အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၀


အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့်  နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့်     ယင်း တို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများ အပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ      လိုက်ပါ လုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊     တစ်နည်း နည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်    ဖြစ်စေမည့် ပြုလုပ်မှုများ         ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့် မျှဝေခြင်း၊ အားပေးကူညီခြင်းများ  ပြုလုပ်ခဲ့လျှင်      အကြမ်းဖက်မှု တိုက်ဖျက်ရေး        ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က  နှင့်  ပုဒ်မ ၅၀၅-က၊ အီလက် ထရောနစ်ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေ များအရ      အရေးယူခံရမည့် အပြင်   ပြစ်မှုနှင့်သက်ဆိုင်သည့်      ရွှေ့ပြောင်းနိုင်သော      ပစ္စည်း၊  မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း  ခံရပါက  နိုင်ငံတော်ဘဏ္ဍာအဖြစ်      သိမ်း ဆည်း ခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ  ၂၅  ရက်တွင်  နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့်  အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ထိုကဲ့သို့     အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီး    ဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ် မြို့နေ ဆုမွန်အောင် (ခ) ဆုမွန် ကျော်   သည်    ၎င်းအသုံးပြုသည့် “Su Mon Aung”    Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ     မြို့နယ်၌ အကောင့်ပိုင်ရှင်  (စိစစ်ဆဲ) များ အသုံးပြုသည့် “Thinzar (wan-jai)”၊ “Kyaw Zeya”၊ “Khaung  Thi Thi Myint” ၊ “Wun Na Tun”၊ “Melody    Grace    Khong” ၊ “Thwet Yee Wynn” နှင့် “Zaw Myo Oo” Facebook အကောင့် များ၊   ဒဂုံမြို့သစ်   (မြောက်ပိုင်း)မြို့နယ်နေ  သီသီမြင့်သည်  ၎င်း အသုံးပြုသည့် “Thi Thi Myint” Facebook အကောင့်နှင့် အင်းစိန် မြို့နယ် ရွာမအနောက်ရပ်ကွက် ဖန်ချက်စက်လမ်း မုဒိတာအိမ်ရာ တိုက် (၂) အခန်း (B) နေ သက်ပိုင်ဦး (၃၅) နှစ် (ဘ) ဦးသန်းဝင်းသည် ၎င်းအသုံးပြုသည့် “Thet Paing Oo” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက် အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်         အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ   ဖမ်းဆီး  ထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူ ခြင်းများ ဆောင်ရွက်ခဲ့ရသည်။

 


ထိုကဲ့သို့ CRPH ၊ NUG နှင့် ယင်းတို့၏   လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ် နေသော    အဖွဲ့အစည်းများ၊    လူ ပုဂ္ဂိုလ်များသည်     နိုင်ငံတော် တည်ငြိမ်          အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရား များ   ပျက်ပြားစေရန်  ရည်ရွယ် လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း  များ   ပြုလုပ်ခဲ့မှုအပေါ်   အားပေး ကူညီခြင်း    ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ      ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများ အား ဆက်လက်ဖော်ထုတ်အရေးယူ  သွားမည်ဖြစ်ကြောင်း  မိဘပြည်သူ များ သိရှိနိုင်ရေး အသိပေးသတင်း ထုတ်ပြန်ထားကြောင်း သိရသည်။ 


သတင်းစဉ်