အကြိမ် (၃၀) မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၀


(၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်    အကြိမ်(၃၀)မြောက် တပ်မတော်  (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (က)အဆင့်နှင့် (ခ)အဆင့်   ပြိုင်ပွဲများ ကို      ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်   တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက် ကျင်းပသည်။


ယနေ့နံနက်ပိုင်း ပွဲစဉ်အဖြစ် (က)အဆင့် ပြိုင်ပွဲတွင် မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့ ကိုယ်စားပြု ရဲတီးဝိုင်း အသင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)  ကိုယ်စားပြု   စစ်တီးဝိုင်း အသင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)  ကိုယ်စားပြု  စစ်တီးဝိုင်း အသင်း၊      စစ်တက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် (ခ)အဆင့် ပြိုင်ပွဲတွင် တြိဂံဒေသ တိုင်း‌စစ်ဌာနချုပ်    ကိုယ်စားပြု အမှတ်(၁)   စစ်တီးဝိုင်းအသင်း၊ မြောက်ပိုင်းတိုင်း      စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်း အသင်းနှင့်    ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်      ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။


ထို့ပြင်  ညနေပိုင်းတွင် (ခ)အဆင့်ပြိုင်ပွဲများ    ဆက်လက် ကျင်းပရာ   အနောက်မြောက်တိုင်း  စစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်    ကိုယ်စားပြု အမှတ်(၂)    စစ်တီးဝိုင်းအသင်း၊ အလယ်ပိုင်းတိုင်း     စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်း အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။


အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်နေမှု များကို တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ တွဲဖက် စစ်ရေး ချုပ်  ဗိုလ်မှူးချုပ် ထွန်းမြတ်‌ရွှေ၊  တပ်မတော်     အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊  ပြိုင်ပွဲဝင်အသင်း  များနှင့်    ဖိတ်ကြားထားသူများ ကြည့်ရှု          အားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်