အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏  လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများကို လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

 

နေပြည်တော်   မေ   ၉
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊  ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။ 
ပြည်သူများအနေဖြင့်  ယင်းတို့၏  လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ်      မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံ ဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ် ခဲ့လျှင်  အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မ ၅၂(က)၊    ရာဇသတ်ကြီးပုဒ်မ  ၁၂၄-က နှင့်   ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူ ခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို     အကြမ်းဖက်မှု    တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရ ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင် ကြောင်း             ၂၀၂၂  ခုနှစ်   ဇန်နဝါရီ   ၂၅  ရက်တွင်  နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့်  အသိပေးသတင်းထုတ်ပြန် ခဲ့ပြီး ဖြစ်သည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ် သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ဗိုလ်အောင်ဇေယျရပ်ကွက်နေ    မြို့မ  ကဖေးဆိုင် ပိုင်ရှင် မီမီမိုးဆန်း(ခ)ဂျမ်းဂျမ်းသည် ၎င်း အသုံးပြု သည့် “Mi Mi Moe Sann” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး    ကဝမြို့နယ်    အမှတ်(၃)ရပ်ကွက်နေ  မိုးမိုးစန်း၊   သက်သက်ခိုင်၊  စိုးသန်း၊ နေလင်း၊   ဝင်းမြင့်နှင့်   ကိုတီးတို့သည်    ၎င်းတို့ အသုံးပြုသည့်   “Moe Moe San”   Facebook အကောင့်၊ “   Thet Thet Khaing”   Facebook အကောင့်၊  “Soe Than” Facebook  အကောင့်၊  “Nay Lin”  Facebook အကောင့်၊  “Win Myint” Facebook  အကောင့်၊ “Ko Tee” Facebook အကောင့်၊  မန္တလေးတိုင်းဒေသကြီး  ပုသိမ်ကြီး မြို့နယ်   ဒဟတ္တောကျေးရွာနေ    စိုးမျိုးဦးသည် ၎င်းအသုံးပြုသည့် “Soe  Myo Oo” Facebook  အကောင့်၊  ပြည်ကြီးတံခွန်မြို့နယ် (ဋ)ရပ်ကွက်နေ    ဥမ္မာရီသည်    ၎င်းအသုံးသည့်    “Ohmar Yee” Facebook အကောင့်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ်(၅)ရပ်ကွက်နေ     မြတ်မင်းလတ်(ခ)မင်းမင်း သည်   ၎င်းအသုံးပြုသည် “Min Min” Facebookအကောင့် နှင့် ဧရာ၀တီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ဆပ်ပြာကျင်းကျေးရွာနေ ရတနာသန်းထွန်း သည် ၎င်းအသုံးပြုသည့်    “Yadanar  Than  Htun” Facebook အကောင့်တို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို      ပျက်ပြားစေရန် ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊  ဝါဒဖြန့်ခြင်းများ    ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့် အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်း များ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့   CRPH၊  NUG  နှင့်   ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊      ယင်းတို့နှင့် ဆက်နွှယ်နေသော   အဖွဲ့အစည်းများ၊  လူပုဂ္ဂိုလ် များသည်   နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်   အစိုးရယန္တရားများ  ပျက်ပြား စေရန် ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်း များ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့ သူများကို  ဥပဒေနှင့်အညီ  ထိရောက်စွာ  အရေးယူ သွားမည်ဖြစ်ကြောင်းနှင့်  ထိုသို့လှုံ့ဆော်သူ၊ဝါဒဖြန့် သူများကို ဆက်လက်ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။                   
  သတင်းစဉ်