
နေပြည်တော် ဇူလိုင် ၃၀
အစိုးရ၏ ပညာရေးစနစ်ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG မှ အဖွဲ့ဝင် တရားခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန်တို့သည် Kaung For You တရားမဝင်ပညာသင်ကြားမှု အစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။
၎င်းအစီအစဉ်တွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူထားသူ ကောင်းသိုက်စိုး (CDM ၊ လက်ထောက် မြို့နယ်ပညာရေးမှူး) အပါအဝင် ဝင်းဗိုလ်(ခ) ဘိုဘို(CDM ၊ မူလတန်းပြ) နှင့် သန့်စင် ထိုက် (CDM ၊ မူလတန်းပြ) တို့ သုံးဦးအား တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၃ ရက် နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့နယ် လှည်းရိုးရပ်ကွက်ရှိ ပြည့်တန်ဆာအခန်း၌ အမျိုး သမီးများနှင့်အတူ သောက်စားပျော်ပါးနေချိန် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
Kaung For You တရားမဝင်ပညာသင်ကြားမှု အစီအစဉ်ကို ဦးစီးဦးဆောင်ခဲ့သူများ၊ လူငယ်များကို လမ်းမှားရောက်စေရန် တွန်းပို့ခဲ့သူများမှအပ ၎င်းတို့၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုများ ကြောင့် ပါဝင်ခဲ့ရသည့် ကျောင်းသား ကျောင်းသူများ နှင့် မိဘများအား တစ်စုံတစ်ရာအရေးယူမှု ပြုလုပ် သွားမည်မဟုတ်ကြောင်းကိုလည်း သတင်းများ၊ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားခြင်းများဖြင့် အသိပေးပြောကြားပြီး ဖြစ်သည်။
လက်ရှိအချိန်တွင် ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များမှ စစ်ဆေးပေါ်ပေါက်ချက်များ အပေါ်အခြေခံ၍ Kaung For You Federal Private School တရားမဝင်စာသင်ကြားမှု အစီအစဉ်တွင် ပါဝင်သည့် ဆရာ ဆရာမများ၊ ငွေကြေးထောက်ပံ့ မှုများ၊ ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် အဖွဲ့ အစည်းများ၏ စာရင်းကို အသေးစိတ်ရရှိပြီး ဖြစ်သည်။
Kaung For You တရားမဝင် ပညာသင်ကြားမှု အစီအစဉ်တွင် ပါဝင်ခဲ့သည့် ဆရာ ဆရာမများ အနက် အချို့သော ဆရာ ဆရာမများသည် မိမိတို့ လုပ်ဆောင်ခဲ့သည့် မှားယွင်းသည့် လုပ်ရပ်များအပေါ် အသိတရားရရှိခဲ့ပြီး အေးချမ်းစွာ နေထိုင်လိုသည့် အတွက် ကိုယ်တိုင်အသိတရားဖြင့် ပြန်လည် ဆက်သွယ်လာမှုများရှိသည်။ ထိုကဲ့သို့ သတင်းပို့ ဆက်သွယ်လာသူများကို သတ်မှတ်စည်းကမ်းချက် များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာ နေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်သည်။
သို့ဖြစ်၍ Kaung For You တရားမဝင်ပညာ သင်ကြားမှုအစီအစဉ်တွင် ပါဝင်ခဲ့ရသည့် ဆရာ ဆရာမများအနေဖြင့် ဥပဒေဘောင်အတွင်း၌ အေးချမ်းစွာ နေထိုင်ဖြတ်သန်းနိုင်ရေးနှင့် နိုင်ငံ တော်၏ လူသားအရင်းအမြစ်များ မလိုလားအပ်ဘဲ ဆုံးရှုံးမှုမရှိစေရေးတို့အတွက် နိုင်ငံတော်မှ သဘော ထားကြီးစွာဖြင့် ပြန်လည်လက်ခံပေးသွားမည် ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဩဂုတ် ၇ ရက် နောက်ဆုံး ထား၍ သက်ဆိုင်ရာ မြို့နယ်များရှိ စီမံအုပ်ချုပ်ရေး ကောင်စီရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင် ကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းများနှင့်အညီ နေ့စဉ်ပြည်သူ့ ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက် ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ် ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ