အကြိမ်(၂၀) မြောက် တရုတ် - အာဆီယံကုန်စည်ပြပွဲ စတုတ္ထနေ့တွင် မြန်မာနိုင်ငံမှ ပြခန်း ၈၀ ဆက်လက်ပါဝင်ပြသ

 

နေပြည်တော်  စက်တင်ဘာ  ၁၉


တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ    နန်နင်းမြို့ ၌ အကြိမ်  (၂၀) မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲ  စတုတ္ထနေ့ နှင့်   နောက်ဆုံးနေ့ကို  ယနေ့        ဆက်လက်ကျင်းပရာ      မြန်မာ ကုန်စည်ပြခန်းဆောင်တွင် မြန်မာ နိုင်ငံမှ ပြခန်းပေါင်း  ၈၀ ဖြင့် ဆက် လက်ပါဝင်ပြသလျက်ရှိသည်။ 


မြန်မာ     ကုန်စည်ပြခန်းများ တွင် ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ထောပတ်သီး     စသည့်လယ်ယာ ထွက်ကုန်ပစ္စည်းများ၊   ရေထွက် ကုန်ပစ္စည်းများ၊ လက်မှုအနုပညာ ပစ္စည်းများ၊    အဝတ်အထည်၊   စားသောက်ကုန်နှင့်       မြန်မာ့ ကျောက်မျက်     လက်ဝတ်ရတနာ ပစ္စည်းများကို       ခင်းကျင်းပြသ ရောင်းချလျက်ရှိသည်။


အဆိုပါ         ကုန်စည်ပြပွဲ၏  စတုတ္ထနေ့တွင်လည်း   ယခင်နေ့  များကဲ့သို့ မြန်မာကုန်စည်ပြခန်း  များ၌ မြန်မာ့ထုတ်ကုန်ပစ္စည်းများ ကို  စိတ်ဝင်တစား   လာရောက် လေ့လာကြည့်ရှုသူများ၊   ကြိုက် နှစ်သက်၍   ဝယ်ယူအားပေးကြ သူများဖြင့် စည်ကားလျက်ရှိသည်။ 


မြန်မာကုန်စည်ပြခန်းဆောင် ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၏   စီးပွားရေးတွေ့ဆုံပွဲများ ကျင်းပသည့်နေရာ      (Business Matching Area) တွင် မြန်မာနိုင်ငံ နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက် လိုသည့် တရုတ်လုပ်ငန်းရှင်များက  လာရောက်တွေ့ဆုံ၍      မြန်မာ-တရုတ်   ကုန်သွယ်မှုနှင့်    ရင်းနှီး မြှုပ်နှံမှု     ပူးပေါင်းဆောင်ရွက်နိုင် မည့် အခွင့်အလမ်းများကို မေးမြန်း ဆွေးနွေးကြရာ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ   တာဝန်ရှိသူ များက    ပြန်လည်      ရှင်းလင်း ဖြေကြားပေးသည်။ 


ထို့ပြင် အဆိုပါကုန်စည်ပြပွဲ၏   နှစ်လိုဖွယ်ရာ   မြို့ပြခန်းဆောင်၌  မြန်မာနိုင်ငံ၏  နှစ်လိုဖွယ်ရာမြို့ အဖြစ် မန္တလေးမြို့၏ ရင်းနှီးမြှုပ်နှံမှု    စီမံကိန်းများကို  ပါဝင်ပြသထားပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု     အက အလှများဖြင့် ကပြဖျော်ဖြေလျက် ရှိရာ စိတ်ပါဝင်စား၍ လာရောက် လေ့လာကြည့်ရှုသူများဖြင့် စည် ကားလျက်ရှိကြောင်း   သိရသည်။                

သတင်းစဉ်