အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊  ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ


 

နေပြည်တော်   မေ  ၂၄
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့ အစည်းများ၊  လူပုဂ္ဂိုလ်များသည်   နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ  ပျက်ပြားစေရန်  ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊  ကြောက်ရွံ့၍ဖြစ်စေ  လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊   ပြုလုပ်မှုဖြင့်ဖြစ်စေ၊    တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို  ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်   အကြမ်းဖက်မှုတိုက်ဖျက်ရေး   ဥပဒေပုဒ်မ  ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊   အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့်  တည်ဆဲဥပဒေများ အရ အရေးယူခံရမည့်အပြင်  ပြစ်မှုနှင့် သက်ဆိုင်သည့်   ရွှေ့ပြောင်းနိုင် သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို   အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး  ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက   နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်  ဇန်နဝါရီ  ၂၅  ရက်တွင်   နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထိုကဲ့သို့  အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ပဲခူး တိုင်းဒေသကြီး  ပြည် မြို့နယ် မြို့သစ်ရပ်ကွက်နေ အေးသန္တာဝင်းသည် ၎င်းအသုံးပြုသည့်   “Aye Thandar Win”    Facebook   အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကွမ်းခြံရပ်ကွက်နေ ရန်နိုင်ဦး(ခ) အဗ်ဒူလ္လာသည်  ၎င်းအသုံးပြုသည့်   “Yan Naing Oo”   Facebook အကောင့်၊    ဧရာဝတီတိုင်းဒေသကြီး   လပွတ္တာမြို့နယ် အမှတ်(၃)ရပ်ကွက်နေ ဟိန်းထက်အောင်(ခ)စွမ်းထက်သည်  ၎င်းအသုံးပြုသည့် “Swann Htet” Facebook အကောင့်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကဝ မြို့နယ်    ကလေးကျေးရွာနေ    သန်းဇော်ဦး  (ခ) သန်းအောင်သည် ၎င်းအသုံးပြုသည့်   “Than Aung”    Facebook  အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ်   မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက်  တရားဥပဒေနှင့် အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ  ဆောင်ရွက်ခဲ့ ရသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း များ၊  ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရ ယန္တရားများ ပျက်ပြားစေရန်   ရည်ရွယ်လျက်   လှုံ့ဆော်ခြင်း၊ ဝါဒဖြန့် ခြင်းများ   ပြုလုပ်ခဲ့မှုအပေါ်   အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ   ထိရောက်စွာ   အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။            သတင်းစဉ်