အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊  ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ


 

နေပြည်တော်   ဧပြီ  ၁၉
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့ ၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊  လူပုဂ္ဂိုလ်များသည်  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်  ပြည်သူလူထုကို  အကြောက်တရားများ ဖြစ်ပေါ်စေပြီး  အစိုးရယန္တရားများ  ပျက်ပြားစေရန်   ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များ မှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့်  ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ   လိုက်ပါလုပ်ဆောင်ခြင်း၊  အသံဖြင့်ဖြစ်စေ၊   ပြုလုပ်မှုဖြင့်ဖြစ်စေ၊  တစ်နည်းနည်းဖြင့်ဖြစ်စေ  အများ ပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့် မျှဝေခြင်း၊  အားပေးကူညီခြင်းများ  ပြုလုပ်ခဲ့လျှင်  အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ် ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူ ခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို   အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ   သိမ်းဆည်းခံရနိုင်ပြီး   ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက  နိုင်ငံတော်ဘဏ္ဍာအဖြစ်    သိမ်းဆည်းခံရနိုင်ကြောင်း  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင်  နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်   အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့  အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မန္တလေး တိုင်းဒေသကြီး   ပြည်ကြီးတံခွန်မြို့နယ်  သင်ပန်းကုန်းရပ်ကွက်နေ  ဝေဘုန်းဟန်သည်   ၎င်းအသုံးပြုသည့် “ဝေဘုန်းဟန်” Facebook အကောင့်၊   ပဲခူးတိုင်းဒေသကြီး   ပြည်မြို့နယ်   နဝင်းရပ်ကွက်နေ မင်းခန့်စိုးသည့်  ၎င်းအသုံးပြုသည့် “မင်းခန့်စိုး” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် နန်းတော်ရာရပ်ကွက်နေ  နှင်းနှင်းစိုး (ခ)နှင်းနှင်းသည် ၎င်းအသုံးပြုသည့် “နှင်းနှင်း” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး  သပိတ်ကျင်းမြို့နယ် ကျောက်ဖြူကျေးရွာနေ ထက်ထက်အောင်သည် ၎င်းအသုံးပြုသည့် “ထက်ထက်အောင်” Facebook အကောင့်၊  ကျောက်ဆည်မြို့နယ်  ဆူးကုန်းရပ်ကွက်နေ နိုင်ခန့်အောင်(ခ)ဝက်မဲသည်   ၎င်းအသုံးပြုသည့်   “နိုင်ခန့်အောင်” Facebook အကောင့်နှင့်  ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် စမ်းချောင်းကျေးရွာနေ   အေးအေးချိုသည်  ၎င်းအသုံးပြုသည့် “အေးအေးချို” Facebook အကောင့်တို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ်  မျက်ကွယ်ပြု၍  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း  အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို   ပျက်ပြားစေရန်နှင့်   အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များပြုလုပ်ခဲ့မှုအပေါ်  အားပေးကူညီခြင်း   ပြုလုပ်ခဲ့သူများကို  ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့်  ထိုသို့   လှုံ့ဆော် သူ၊  ဝါဒဖြန့်သူများကို   ဆက်လက်ဖော်ထုတ်   အရေးယူသွားမည်ဖြစ် ကြောင်း    သိရသည်။                                                သတင်းစဉ်