အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊    ပြုလုပ်မှုဖြင့်ဖြစ်စေ၊   တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊  လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်    အကြမ်းဖက်မှုတိုက်ဖျက်ရေး     ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေ များအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင် ခြင်းခံရပါက  နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂  ခုနှစ်၊  ဇန်နဝါရီ  ၂၅  ရက်တွင်  နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့     အသိပေးသတင်း   ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သာရမဲကျေးရွာနေ လဲ့လဲ့ဖြိုး (ခ) မဖြိုးသည် ၎င်းအသုံးပြုသည့် “Hsu Yati Phuu (Mee Phyo)” Facebook အကောင့်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြို့မ ရပ်ကွက်နေ ဝေဇော်(ခ) ငြိမ်းမြတ်နှင့် ရခိုင်ပြည်နယ် မောင်တောမြို့ နယ် (၄) မိုင်ကျေးရွာနေ ဖြိုးမောင်တို့သည် ၎င်းတို့ အသုံးပြုသည့်  “ကျောက်စိမ်းမြေလေးညှို့ရှင်” Facebook အကောင့်နှင့် “မောင်တော သားချေ တောသားချေ” Facebook အကောင့်၊ မွန်ပြည်နယ် မုဒုံမြို့ နယ်  မြို့မ (၃) ရပ်ကွက်နေ  ဖြူဖြူဝင်းသည်  ၎င်းအသုံးပြုသည့် “Phyu Phyu Win” Facebook အကောင့်၊ နေပြည်တော်ကောင်စီ နယ်မြေ  ဇမ္ဗူသီရိမြို့နယ်  ရွှေကြာပင်ရပ်ကွက်နေ  ပိုးအိခိုင်သည်  ၎င်းအသုံးပြုသည့် “Poe Poe” Facebook အကောင့်၊ မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် ဥယျာဉ်ကျေးရွာနေ ဝင်းဝင်းဖြိုးသည် ၎င်းအသုံးပြုသည့် “Win Win Phyo” Facebook အကောင့်၊ ရန်ကုန် တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဆေးဘိုဝကျေးရွာနေ နေခြည် ဝင်းသည် ၎င်းအသုံးပြုသည့် “Nay Chi Win” Facebook အကောင့်၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် အမှတ်(၁၀)ရပ်ကွက်နေ ပြည်ပို့(ခ)ဖိုးပြည့် သည် ၎င်းအသုံးပြုသည့် “Pyae Poh” Facebook အကောင့်၊  ဟင်္သာတမြို့နယ်  ညောင်ပင်ရပ်ကွက်နေ  “WAI YAN MOE KYAW” Facebook အကောင့်၊ ငါးသိုင်းချောင်းမြို့နယ် ရွှေဘို ရပ်ကွက်နေ ခိုင်ခိုင်ဝင်းသည် ၎င်းအသုံးပြုသည့် “Khaing Khaing Ntg Win” Facebook အကောင့်နှင့် မြန်အောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ ဉာဏ်ဇော်အောင်(ခ)အာကာသည် ၎င်းအသုံးပြုသည့် “R Kar” Facebook တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် အတွက်   တရားဥပဒေနှင့်အညီ   ဖမ်းဆီးထိန်းသိမ်း   အမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့  CRPH ၊ NUG  နှင့်  ယင်းတို့၏  လက်အောက်ခံအဖွဲ့ အစည်းများ၊   ယင်းတို့နှင့်  ဆက်နွှယ်နေသော  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့်   အစိုးရယန္တရားများ   ပျက်ပြားစေရန်    ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား  ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက် ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။     သတင်းစဉ်