
နေပြည်တော် ဇန်နဝါရီ ၃၁
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရား များ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒ ဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့ ၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများ ပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေ ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ် ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက် ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှု နှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း ခံရနိုင်ကြောင်း ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများ မှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ် သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် နေ ဇော်ရှင်းမောင်သည် ၎င်းအသုံးပြုသည့် “Zaw Shinn Maung” Facebook အကောင့်၊ တနင်္သာရီ တိုင်းဒေသကြီး လောင်းလုံမြို့နယ် ကျော်နီမော် ကျေးရွာနေ ထက်မြက်သူ(၂၅)နှစ်သည် ၎င်းအသုံး ပြုသည့် “Htet Myat Thu” (နိုရာ) Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဖော်တော်သီကျေးရွာ ရတနာပုံကျောင်းတိုက်နေ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောသလ္လ (ခ) ကောင်းဝေယံသန့်(ခ) လမင်းသည် ၎င်းအသုံးပြုသည့် “အရှင်ကောသလ္လ” Facebook အကောင့်၊ မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်နေ လှိုင်မင်းဦးသည် ၎င်းအသုံးပြုသည့် “Hlaing Min Oo” Facebook အကောင့်၊ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ်ရပ်ကွက်နေ စိုင်းလူ (၄၅)နှစ် သည် ၎င်းအသုံးပြုသည့် “Sai Lu” Facebook အကောင့်၊ မြင်းခြံမြို့နယ်နေ အောင်မျိုးဇော် (၃၃)နှစ်သည် ၎င်းအသုံးပြုသည့် “Aung Myo Zaw” Facebook အကောင့်၊ အမရပူရမြို့နယ် မှန်တန်း ရပ်ကွက်နေ မေမိုးခင်သည် ၎င်းအသုံးပြုသည့် “May Moe Khin” Facebook အကောင့်၊ ရန်ကုန်တိုင်း ဒေသကြီး ဒေါပုံမြို့နယ်နေ အေးအေးသန်းသည် ၎င်းအသုံးပြုသည့် “Equality Queen” Facebook အကောင့်၊ မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက် အမှတ်(၈၅၀)နေ အောင်ဇေဖြိုး (၃၃)နှစ်သည် ၎င်း အသုံးပြုသည့် “Aung Zay Phyo” Facebook အကောင့်၊ ကမာရွတ်မြို့နယ်နေ သိန်းနိုင်စိုးသည် ၎င်းအသုံးပြုသည့် “Thein Naing Soe” Facebook အကောင့်၊ အင်းစိန်မြို့နယ် ပေါက်တောရပ်ကွက်နေ နန္ဒဖြိုးဝင်း(၃၅)နှစ်သည် ၎င်းအသုံးပြုသည့် “Nanda Phyo Win” Facebook အကောင့်၊ အင်းစိန်မြို့နယ်နေ မျိုးသီတာ(ခ) မျိုးမျိုးသည် ၎င်းအသုံးပြုသည့် “Myo Myo” Facebook အကောင့်၊ တောင်ဥက္ကလာပ မြို့နယ်နေ နေမျိုးသူသည် ၎င်းအသုံးပြုသည့် “Nay Myo Thu” Facebook အကောင့်၊ တောင်ဥက္ကလာပ မြို့နယ်နေ ငုဝါအောင်(ခ)ခင်စံပယ်မင်းသည် ၎င်း အသုံးပြုသည့် “Ngu Wah Aung” Facebook အကောင့်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၃) ရပ်ကွက် အမှတ်(၁၀၅၁)နေ ဒေါက်တာကောင်းထက် နိုင်(၃၃)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ သူနာပြုဆရာမ အိဖြူလွင်(၃၀)နှစ်တို့သည် ၎င်းတို့အသုံးပြုသည့် “Kaung Htet Naing”၊ “Ei Phyu” Facebook အကောင့်၊ လှိုင်မြို့နယ် အမှတ်(၆)ရပ်ကွက် တိုက် အမှတ်(၁၉၀) (၃)လွှာ အခန်း(၂၀၁)နေ ယဉ်မင်းအေး (၅၀)နှစ်သည် ၎င်းအသုံးပြုသည့် “Yin Min Aye” Facebook အကောင့်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ ရန်အောင်(၄၂)နှစ်သည် ၎င်းအသုံးပြုသည့် “Yan Aung” Facebook အကောင့်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ်နေ အေးအေးမွန်သည် ၎င်းအသုံးပြုသည့် “ခင်မွန်မွန်အေး” Facebook အကောင့်၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် နေ နုနှင်းရီသည် ၎င်းအသုံးပြုသည့် “ကစ်ကစ်မေမေ” Facebook အကောင့်၊ မအူပင်မြို့နယ် မလတ်တို ကျေးရွာနေ ထူးငယ်(ခ) ငယ်လေး(၃၀)နှစ်သည် ၎င်းအသုံးပြုသည့် “H Nge Nge” Facebook အကောင့်၊ ဇလွန်မြို့နယ်နေ မကျော့ကေခိုင်သည် ၎င်းအသုံးပြုသည့် “ကျော့ကေခိုင်” Facebook အကောင့်နှင့် မြောင်းမြမြို့နယ်နေ စမိုးအောင်ဌေး သည် ၎င်းအသုံးပြုသည့် “Sa Moe Aung” Facebook အကောင့်တို့ဖြင့် အသိပေးသတင်းထုတ်ပြန်ချက် အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက် အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော် ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်