အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဧပြီ   ၈


အကြမ်းဖက်အုပ်စုအဖြစ်    ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏   လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်  တည်ငြိမ်အေးချမ်းရေးကို  ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ် စေပြီး    အစိုးရယန္တရားများ   ပျက်ပြားစေရန် ရည်ရွယ်လျက်   လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို     လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

 


ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ်   မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ   လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်း နည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက် ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော် ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီ ခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေပုဒ်မ ၅၂(က)၊    ရာဇသတ်ကြီးပုဒ်မ  ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့်   တည်ဆဲ ဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့်       ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု  တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ်     သိမ်းဆည်းခံရနိုင်ကြောင်း    ဇန်နဝါရီ ၂၅   ရက်တွင်    နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 


ထိုကဲ့သို့      အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ် အမှတ်(၆)ရပ်ကွက်နေ ပြည့်ဖြိုးဇော်သည် ၎င်းအသုံးပြုသည့် “Pyai Phyo Zaw” Face book အကောင့်၊ ချင်းပြည်နယ် မင်းတပ်မြို့နယ် ဘဝသစ် ရပ်ကွက်နေ ကီးဟာရှိန်းသည် ၎င်းအသုံးပြုသည့် “ကီးဟာရှိန်း”     Facebook     အကောင့်နှင့် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်နေ        ခင်နန်းမြတ်သူ   (ခ)နန်းနန်းအိသည် ၎င်းအသုံးပြုသည့် “Khin Nyann Myat Thu”    Facebook    အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ် ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေ နှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူ ခြင်းများ ဆောင်ရွက်ခဲ့ရသည်။

 


ထိုကဲ့သို့   CRPH ၊   NUG နှင့်   ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊   ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည်   နိုင်ငံတော်   တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့ သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေး ယူသွားမည်ဖြစ်ကြောင်းနှင့်     ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေး ယူသွားမည်ဖြစ်ကြောင်း   မိဘပြည်သူများ   သိရှိ နိုင်ရေး      အသိပေးသတင်းထုတ်ပြန်ထားကြောင်း သိရသည်။                                      

သတင်းစဉ်