အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်    မတ်   ၁၇
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော  CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ်  မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊    ပြုလုပ်မှုဖြင့်ဖြစ်စေ၊    တစ်နည်းနည်းဖြင့်ဖြစ်စေ  အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို  ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်    အကြမ်းဖက်မှုတိုက်ဖျက်ရေး    ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများ အရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့်  ရွှေ့ပြောင်းနိုင် သောပစ္စည်း၊   မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို   အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက  နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်  အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မကွေး တိုင်းဒေသကြီး   မကွေးမြို့နယ်   အောင်စေတနာ(က)ရပ်ကွက်နေ သန့်ဇင်ထွန်းသည် ၎င်းအသုံးပြုသည့် “Thant Zin Htun” Facebook အကောင့်၊   ရန်ကုန်တိုင်းဒေသကြီး   ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် နေသူများဖြစ်ကြသည့် သန့်ဇင်အောင်(ခ)အောင်လေး၊ ကောင်းဆက်တိုး  (ခ)ဆံရှည်(ခ)ကောင်းကောင်း၊  သန်းခိုင်ဦး (ခ)ဘိုပု၊ ကျော်သက်(ခ)ကျော်ကြီး၊ သင်းနွယ်စိုး၊  ထွန်းမင်းဇော်(ခ)သာကျော်(ခ)ဂျိုကာနှင့် အောင်ကြည် (ခ)ရွှေငါးတို့သည် ၎င်းတို့အသုံးပြုသည့် “Aung Lay” Facebook အကောင့်၊ “Kaung Kaung” Facebook အကောင့်၊ “Than Khaing Oo” Facebook အကောင့်၊ “Kyaw Gyi” Facebook အကောင့်၊  “Thin Nwe Soe” Facebook  အကောင့်၊   “Joker” Facebook အကောင့်၊ “Aung Kyi” Facebook အကောင့်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်နေ အောင်ကိုဦး(ခ)အထစ်သည် ၎င်းအသုံးပြုသည့်  “Aung Ko Oo” Facebook    အကောင့်နှင့်   သင်္ဃန်းကျွန်းမြို့နယ်နေ ပြည့်ဖြိုးကြွယ်(ခ)ကိုဖြိုး သည်   ၎င်းအသုံးပြုသည့်   “Ko Phyo” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊  ဝါဒဖြန့်ခြင်းများ  ပြုမူလုပ်ဆောင်ခဲ့ သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်းများဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့်   ယင်းတို့၏  လက်အောက်ခံအဖွဲ့ အစည်းများ၊   ယင်းတို့နှင့်   ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်းများ  ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား    ဥပဒေနှင့်အညီ    ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်းနှင့်  ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက် ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်