အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG နှင့် ဆက်သွယ်၍ Online စနစ်ဖြင့် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်အား ဦးဆောင်သူ တရားခံပြေး ကောင်းသိုက်စိုး အပါအဝင် ၃ ဦးအား ဖမ်းဆီးရမိ

 

နေပြည်တော်   ဇူလိုင်   ၁၆  


၂၀၂၂-၂၀၂၃   ပညာသင်နှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ   အစိုးရ စာသင်ကျောင်းများ၌  ကျောင်း တက်ရောက်ခြင်း  မပြုလုပ်စေရန် နှင့်   အစိုးရ၏  ပညာရေးစနစ် ပျက်ပြားစေရန်     ရည်ရွယ်၍ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာ ထားသော NUG မှ  အဖွဲ့ဝင်တရား ခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန် တို့သည် Kaung For You တရား မဝင်  ပညာသင်ကြားမှုအစီအစဉ် အား Online စနစ်ဖြင့် သင်ကြား နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ 

 


၎င်းအစီအစဉ်တွင်   ကျောင်း အုပ်ကြီးအဖြစ် တာဝန်ယူထားသူ မှာ ၂၀၂၁  ခုနှစ် ဖေဖော်ဝါရီလ အတွင်း    မြစ်သားမြို့နယ်တွင် ဆူပူဆန္ဒပြမှုများ၌ ဦးဆောင်ပါဝင် ခဲ့သဖြင့် မြစ်သားမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅- က ဖြင့်  အမှုဖွင့်လှစ်ထားသည့် တရားခံပြေး   ကောင်းသိုက်စိုး (CDM ၊   လက်ထောက်မြို့နယ် ပညာရေးမှူး)၊   ၃၂ နှစ်၊  (ဘ) ဦးရန်အောင်၊   မြစ်သားမြို့နယ်  ကူမဲမြို့နေသူဖြစ်ကြောင်း   သိရှိ ရသဖြင့် ဖမ်းဆီးရမိရေး  ဆောင် ရွက်ခဲ့ရာ တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၃ ရက်    နေ့လယ်တွင် ကောင်းသိုက်စိုး      အပါအဝင် ဝင်းဗိုလ်(ခ)ဘိုဘို(CDM ၊ မူလ တန်းပြ)၊ ၂၈ နှစ်၊  (ဘ) ဦးထွန်းရွှေ၊ ကျောက်ဆည်မြို့နယ်  ကျားကာ ရွာနေသူနှင့် သန့်စင်ထိုက်(CDM၊  မူလတန်းပြ)၊   ၂၈ နှစ်၊   (ဘ) ဦးမောင်အေး၊   မြစ်သားမြို့နယ် မြင်းရွာကြီးကျေးရွာနေသူတို့ သုံး ဦး အား   ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းမြို့နယ်     လှည်းရိုး ရပ်ကွက်ရှိ  ပြည့်တန်ဆာအခန်း တွင်    အမျိုးသမီးများနှင့်အတူ သောက်စား     ပျော်ပါးနေချိန်၌ ဖမ်းဆီးရမိခဲ့သည်။

 


Kaung For You တရားမဝင် ပညာသင်ကြားမှု   အစီအစဉ်၌ အကြမ်းဖက်အုပ်စုဖြစ်သည့်  NUG က     ကျောင်းအုပ်ကြီးအဖြစ် သတ်မှတ်ထားသူ ကောင်းသိုက်စိုး ၏ ထွက်ဆိုချက်များအရ NUG ၏စေခိုင်းမှုဖြင့် Kaung For You Federal Private School Team အား ၂၀၂၂ ခုနှစ်    ဧပြီ(ပထမပတ်)တွင် Online မှတစ်ဆင့်  အဖွဲ့ဝင် ၁၂ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ်  ဇူလိုင် ၁၃ ရက်တွင် စတင် သင်ကြားပို့ချနိုင်ရေး  စီစဉ်ဆောင် ရွက်ထားကြောင်း၊ ထိုသို့သင်ကြားပို့ချနိုင်ရန်အတွက် CDM ပြုလုပ် ထားသူ      ဆရာ   ဆရာမ ၄၀၀  ခန့်အား   ခန့်အပ်နိုင်ရန်   စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊     ကျောင်း တက်ရောက်မည့်    ကျောင်းသား ကျောင်းသူများကိုလည်း ဇွန်လ ၁ ရက်မှစတင်၍ Online မှတစ်ဆင့် တရားမဝင်  ကျောင်းအပ်လက်ခံ ခဲ့ပြီး Online အခြေပြု  စာသင် ကြားမှု အတွက် Zoom Applicati-on၊  Facebook ၊  Telegram ၊ Signal ၊  Gmail ၊  Messenger တို့တွင် Group များဖွဲ့၍ ဆက်သွယ် အသုံးပြုထားကြောင်း    စစ်ဆေး တွေ့ရှိရသည်။

 


ထိုသို့   Online  မှတစ်ဆင့် စာသင်ကြားမည့်  CDM  ကျောင်း ဆရာ  ဆရာမများအတွက်  လစာ ငွေအား       ကျောင်းအပ်နှံသူ ကျောင်းသား ကျောင်းသူများ၏ မိဘများထံမှ တစ်လလျှင် တစ်ဦး အနည်းဆုံး  ကျပ်  ၁၀၀၀၀ နှုန်း ကောက်ခံခဲ့ပြီး     ကောက်ခံရရှိ သည့်ငွေများအား     တရားခံ ကောင်းသိုက်စိုးအပါအဝင်  အဖွဲ့ ဝင် သုံးဦးသည်   တောင်ကြီးမြို့ နှင့်   ကလောမြို့များတွင်  လောင်း ကစားပြုလုပ်ခြင်း၊  ပြည့်တန်ဆာ အမျိုးသမီးများနှင့်  ပျော်ပါးခြင်း၊ သောက်စားခြင်းများပြုလုပ်သည့် အပြင်  ငွေကြေးလိုအပ်လာသော အခါ Kaung for You တွင်  စာသင် ကြားနေသော   CDM    ပြုလုပ် ထားသည့်   ဆရာ  ဆရာမများ၊ ကျောင်းသား ကျောင်းသူ မိဘများ ထံမှ Online မှတစ်ဆင့်  အမည် အမျိုးမျိုး၊    အကောင့်အမျိုးမျိုး အသုံးပြု၍  ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများပြုလုပ်ခဲ့ပြီး   ရရှိ လာသောငွေများအား     ၎င်းတို့ ၏     အပျော်အပါးကိစ္စများနှင့် ကိုယ်ရေးကိုယ်တာ  ကိစ္စရပ်များ တွင်  သုံးစွဲခြင်းများဆောင်ရွက် ခဲ့ကြောင်း      ဖော်ထုတ်သိရှိရ သည်။

 


ဖမ်းဆီးရမိ  တရားခံများ၏ ထွက်ဆိုချက်များမှ    စစ်ဆေး ပေါ်ပေါက်ချက်များအပေါ် အခြေခံ ၍  Kaung  For  You  Federal Private  School   တရားမဝင် စာသင်ကြားမှု  အစီအစဉ်တွင်ပါဝင် သည့် ဆရာ ဆရာမများ၊ ငွေကြေး ထောက်ပံ့မှုများ၊   ပူးပေါင်းပါဝင် ဆောင်ရွက်နေသည့်  အဖွဲ့အစည်း များကိုလည်း     ဆက်လက်ဖော် ထုတ်၍ ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ် ပါသည်။

 


သို့ဖြစ်၍    မိဘပြည်သူများ အနေဖြင့် မိမိတို့၏ သား သမီး များအား  တရားမဝင်ဖွင့်လှစ်ထား သော   စာသင်ကျောင်းများတွင် ကျောင်းအပ်နှံခြင်းမပြုရန်၊ နိုင်ငံ တော်အစိုးရက    ဖွင့်လှစ်ထား သော စာသင်ကျောင်းများတွင်သာ ကျောင်းအပ်နှံ   တက်ရောက်စေ ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်နှင့်     တရားမဝင်စာသင် ကြားမှုပြုလုပ်နေသည့်   Kaung For You Federal Private School အပါအဝင်    အခြားတရားမဝင် စာသင်ကျောင်းများနှင့် ပတ်သက် သည့်သတင်းရရှိပါက သက်ဆိုင်ရာ သို့လျှို့ဝှက်စွာ ဆက်သွယ်သတင်း      ပေးပို့စေလိုကြောင်း သတင်းထုတ် ပြန်အပ်ပါသည်။        


သတင်းစဉ်