အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကျောက်ဆည် PDF အကြမ်းဖက် အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ


 

နေပြည်တော်  မတ်   ၁ 
နိုင်ငံတော်မှ    အကြမ်းဖက်အဖွဲ့ အစည်းအဖြစ်   သတ်မှတ်ထားသည့်  CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များ မြို့/ရွာများ တွင် လှုပ်ရှားသွားလာမှု မရှိစေရေး  ဖော်ထုတ် ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ  ၂၀၂၂  ခုနှစ်   ဖေဖော်ဝါရီ  ၁၃ ရက်တွင် အေးချမ်းစွာ နေထိုင်လိုသည့်   တာဝန်သိပြည်သူများ၏  သတင်းပေးချက်အရ လုံခြုံရေး ပူးပေါင်းအဖွဲ့ သည်   တောင်ကြီးမြို့နယ်   အေးသာယာမြို့ ရပ်ကွက်(၁၂)  အိမ်အမှတ်(၇၂)၌ ကျောက်ဆည် PDF   အကြမ်းဖက်အဖွဲ့၏  ဘဏ္ဍာရေးနှင့် ညှိနှိုင်းရေး  တာဝန်ခံ  တင်မောင်ထွေး(ခ)ရန်အောင်ထွေး (၄၂) နှစ်ကို  လက်ကိုင်ဖုန်း ရှစ်လုံး၊            
ငွေကျပ် သိန်း ၉၀၊ ပြောက်ကျား ဝတ်စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။
တရားခံ  တင်မောင်ထွေး၏  ထွက်ဆိုချက်အရ     ဖေဖော်ဝါရီ ၁၄  ရက်တွင်    အောင်မြေသာစံ မြို့နယ်      ဥပုသ်တော်ရပ်ကွက်၌   ဇင်မျိုးသူ (ခ)ညိုချော (၂၉)  နှစ်ကို    လည်းကောင်း၊      ဖေဖော်ဝါရီ ၁၅ ရက်တွင် ကျောက်ဆည်မြို့ ဟန်မြင့်မိုရ်ကျေးရွာ၌ အောင်သူ (၃၃) နှစ်ကို      လည်းကောင်း၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ချမ်းအေး သာဇံမြို့နယ် ၂၇ x ၂၈ လမ်းကြား၌ မေသန်း  (၅၄)နှစ်ကို    လည်း ကောင်း၊   ကျောက်ဆည်မြို့နယ် တောင်ဦးကျေးရွာ၌   ချမ်းငြိမ်း အောင် (၃၅) နှစ်ကို      လည်း ကောင်း ဖမ်းဆီးရမိခဲ့သည်။
တရားခံ  တင်မောင်ထွေး၏ ထွက်ဆိုချက်အရ    ဖေဖော်ဝါရီ  ၁၈ ရက်တွင်     လုံခြုံရေးပူးပေါင်း အဖွဲ့သည် ဖမ်းဆီးရန်ကျန် သူရ (နဂါးနီ)ဦးစီး ကျောက်ဆည် PDF အကြမ်းဖက်အဖွဲ့မှ      စခန်းချ နေထိုင်ခဲ့သော မြစ်သားမြို့နယ် ဒရယ်ကောင်းကျေးရွာ  ဝန်းကျင် တစ်ဝိုက်အား နယ်မြေရှင်းလင်း ခဲ့ရာ အကြမ်းဖက်သမားများမှာ ထွက်ပြေး   တိမ်းရှောင်သွားခဲ့ပြီး လူနေတဲများအတွင်းမှ လက်လုပ် မိုင်း အလုံး ၃၀ နှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်။
ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ    ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျောက်ဆည်မြို့နယ် ဟန်မြင့်မိုရ်ကျေးရွာ   အနီးတွင် လက်နက်/ခဲယမ်းများ သိမ်းဆည်း ထားကြောင်း သိရှိရသဖြင့် လုံခြုံ ရေး တပ်ဖွဲ့ဝင်များက သွားရောက် ရှာဖွေခဲ့ရာ  ဟန်မြင့်မိုရ်ကျေးရွာ အနီး လှည်းလမ်းဘေးရှိ ချုံပုတ် အတွင်း၌ ဆာလာအိတ်များဖြင့် ထည့်သွင်း သိုဝှက်ထားသည့် KA-25  လေးလက်၊ ကျည်အိမ် ၁၂ ခု၊ ၇ ဒသမ ၆၂   ကျည်    အတောင့် ၁၀၀၀၊    လက်ပစ်ဗုံး   ၃၄ လုံး၊ လွယ်ကြိုးနှစ်ချောင်း၊ ယမ်းတောင့် ၁၁၂၅   ချောင်း၊     ဒီတိုနေတာ အချောင်း  ၄၉၄၀  နှင့်      TNT ယမ်းပြင်းမှုန့်     တစ်အိတ်တို့ကို  သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ     ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျောက်ဆည်မြို့နယ် သံရွာကျေးရွာ၌ ချစ်ပိုင်(၅၆)နှစ် ကို      ဖမ်းဆီးရမိခဲ့ပြီး    ၎င်း၏ ထွက်ဆိုချက်အရ မြစ်သားမြို့နယ် ကျွဲဆွဲကျေးရွာအနီး ၎င်းပိုင်ဆိုင် သော ယာခင်းအတွင်းမှ လက်လုပ် ပစ္စတို   ငါးလက်၊    လက်လုပ် ရှော့ခ်တိုက်ဗုံး    လေးလုံးတို့ကို  သိမ်းဆည်းရမိခဲ့သည်။
တင်မောင်ထွေး၏ ထွက်ဆို ချက်အရ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပုသိမ်ကြီးမြို့နယ်      ကျောက်မီး ကျေးရွာ၌ သိန်းလှိုင်ဝင်း(၃၂)နှစ် ကို   လည်းကောင်း၊ သိန်းလှိုင်ဝင်း ၏ ထွက်ဆိုချက်အရ ပုသိမ်ကြီး မြို့နယ် ထုံးဘိုအုပ်စု၌ ကျော်ဆန်း (၃၉)နှစ်ကို    ယမ်းကြိုး သုံးခွေ၊ ယမ်းပျော့ချောင်း      ၅၇၀  နှင့် လည်းကောင်း   ဖမ်းဆီးရမိခဲ့ပြီး ကျော်ဆန်း၏  ထွက်ဆိုချက်အရ ပုသိမ်ကြီးမြို့နယ်      ကြူဝန်း ကျေးရွာ၌ ကျော်သူလင်း(၃၂)နှစ် နှင့် အုန်းချောကျေးရွာ၌ ခင်မျိုး စိန် (၄၅)နှစ်တို့ကို   ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်တွင်    တရားခံကျား ခုနစ်ဦး၊ မ သုံးဦး  ပေါင်း ၁၀ တို့ အား KA-25  လေးလက်၊လက်လုပ် ပစ္စတို  ငါးလက်၊ လက်လုပ် ရှော့ခ် တိုက်ဗုံး  လေးလုံး၊   ကျည်အိမ် ၁၂ ခု၊ ၇ ဒသမ ၆၂ ကျည် အတောင့် ၁၀၀၀၊   လက်ပစ်ဗုံး   ၃၄ လုံး၊ လက်လုပ်မိုင်း ၃၄ လုံး၊ လွယ်ကြိုး နှစ်ချောင်း၊   ယမ်းတောင့် ၁၆၉၅ ချောင်း၊   ဒီတိုနေတာ   အချောင်း ၄၉၄၀၊ ယမ်းကြိုး သုံးခွေ၊ TNT ယမ်းပြင်းမှုန့် တစ်အိတ်၊ ငွေကျပ် သိန်း ၉၀၊ ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။
ဖမ်းဆီးရမိ     တရားခံများ၏ ထွက်ဆိုချက်အရ LPDF အကြမ်း ဖက်အဖွဲ့ကို  ၂၀၂၁ ခုနှစ် ဇွန်လ တွင်  အောင်ကိုကို   ဦးစီးစတင် ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာလ၌ အောင်ကိုကို ဖမ်းဆီးခံရချိန်တွင် ဖမ်းဆီးရန်ကျန် ဖက်တီးက ဦးစီး ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် KDF အကြမ်းဖက် အဖွဲ့အမည်ဖြင့် ပြောင်းလဲဖွဲ့စည်း ခဲ့ပြီး တင်မောင်ထွေးသည် KDF အကြမ်းဖက်အဖွဲ့၏     ဘဏ္ဍာ ရေးနှင့်        ညှိနှိုင်းရေးတာဝန်ခံ အဖြစ် ဆောင်ရွက်လျက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
တရားခံ တင်မောင်ထွေး၏ ထွက်ဆိုချက်အရ KDF အကြမ်း ဖက်အဖွဲ့ဝင်များအား   KIA  နှင့် TNLA      သောင်းကျန်းသူအဖွဲ့ အစည်းများထံတွင်      အကြမ်း ဖက်      ဖောက်ခွဲရေးသင်တန်း များ  စေလွှတ်တက်ရောက်စေခဲ့ ကြောင်း၊  သင်တန်းဆင်းအဖွဲ့များ က   စဉ့်ကိုင်မြို့နယ်  တဘက်ဆွဲ ကျေးရွာအနီးနှင့်      သမန်းစာ ကျေးရွာအနီးတို့တွင်   ဆင့်ပွား သင်တန်းများ      ပြန်လည်ပို့ချခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ  တင်မောင်ထွေး၏ ထွက်ဆိုချက်အရ  ၂၀၂၁ ခုနှစ်၊ ဇွန်လမှစ၍       လူမှုကွန်ရက်မှ တစ်ဆင့်    ပြည်တွင်း/ပြည်ပရှိ အစွန်းရောက်  NLD ထောက်ခံ သူများထံမှ ငွေကြေးကောက်ခံခဲ့ ကြောင်း၊ ယင်းငွေများကို အကြမ်း ဖက်သင်တန်း   တက်ရောက်သူ များအား ပေးအပ်ခြင်း၊ လက်နက်/ခဲယမ်းနှင့်   ဖောက်ခွဲရေးပစ္စည်း များ  ဝယ်ယူခြင်းနှင့်  ကိုယ်ရေး ကိုယ်တာအတွက် သုံးစွဲခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ သိမ်းဆည်း ခံရသော        ငွေကြေးများမှာ ထွက်ပြေးတိမ်းရှောင်စဉ်ကိုယ်ရေး ကိုယ်တာ     သုံးစွဲရန်အတွက်  KDF အကြမ်းဖက်အဖွဲ့ဝင်များကို  ပေးအပ်ခြင်းမပြုဘဲ    ယူဆောင် လာခဲ့သော   ကောက်ခံရရှိငွေများ ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။  
ဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်အရ  သိမ်းဆည်းရမိ လက်နက်/ ခဲယမ်းများအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလခန့်တွင် ဖမ်းဆီး ရန်ကျန်     CRPH   အမည်ခံ အကြမ်းဖက်အဖွဲ့မှ  မြင်းခြံမြို့နယ် NLD    ပါတီဝင်      အမျိုးသား လွှတ်တော်      ကိုယ်စားလှယ် ဟောင်း      အောင်မျိုးလတ်၏ ချိတ်ဆက်ပေးမှုဖြင့်      တင်မောင် ထွေး၊   မြင့်ဆွေနှင့်   ဆံရှည်တို့ သုံးဦးသည်    ကျောက်မဲမြို့နယ် နမ့်ခုန်ကျေးရွာရှိ   မျိုးညွန့်ထံမှ သွားရောက်   ယူဆောင်ခဲ့ခြင်းဖြစ် ကြောင်းနှင့် ဇင်မျိုးသူက လက်နက်/ ခဲယမ်းများအား  ပို့ဆောင်ပေးခဲ့ပြီး ချစ်ပိုင် နှင့်    အောင်သူတို့သည် ကျောက်ဆည်မြို့    ဟန်မြင့်မိုရ် ကျေးရွာအနီးတွင် သိမ်းဆည်းပေး ခဲ့ကြောင်း  ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်အရ တင်မောင်ထွေး သည်   သိမ်းဆည်းရမိ  ဖောက်ခွဲ ရေးပစ္စည်းများအား    ပုသိမ်ကြီး မြို့နယ်နေ          ခင်မျိုးစိန်ထံမှ ကျော်သူလင်း ကို    ဝယ်ယူခိုင်းခဲ့ ကြောင်းနှင့်   ဖောက်ခွဲရေးပစ္စည်း များအား ကျော်ဆန်း၏  နေအိမ်၌ ခေတ္တသိမ်းဆည်းကာ    သိန်းလှိုင် ဝင်း  ကို      ကျောက်ဆည်မြို့ ဟန်မြင့်မိုရ်ကျေးရွာနေ   အောင်သူ ထံ       ပို့ဆောင်ခိုင်းခဲ့ခြင်းဖြစ် ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ   မေသန်းသည် ကျောက်ဆည်ခရိုင်အတွင်း   နိုင်ငံ တော်၏       အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့်      အပြစ်မဲ့ ပြည်သူများ     ထိတ်လန့်စေရန် အတွက်   နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ရန်  တင်မောင် ထွေးနှင့်     တိုင်ပင်ဆောင်ရွက် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်အရ KDF  အကြမ်း ဖက်အဖွဲ့၏     ဖောက်ခွဲဖျက်ဆီး ရေးနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင်ရွက်ခဲ့မှုအနေဖြင့်   
     -    ၂၀၂၁ ခုနှစ်    မေ   ၂၃    ရက် တွင်    အောင်ကိုကို  သည် စဉ့်ကိုင်မြို့နယ်       ပလိပ် မြို့ဝန်ထမ်း          ကွက်သစ် ရပ်ကွက်နေ        အပြစ်မဲ့ ပြည်သူတစ်ဦး၏     နေအိမ် ကို        လက်လုပ်ဗုံးဖြင့် လည်းကောင်း။
    -    အောက်တိုဘာ    ၅    ရက် တွင်   အောင်ကိုကိုသည် စဉ့်ကိုင်မြို့နယ်    ရွာဘို ကျေးရွာ  ရွာလယ်ဘုန်းကြီး ကျောင်းအား    လက်လုပ်ဗုံး ဖြင့်         လည်းကောင်း        ပစ်ခတ်ခဲ့ကြောင်း။
    -    အောက်တိုဘာ    ၂၈  ရက် တွင်    အောင်ကိုကို သည်   စဉ့်ကိုင် မြို့နယ်        ပလိပ်မြို့     ဝန်ထမ်း ကွက်သစ်ရပ်ကွက် နေ         အပြစ်မဲ့ပြည်သူ တစ်ဦးကို      လက်နက်ငယ် ဖြင့်      ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း     ဖော်ထုတ်သိရှိရ သည်။
အထက်ပါ KDF အကြမ်းဖက် အဖွဲ့အနေဖြင့်      နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား    ပျက်ပြားစေ ရန်နှင့်       အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှု     ဖြစ်စေရန်အတွက် အများပြည်သူနှင့်  သက်ဆိုင်သော နေရာများတွင်    လုပ်ကြံသတ်ဖြတ် မှု တစ်ကြိမ်နှင့်   အကြမ်းဖက် ဖောက်ခွဲမှု နှစ်ကြိမ် တို့ကို   ကျူးလွန် ခဲ့ကြောင်း  ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍      ဖမ်းဆီးရမိ တရားခံများအား      ဥပဒေအရ ထိရောက်စွာ     အရေးယူနိုင်ရေး ဆက်လက်  ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက် နေသူများအား   ပြည်သူတစ်ရပ် လုံးက      ဝိုင်းဝန်းကာကွယ်တိုက် ဖျက်ကြရန်နှင့်   ပြစ်မှုကျူးလွန် ရာတွင်    ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ     ထောက်ပံ့ပေး လျက်ရှိသော     ဆက်စပ်တရားခံ များအား     အမြန်ဆုံးဖမ်းဆီးရမိ ရေးအတွက်    ၎င်းတို့   ပုန်းခိုရာ နေရာများ၊      လှုပ်ရှားသွားလာ နေထိုင်မှု     သတင်းများရရှိပါက သက်ဆိုင်ရာသို့       လျှို့ဝှက်စွာ သတင်းပေး         တိုင်ကြားနိုင်ပါ ကြောင်း၊        သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန် စွာ    လျှို့ဝှက်၍    ဆုငွေများ ချီးမြှင့်ပေးမည်   ဖြစ်ကြောင်းနှင့် မြို့ရွာများ   အမြန်ဆုံး    အေးချမ်း တည်ငြိမ်ရေးအတွက်    ပြည်သူ တစ်ရပ်လုံး        ပူးပေါင်းပါဝင် ကြိုးပမ်း     ဆောင်ရွက်နိုင်ပါရန် သက်ဆိုင်ရာက        အသိပေး        သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်