အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH, NUG နှင့် PDF အမည်ခံအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း သတင်းထုတ်ပြန်

 

 

နေပြည်တော်  ဒီဇင်ဘာ   ၁၄
အကြမ်းဖက်အဖွဲ့များဖြစ်သော     CRPH, NUG  အမည်ခံအဖွဲ့များနှင့်   ၎င်းတို့၏လက်ဝေခံ   PDF  အဖွဲ့များအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို အခြေခံသည့် နိုင်ငံရေးရည်မှန်းချက်ကို ရရှိစေရန်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေရန်  အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ 
ဒလန်အဖြစ်  စွပ်စွဲသတ်ဖြတ်
ထိုသို့   အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရာတွင် အကြမ်းဖက်သမား များသည် စစ်ရေးဆိုင်ရာ ပစ်မှတ်များကို ရင်ဆိုင်တိုက်ခိုက်မှုအစား      အပြစ်မဲ့ ပြည်သူလူထုကို    ဒလန်အဖြစ်    စွပ်စွဲ သတ်ဖြတ်ခြင်း၊ တာဝန်သိ နိုင်ငံ့ဝန်ထမ်း များကို  အကြမ်းဖက်ပစ်ခတ်သတ်ဖြတ် ခြင်း၊    ပညာရေးနှင့်   ကျန်းမာရေး အဆောက်အဦများကို    မီးရှို့ဖျက်ဆီး ခြင်း၊   မိုင်းခွဲတိုက်ခိုက်ခြင်း  စသည့် လူသားချင်း  စာနာထောက်ထားမှုမရှိ သည့်  လုပ်ရပ်များကို   ကျူးလွန်လျက် ရှိသည်။ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့ နိုင်ငံအသီးသီးတွင်    ပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည်   တိုင်းပြည်၏ အဓိကအကျဆုံးသော  ကဏ္ဍများအဖြစ် သတ်မှတ်ထားပြီး အလေးထားဆောင် ရွက်လျက်ရှိမှုကို ထိခိုက်ပျက်ပြားစေရန် ယခုကဲ့သို့   အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်နေခြင်းသည်    နိုင်ငံတကာ စံနှုန်းနှင့်   ကျင့်ဝတ်များအရ  လက်ခံ နိုင်ဖွယ်မရှိချေ။
ကာကွယ်ဆေးထိုးနှံနိုင်ရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  နိုင်ငံတော်၏ အချုပ်အခြာ အာဏာအား ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ    ခေတ္တရယူ ထိန်းသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ နိုင်ငံအတွင်း တည်ငြိမ် အေးချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည် နိုင်ရေး ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် များ ချမှတ်ကာ မမှိတ်မသုန်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့   အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာတွင်      လတ်တလော ရင်ဆိုင်ရလျက်ရှိသည့်          ကိုဗစ်-၁၉  ကပ်ရောဂါ      ကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်၍ လူ့အသက်ထက် အရေးကြီး သည့်အရာမရှိဟူသည့်  မူဝါဒကို ချမှတ် ကာ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံအတွင်းရှိ အသက် ၁၈ နှစ်အထက် လူမျိုး၊ ဘာသာ၊ ကျား၊ မ မရွေး ၅၀ ရာခိုင်နှုန်းအထက် ကာကွယ်ဆေးထိုးနှံနိုင်ရေး နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ အလားတူ ကိုဗစ်-၁၉ကပ်ရောဂါ  ကူးစက်ပြန့်ပွားမှုကြောင့် ခေတ္တပိတ်ထား ခဲ့ရသည့် အခြေခံပညာနှင့် တက္ကသိုလ် အဆင့်ကျောင်းများအား    အမြန်ဆုံး ပြန်လည်ဖွင့်လှစ်၍      ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် ထိခိုက် နစ်နာမှုမရှိစေရေး    ဆောင်ရွက်ခဲ့ရာ အခြေခံပညာကျောင်းများအား ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး  မကြာမီကာလအတွင်း တက္ကသိုလ်အဆင့်ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး   ရည်မှန်းချက်ထားရှိ၍ ဆောင်ရွက်လျက်ရှိသည်။ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားစဉ်ကာလ အတွင်း   ကိုဗစ်-၁၉   ရောဂါ  ကူးစက် ပြန့်ပွားမှုမရှိစေရေး   အသက်  ၁၂  နှစ် အထက်   အခြေခံပညာကျောင်းသား၊ ကျောင်းသူများအားလုံးကို    ကာကွယ် ဆေးထိုးနှံပေးခဲ့ပြီး    ပြန်လည်ဖွင့်လှစ် မည့်       တက္ကသိုလ်များတွင်လည်း ကာကွယ်ဆေးထိုးနှံနိုင်ရေး စီမံဆောင် ရွက်ထားရှိပြီး ဖြစ်သည်။
လုပ်ကြံသတ်ဖြတ်မှုများလုပ်ဆောင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်    နိုင်ငံ၏   အရေးကြီးသော အခန်းကဏ္ဍများဖြစ်သည့်    ပညာရေးနှင့် ကျန်းမာရေးကိစ္စရပ်များကို      အထူး အလေးပေးဆောင်ရွက်နေသည့် ကာလ အတွင်း အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH, NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ သည်   လက်နက်ကိုင်ဆောင်ထားခြင်း မရှိသော    ပညာရေးနှင့်  ကျန်းမာရေး ဝန်ထမ်းများကို     ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုများ၊ အကြမ်းဖက် တိုက်ခိုက်မှုများကို       ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ အကြမ်း ဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ  ၁၂  ရက်  နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်နေ    ကျန်းမာရေးဝန်ထမ်းဖြစ် သည့် သူနာပြုဆရာမ ဒေါ်ချမ်းမြငြိမ်း နှင့်   ၎င်း၏ ခင်ပွန်းဖြစ်သူတို့ကို PDF အမည်ခံ   အကြမ်းဖက်သမားများက လုပ်ကြံ       သတ်ဖြတ်ခဲ့သည့်အတွက် တာဝန်သိ  ကျန်းမာရေးဝန်ထမ်း  ၁  ဦး ဖြစ်သည့် ဒေါ်ချမ်းမြငြိမ်းမှာ ရရှိဒဏ်ရာ ဖြင့်  သေဆုံးသွားခဲ့ရသည်။ အကြမ်းဖက် သမားများ၏ မိုင်းထောင်ခြင်း၊ ဗုံးခွဲ ဖျက်ဆီးခြင်းတို့ကြောင့် စာသင်ကျောင်း ၄၇၃    ကျောင်း   ထိခိုက်ပျက်စီးခဲ့ပြီး ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အထိ ပညာ ရေးဝန်ထမ်း ၁၄ ဦး သေဆုံး၍  ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်။  ထို့အပြင်  ဆေးရုံ၊ ဆေးခန်း ၂၅ ခု ဗုံးခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ကာ       ကျန်းမာရေး ဝန်ထမ်း ၄ ဦး သေဆုံး၍ ၁၂ ဦး ဒဏ်ရာ   ရရှိခဲ့သည့်အတွက်     နိုင်ငံအတွက် ကြီးမားသောဆုံးရှုံးမှုများကို ဖြစ်ပေါ်စေ ခဲ့သည်။
ထိရောက်စွာ အရေးယူဆောင်ရွက်မည်
ထိုကဲ့သို့ ပြည်သူလူထု၏ ပညာရေး နှင့်      ကျန်းမာရေးတာဝန်များအား လစ်ဟင်းမှုမရှိစေရေး နိုင်ငံ၏တာဝန်များ ကို     တာဝန်သိစွာဖြင့်    ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်း များကို  မိမိထောက်ခံသည့်  တစ်ပါတီ ကောင်းစားရေးအတွက် အကြမ်းဖက် တိုက်ခိုက်    လုပ်ကြံသတ်ဖြတ်လျက် ရှိသော         အကြမ်းဖက်သမားများကို နိုင်ငံတော်     စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်  ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ သည်။ ထို့ပြင် အခြားသော ဘာသာရေး ဆိုင်ရာ ရဟန်းသံဃာများနှင့် နေရာများ ကို ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက် ခြင်းအပါအဝင် အပြစ်မဲ့တိုင်းရင်းသား ပြည်သူများကို နည်းမျိုးစုံဖြင့် အကြမ်း ဖက်မှုများ လုပ်ဆောင်နေခြင်းကို မဖြစ် မနေ   ရပ်တန့်သွားရန်  အသိပေးထား သည်။ အကြမ်းဖက်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေပါက ပြည်သူ လူထုပြည့်ဝစွာ    ပူးပေါင်းပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့်    တည်ဆဲ ဥပဒေများနှင့်အညီ ပြင်းထန်ထိရောက် စွာ   အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန် ထားသည်။       
                သတင်းစဉ်