါင်း ၁၆ ဦး ဖမ်းဆီးရမိခဲ့ပြီး ၉ မမ ပစ္စတိုတစ်လက်၊ ခြောက်လုံး ပြူး တစ်လက်၊ Air Soft Gun လေးလက်၊ လက်လုပ်သေနတ် အတို ၁၄ လက်၊ လက်လုပ်သေနတ် အရှည် လေးလက်၊ ဒူးလေး တစ် လက်၊ လျှပ်စစ်စနက်တံ ၁၂ ခု၊ ကျည်မျိုးစုံ ၂၇၈ တောင့်၊ လက်ပစ် ဗုံး တစ်လုံး၊ လက်လုပ်မိုင်း ၃၆ လုံး၊ ချိန်ကိုက်မိုင်းပြုလုပ်ရန် တပ်ဆင်ပြီး Keypad ဖုန်းလေးလုံး၊ Ice ၁၂၅ ဂရမ်၊ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး ၇၅၀၀ နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ ကို သိမ်းဆည်းရမိခဲ့သည်။
တောတွင်း၌ ဖောက်ခွဲရေး သင်တန်း တက်ရောက်ခဲ့
ဖမ်းဆီးရမိတရားခံများ အနက် မှ ဝသုန်စံ၊ ခန့်ဇော်လတ်၊ ကျော် ရဲဝင်း၊ ကိုပီး(ခ) ငြိမ်းချမ်း (ဖမ်းဆီး ရန်ကျန်)၊ ကိုတေး၊ စိုင်းချစ်ဖ တို့ ခြောက်ဦးသည် ဧပြီ ၂၃ ရက်မှ မေလ ၂၂ ရက်အထိ ပင်လုံမြို့ အနောက်မြောက်ဘက် တော အတွင်း၌ RCSS တပ်မဟာ(၇၀၇)အဖွဲ့ဝင်များမှ ဖွင့်လှစ်သော ဖောက်ခွဲရေးသင်တန်း တက် ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၆ ရက်တွင် အာကာဟိန်းနှင့် ဝေမိုးနိုင် (ဖမ်းဆီးရန်ကျန်) တို့ သည် မြောက်ဥက္ကလာပမြို့နယ် သုနန္ဒာ မီးပွိုင့်၌ လက်လုပ် ချိန်ကိုက်ဗုံး သုံးလုံး ဖောက်ခွဲခဲ့ ကြောင်း၊ စက်တင်ဘာ ၇ ရက်တွင် ခန့်ဇော်လတ်၊ ဝသုန်စံ၊ အောင် မြတ်၊ ဟိန်းထက်၊ ကိုပီး (ခ)ငြိမ်းချမ်း (ဖမ်းဆီးရန်ကျန်) တို့ သည် မြောက်ဥက္ကလာပမြို့နယ် ခုံးကျော်တံတားအောက်၌ လက် လုပ်မိုင်း တစ်လုံး ဖောက်ခွဲခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖောက်ခွဲရေးသင်ခန်းစာများ သင်ကြားပေး
ရန်ကုန်မြို့အတွင်း အကြမ်း ဖက်လုပ်ငန်းများ ဆောင်ရွက်ရန် Yangon Revolution Brother-hood (YRB) - ရန်ကုန်တော်လှန် ရေးညီအစ်ကိုများအဖွဲ့ကို ဇွန်လ ဒုတိယအပတ်တွင် ခန့်ဇော်လတ်၊ ကိုပီး(ခ) ငြိမ်းချမ်း (ဖမ်းဆီးရန် ကျန်)၊ ဝသုန်စံ၊ ကျော်ရဲဝင်း၊ အောင်မြတ်၊ ထက်သူရ (ဖမ်းဆီး ရန်ကျန်)၊ စောမင်းရှိန် (ဖမ်းဆီးရန် ကျန်) တို့နှင့် စတင်ဖွဲ့စည်းခဲ့ ကြောင်း၊ YRB အဖွဲ့မှ ဇူလိုင်လ ပထမအပတ်တွင် မရမ်းကုန်း မြို့နယ် မုဒိတာအိမ်ရာ တိုက်(ဘီ) အခန်း(၇၂၂)၌ မင်္ဂလာဒုံ(PDF)အဖွဲ့ဝင် ၁၀ ဦးခန့်အား ဖောက်ခွဲ ရေးသင်ခန်းစာများ သင်ကြားပေး ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်အဖွဲ့များအား
ထောက်ခံသူများထံမှငွေကြေးယူ
အထက်ပါ ဖမ်းဆီးရမိတရားခံ များကို ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး NLD ပါတီမှ ဖြိုးဇေယျာသော် (၂၀၁၅ ခုနှစ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဟောင်း)နှင့် NLD ပါတီမှ မြတ်မင်း သူ (၂၀၁၅ ခုနှစ်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် မဲဆန္ဒ နယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း) တို့မှ စေခိုင်းခြင်းဖြစ်ပြီး ၎င်းတို့ အနေဖြင့် အကြမ်းဖက်လုပ်ငန်း များ ဆောင်ရွက်နိုင်ရေး ပြည် တွင်း/ ပြည်ပရှိ အကြမ်းဖက် အဖွဲ့များအား ထောက်ခံအားပေး သူများထံမှ ငွေကြေးရယူပြီး ရရှိငွေများအား ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့် မူးယစ်ဆေးဝါး များဝယ်ယူရာတွင် သုံးစွဲခဲ့ ကြောင်း၊ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရန် မူးယစ်ဆေးဝါးများ သုံးစွဲကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
အမြန်ဆုံး ဖမ်းဆီးရမိရေး သတင်းပေးတိုင်ကြားနိုင်
အထက်ပါ ဖမ်းဆီးရမိတရားခံ များကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြ ရန်နှင့် ဆက်စပ်တရားခံများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်း များရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများကို ထိုက်တန် စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာ များ အမြန်ဆုံးအေးချမ်းတည်ငြိမ် ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံ အသိပေး ထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်