
မော်လမြိုင် ဧပြီ ၁၁
မွန်ပြည်နယ် မော်လမြိုင်မြို့ တောင်ပေါ်တန်း သာသနာ ၂၅၀၀ ကျောင်းတိုက်၌ ပြုလုပ်သော ၁၃၈၃ ခုနှစ် အကြိမ် (၄၀)မြောက် မွန်ဒေသလုံးဆိုင်ရာ ရာမည ဓမ္မာ စရိယအဖွဲ့က ကြီးမှူးကျင်းပသော ရာမညနိကာယ ပရိယတ္တိစာမေးပွဲ စာအောင် သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ပူဇော် ပွဲ အခမ်းအနားကို ဧပြီ ၁၀ ရက် က သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်သည်၊၊
ရှေးဦးစွာ ဆရာတော် သံဃာ တော်များနှင့် ဧည့်ပရိသတ် အပေါင်းတို့က အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး သြဝါဒစရိယ ကွမ်လှာလောက သုခကျောင်းဆရာတော်၊ ရာမည ဓမ္မာစရိယစာမေးပွဲ ဥက္ကဋ္ဌ ရေးမြို့နယ် အာပေါကျောင်းကြီး ဆရာတော် ဘဒ္ဒန္တဝဏ္ဏသာရနှင့် ဒုတိယဥက္ကဋ္ဌ မော်လမြိုင်ဈေးကြို ပရိယတ္တိဝေဒီကျောင်း ဆရာတော် ဘဒ္ဒန္တပါလရာမညတို့က သြဝါဒ စကား မြွက်ကြားသည်၊၊ ထို့ နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားပြီး ဆရာတော် သံဃာတော်များအား လှူဖွယ် ပစ္စည်းများနှင့် ရာမညနိကာယ ပရိယတ္တိစာမေးပွဲအတွက် အလှူ ငွေကျပ် ၁၀ သိန်း ဆက်ကပ် လှူဒါန်းသည်၊၊ (ဝဲပုံ) ဆက်လက်ပြီး စာအောင် သံဃာတော်များအား ရာမည ဓမ္မာစရိယစာမေးပွဲ ဥက္ကဋ္ဌ ဆရာတော်နှင့် ပြည်နယ်ဝန်ကြီး ချုပ်တို့က စာအောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းသည်၊၊
၁၃၈၃ ခုနှစ် အကြိမ် (၄၀)မြောက် မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအဖွဲ့က ကြီးမှူး ကျင်းပသော ရာမညနိကာယ ပရိယတ္တိစာမေပွဲကြီးကို ပါဠိပါရဂူ၊ သိရီပဝရ၊ ဓမ္မာစရိယ၊ ပထမကြီး တန်း၊ ပထမလတ်တန်း၊ ပထမ ငယ်တန်း၊ မူလတန်း၊ အတန်း ခုနစ်တန်းကို တပေါင်းလဆန်း ၁ ရက်မှ ၃ ရက်အထိ စာဖြေ သံဃာတော် ၂၁၀၀ ကျော် ဝင်ရောက်ဖြေဆိုပြီး စာအောင် သံဃာတော် ၆၂၁ ပါး ရှိကြောင်း သိရသည်၊၊
ခင်စန်းမြင့်
(ပြန်/ဆက်)