အကြိမ် (၅၀)မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)စက်ဘီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ  ၄


အားကစားနှင့်        လူငယ်ရေးရာ ဝန်ကြီးဌာန၊       အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ နိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း ၍ အကြိမ် (၅၀) မြောက်  ပြည်နယ် နှင့် တိုင်းဒေသကြီး    (အမျိုးသား/ အမျိုးသမီး)    စက်ဘီးပြိုင်ပွဲများ ကို    ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်  ဝဏ္ဏသိဒ္ဓိဘောလုံး ကွင်းရှေ့  ဝဏ္ဏသိဒ္ဓိပတ်လမ်းတွင် ကျင်းပသည်။

 


ပြိုင်ပွဲသို့ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး  ဦးမင်းသိန်းဇံ၊  ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူ များ       တက်ရောက်ကြည့်ရှု အားပေးကြသည်။

 


ယနေ့ပြိုင်ပွဲ  ပွဲစဉ်များအဖြစ် အမျိုးသမီး      ၉ ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသား ၁၅ ကီလိုမီတာ   အသင်းလိုက် ပြိုင်ပွဲများကို    ယှဉ်ပြိုင်ကစားခဲ့ ကြပြီး           ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲ          အခမ်းအနားကို ဆက်လက်ကျင်းပရာ  အမျိုးသား မီတာ  ၁၀၀၀  တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားမီတာ   ၃၀၀၀  တစ်ဦး ချင်းပြိုင်ပွဲ၊   အမျိုးသမီး  မီတာ ၅၀၀       တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး   ၉   ကီလိုမီတာ နောက်ကျန်ထွက်         ပြိုင်ပွဲ၊ အမျိုးသမီး  ၉    ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲ၊  အမျိုးသား ၁၅ ကီလိုမီတာ   အသင်းလိုက် ပြိုင်ပွဲများတွင်   ဆုရရှိသူများကို အားကစားနှင့်     လူငယ်ရေးရာ ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သည်။

 


ဆက်လက်ပြီး အားကစားနှင့် လူငယ်ရေးရာ          ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က ၂၀၁၈ ခုနှစ်    ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲတွင်  မီတာ ၅၀၀        တစ်ဦးချင်းပြိုင်ပွဲ၌ မသမုဒယ (မန္တလေး) မှ တင်ထား သည့် စံချိန်  ၄၃ ဒသမ ၀၅   စက္ကန့် ကို  စံချိန် ၄၂ ဒသမ ၀၉  စက္ကန့်ဖြင့် စံချိန်သစ်တင်ခဲ့သည့် မစိုးစန္ဒာဝင်း (တနင်္သာရီ)နှင့်  ၂၀၂၀ ပြည့်နှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲ တွင်  မီတာ ၁၀၀၀  တစ်ဦးချင်း ပြိုင်ပွဲ၌   မောင်ကောင်းစည်သူ (ပဲခူး) မှ      တင်ထားသည့်   စံချိန် ၁ မိနစ် ၀၈ ဒသမ ၇၈ စက္ကန့်ကို စံချိန်    ၁ မိနစ် ၀၇ ဒသမ ၁၆ စက္ကန့်ဖြင့်   စံချိန်သစ်တင်ခဲ့သည့် မောင်ရှိုင်းထက်အောင် (မန္တလေး) တို့ကိုလည်းကောင်း၊  အမျိုးသမီး အကောင်းဆုံးဆုရရှိသည့်  မမိုးမိုး ကြည် (တနင်္သာရီ)၊   အမျိုးသား အကောင်းဆုံးဆု           ရရှိသည့် မောင်ရှိုင်းထက်အောင်   (မန္တလေး) တို့ကိုလည်းကောင်း၊   ရွှေသုံးခု၊ ငွေ  တစ်ခု၊          ကြေး  တစ်ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု  ရရှိ သည့်    တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့်   ရွှေ သုံးခု၊    ငွေ တစ်ခု၊ ကြေး နှစ်ခုဖြင့်  အမျိုးသားတံခွန် စိုက်ဒိုင်းဆုရရှိသည့်     မန္တလေး တိုင်းဒေသကြီး    အသင်းတို့ကို လည်းကောင်း     ဆုများပေးအပ် ချီးမြှင့်ကြောင်း သိရသည်။ 


သတင်းစဉ်