နန်နင်း စက်တင်ဘာ ၁၆
အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းတွင် စက်တင်ဘာ ၁၆ ရက်က ဖွင့်လှစ်ခဲ့ပြီး ကုမ္ပဏီလုပ်ငန်း ပေါင်း ၂၀၀၀ နီးပါး တက်ရောက်လျက်ရှိသည်။
ယခုနှစ်ကုန်စည်ပြပွဲတွင် အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံမှ လုပ်ငန်း အမှတ်တံဆိပ်အများအပြားအပြင် တရုတ်နိုင်ငံမှ ဒစ်ဂျစ်တယ်၊ ကာဗွန် လျှော့ချရေးနည်းပညာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အကူပြုကိရိယာများနှင့် ဒရုန်းနည်းပညာများ ပါဝင်ပြသ လျက်ရှိသည့်အပြင် ယခုနှစ်တွင် ယမန်နှစ်က ပါဝင်ပြသခဲ့သည့် လုပ်ငန်းပေါင်း ၁၆၅၃ ခုထက် ၁၈ ဒသမ ၂ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ရှုကျူးတင်က ပြောသည်။
ပြပွဲတွင် တရုတ် - အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ အီလက်ထရွန်နစ် စီးပွားရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး၊ အပြာရောင်စီးပွားရေးနှင့် အခြားနယ်ပယ်များနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ ဖိုရမ် ၁၉ ခုကို လေးရက်ကြာ ကျင်းပသွား မည်ဖြစ်သည်။ ယခုနှစ်သည် ၂၁ ရာစု ပိုးလမ်းမ စီးပွားရေးနှင့် ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းစီမံကိန်း၏ (၁၀)နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နှစ် ၂၀ ပြည့် လည်းဖြစ်သည်။
ဆင်ဟွာ