အကြိမ် (၃၀) မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

 

နေပြည်တော်   နိုဝင်ဘာ    ၃

 


ဗီယက်နမ်နိုင်ငံ၌    ကျင်းပမည့် အကြိမ် (၃၀)မြောက် အာဆီယံ နိုင်ငံ   တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ    ဝင်ရောက် ယှဉ်ပြိုင်ရန်   မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် ယနေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ လေကြောင်းခရီးဖြင့်   ထွက်ခွာသွားကြသည်။

 


အဆိုပါအဖွဲ့ကို စစ်ရေးချူပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် ကာကွယ်ရေး      ဦးစီးချုပ်ရုံးမှ တပ်မတော်   အရာရှိကြီးများက နေပြည်တော်      လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

 


မြန်မာ့တပ်မတော်  သေနတ် ပစ်အသင်းတွင်  အသင်း ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ် သူ၊ နည်းပြများနှင့် သေနတ်ပစ် အားကစားသမား   စုစုပေါင်း  ၄၂  ဦးတို့ လိုက်ပါသွားကြသည်။

 


အကြိမ်(၃၀)မြောက် အာဆီယံ နိုင်ငံ   တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို    နိုဝင်ဘာ ၄ ရက်မှ ၁၁  ရက်အထိ ကျင်းပ သွားမည်ဖြစ်ပြီး   အဆိုပါပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ       ပစ္စတို အမျိုးသားအသင်း၊ ပစ္စတိုအမျိုး သမီးအသင်း၊ ကာဘိုင်အမျိုးသား အသင်း၊ ရိုင်ဖယ်အမျိုးသားအသင်း နှင့်     စက်သေနတ်အမျိုးသား အသင်းတို့    ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။                  

သတင်းစဉ်