အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊  ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ


 

နေပြည်တော်   မေ   ၂
အကြမ်းဖက်အုပ်စုအဖြစ်  ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေ သော  အဖွဲ့အစည်းများ၊  လူပုဂ္ဂိုလ်များသည်  နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက် တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ် လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊  ခြိမ်းခြောက်ခြင်းများကို  လူမှု ကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊   ပြုလုပ်မှုဖြင့်ဖြစ်စေ၊  တစ်နည်းနည်းဖြင့်  ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်   အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ  ၃၃(က)နှင့်   တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး  ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်   သိမ်းဆည်းခံရနိုင်ကြောင်း  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်  အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထိုကဲ့သို့   အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ပဲခူး တိုင်းဒေသကြီး နတ်တလင်းမြို့နယ် လှပခြင်းကျေးရွာနေ စန်းနိုင်(ခ)ရာဇာကြီးသည်  ၎င်းအသုံးပြုသည့်  “Yarzar Gyi”  Face  book အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်းမာရေးဝန်ထမ်း အိမ်ရာရပ်ကွက်နေ သူရအောင်သည် ၎င်းအသုံးပြုသည့် “Thuya Aung” Facebook အကောင့်၊ လှိုင်မြို့နယ်၊ အမှတ်(၈) ရပ်ကွက်နေ ဝင့်မာလာမြင့်သည်   ၎င်းအသုံးပြုသည့်  “Wint  Marlar  Myint” Facebook အကောင့်၊ စမ်းချောင်းမြို့နယ်  ဝေ(မြောက်)ရပ်ကွက်နေ ကျော်ဇင်သွင်(ခ)ရှဲဒိုး(ခ)ကျော်ကြီးသည်  ၎င်းအသုံးပြုသည့် “Kyaw Zin Thwin” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး  မြိုင်မြို့နယ်  စူလီပန်း ကျေးရွာနေ စိုးမင်းထွေး၊ ပန်းတိုင်တော(အနောက်)ကျေးရွာ နေ ရွှေစင်မိုး၊ အောင်သုခကျေးရွာနေ  မော်လီရွှန်းတို့သည့်  ၎င်းတို့ အသုံးပြုသည့် “Soe Min Htwe” Facebook အကောင့်၊ “Shwe Sin Moe” Facebook အကောင့်၊ “Maw Lee Shwann”  Facebook အကောင့်နှင့်   ရှမ်းပြည်နယ် (တောင်ပိုင်း)   တောင်ကြီးမြို့နယ် အေးသာယာမြို့  အမှတ်(၄)ရပ်ကွက်နေ သူဇာအောင်(ခ) မီးမီး (၃၆)နှစ်သည် ၎င်းအသုံးပြုသည့် “Mee Mee” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့် အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရ သည်။
ထိုကဲ့သို့ CRPH ၊ NUG နှင့် ယင်းတို့၏  လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည်   နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို  ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ  ပျက်ပြားစေရန်  ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ  ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများ အား ဥပဒေနှင့်အညီ ထိရောက်စွာ  အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေးအသိပေးသတင်း ထုတ်ပြန်အပ်သည်။
သတင်းစဉ်