အကြိမ် (၅၀) မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ တတိယနေ့ ဆက်လက်ကျင်းပ

 

ရန်ကုန်  ဖေဖော်ဝါရီ   ၂၃


“အကြိမ် (၅၀) မြောက်   ရွှေရတု အထိမ်းအမှတ်    မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ   သုတေသန ညီလာခံ” တတိယနေ့ကို ယနေ့ တွင်    ရန်ကုန်မြို့   ဒဂုံမြို့နယ် အမှတ်၅         ဇီဝကလမ်းရှိ ဆေးသုတေသန  ဦးစီးဌာနတွင် ဆက်လက်ကျင်းပသည်။

 


 နှီးနှောဖလှယ်ပွဲပြုလုပ်


နံနက်ပိုင်းတွင်   တီဘီရောဂါ နှင့် အသည်းရောင်အသားဝါဘီ ရောဂါဆိုင်ရာ   သိကောင်းစရာ များကို “ဆေးယဉ်ပါးတီဘီကုထုံး သစ်များနှင့်    အသည်းရောင် အသားဝါဘီပိုး     မျိုးကွဲများနှင့် မျိုးဗီဇပြောင်းလဲမှုများ (Myan-mar-Korea Joint Symposium (2022): New insights to combat infectious diseases: BPaL DR-TB regimen and molecular approach to Hepa-titis B)” ခေါင်းစဉ်ဖြင့်   နှီးနှော ဖလှယ်ပွဲပြုလုပ်သည်။ 

 


အဆိုပါ  နှီးနှောဖလှယ်ပွဲတွင် သဘာပတိများအဖြစ်    ဆေး သုတေသနဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ လှိုင်မြတ်သူနှင့် ကိုရီးယားသမ္မတ နိုင်ငံ      Pusan   National University မှ ပါမောက္ခ Jae Hun Cheong တို့က ဆောင်ရွက်ခဲ့ကြပြီး ကိုရီးယားသမ္မတနိုင်ငံ  Interna-tional Tuberculosis Research Center မှ Chairman of the Board ၊  Dr. Sun  Dae Song က အဖွင့်အမှာစကား   ပြောကြား သည်။ 
 ဆက်လက်၍ ဖိလစ်ပိုင်နိုင်ငံမှ Regional Technical Consu-ltant, LIFT-TB Project for KNCV, Dr. Maria Imelda D Quelapio က BPaL ဆေးယဉ်ပါး တီဘီကုထုံးနှင့် LIFT–TB စီမံချက် ကို လည်းကောင်း၊ ကိုရီးယား သမ္မတနိုင်ငံ  Pusan National University မှ Prof. Jae Hun Cheong  က  အသည်းရောင် အသားဝါဘီပိုး၏ ဗီဇပြောင်းလဲမှု ဆိုင်ရာ  အရေးပါမှုများကိုလည်း ကောင်း၊   ကိုရီးယားသမ္မတနိုင်ငံ Inje University College of Medicine မှ Prof. Jae Gook Shin က ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်တွင်   လူနာအခြေပြု တီဘီရောဂါ       ကုသခြင်းများကို လည်းကောင်း၊      မြန်မာနိုင်ငံ အမျိုးသားတီဘီ တိုက်ဖျက်ရေး စီမံကိန်းမှ   တီဘီအထူးကုဆရာ ဝန်ကြီး   ဒေါက်တာဇော်မြင့်က မြန်မာနိုင်ငံတွင်   ကုသလျက် ရှိသော ဆေးယဉ်ပါးတီဘီကုထုံးသစ်များကိုလည်းကောင်း၊    ဆေး သုတေသနဦးစီးဌာနမှ    ဒုတိယ ညွှန်ကြားရေးမှူး   ဒေါက်တာ ရီရီကျော်က      မြန်မာနိုင်ငံတွင် တွေ့ရှိရသော      အသည်းရောင် အသားဝါဘီပိုး၏   ဗီဇမျိုးကွဲများ နှင့် ၎င်းတို့၏ ရောဂါကုသမှုတွင် သက်ဆိုင်မှုများကိုလည်းကောင်း ဆွေးနွေးတင်ပြ      အသိပညာ ဖလှယ်ခဲ့ကြရာ   ဗီဒီယိုကွန်ဖရင့် စနစ် (Virtual)ဖြင့် တက်ရောက် လာသော      ပါမောက္ခများနှင့် ဆေးပညာရှင်များက    မေးမြန်း ဆွေးနွေးကြသည်။  

 


ညနေပိုင်း   အစီအစဉ်များ တွင် အခြေခံသုတေသနစာတမ်း၊ အသုံးချ   သုတေသနစာတမ်း၊ လူမရေးနှင့်   ကျန်းမာရေးစနစ် သုတေသနစာတမ်း   စုစုပေါင်း ကိုးစောင်ကို ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့်တင်ပြကရာတွင်   အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန   ဒုတိယန်ကားရေး မှူးချပ်       ဒေါက်တာခင်ချစ်၊ ပြည်သူ့ကျန်းမာရေး  ဦးစီးဌာန ဒုတိယ    န်ကားရေးမှူးချပ် ဒေါက်တာထင်လင်း၊     ဆေး တက္ကသိုလ်(၁)မှ ပါမောက္ခ/ဌာန မှူး   ပါမောက္ခ ဒေါက်တာမေပြုံး ကျော် တို့က  သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြရာ       ဗီဒီယို ကွန်ဖရင့်စနစ်တွင်      ပါရှိသည့် သတ်မှတ်နေရာ   (Chat  Box) မှတစ်ဆင့်    ဆွေးနွေးမေးမြန်း သူများကို    စာတမ်းရှင်များက ပြန်လည်ဖြေကြားပေးသည်။

 


၂၅  ရက်အထိ ကျင်းပမည်


ညီလာခံ၏       အင်တာနက် စာမျက်နှာဖြစ်သည့်  (https://conference.myanmardmr.org)တွင်   သုတေသနပိုစတာများကို အီလက်ထရွန်နစ်       ပိုစတာ (E-poster)ပုံစံဖြင့် ပြသထားပြီး အဆိုပါ   အင်တာနက်စာမျက်နှာ တွင်   ညီလာခံသို့   တက်ရောက် လိုသူများအနေဖြင့် အခမဲ့စာရင်း ပေးသွင်းမှတ်ပုံတင်၍ ဝင်ရောက် ကြည့်ရှုနိုင်ကြောင်းနှင့် ညီလာခံ ကို  ဖေဖော်ဝါရီ  ၂၅  ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း    သိရ သည်။                      

သတင်းစဉ်