အခုလိုပြပွဲဟာ ကျောင်းသားလူငယ်တွေနဲ့ မျိုးဆက်သစ်တွေကို ဗဟုသုတတွေ အများကြီးရစေတဲ့အတွက် ပိုပြီးလေ့လာကြည့်ရှုသင့်ပါတယ်

 

တွေ့ဆုံမေးမြန်း - ဟိန်းမင်းစိုး၊ သန်းမင်းအောင်၊ ဂျိုင်းလော၊ ဓာတ်ပုံ - ကိုကြီးထိန်

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့တွင် ပါဝင်ပြသခဲ့ကြသည့် ဂုဏ်ပြုယာဉ်များ၊ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာအရောင်းပြခန်းများကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ တတိယနေ့အဖြစ် ဆက်လက်ခင်းကျင်းပြသလျက်ရှိသည်။
အဆိုပါပွဲတော်၌ ခင်းကျင်းပြသထားသည့်  ပြခန်းများမှတာဝန်ရှိသူ များ၊  စိန်ရတုလွတ်လပ်ရေးနေ့  ဂုဏ်ပြုအခမ်းအနားတွင်    သက်ဆိုင်ရာ ကဏ္ဍအလိုက်   ပါဝင်ဆင်နွှဲခဲ့ကြသူများ၊   လာရောက်လေ့လာကြည့်ရှု ကြသည့်    ပြည်သူများ၏   ရင်တွင်းစကားသံများကို   အများပြည်သူများ သိရှိနိုင်ရန် ရေးသားဖော်ပြလိုက်ရပါသည်။
ဒေါက်တာဇော်လွင် (ဒုတိယညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ 
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ 
ဆန်နှင့်ဆီအရောင်းဆိုင်)
ကျွန်တော်တို့ဝန်ကြီးဌာနက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ကို  ဂုဏ်ပြုတဲ့အနေနဲ့  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၊  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်းပြီး ဆန်နဲ့ဆီတွေ ကို စားသုံးသူပြည်သူတွေအတွက် ဈေးနှုန်းသက်သာစွာနဲ့ လွယ်လွယ် ကူကူ  ဝယ်ယူနိုင်ဖို့အတွက် ရောင်းချပေးလျက်ရှိပါတယ်။ ပြည်သူတွေ ကလည်း စိတ်ဝင်စားကြပါတယ်။ ဆီဆိုရင် အပြင်ဈေးနှုန်းနဲ့ယှဉ်ရင် တစ်ပိဿာကို ငွေကျပ် ၁၅၀၀ ၊  ၂၀၀၀ လောက် ဈေးနှုန်းသက်သာပါတယ်။ ဆန်ဆိုရင်လည်း  တစ်အိတ်ကို  ငွေကျပ် ၂၀၀၀ လောက် သက်သာတဲ့ အတွက် ပြည်သူတွေ လာရောက်ပြီး ဝယ်ယူကြတာများပါတယ်။ 
စိန်ရတုလွတ်လပ်ရေးနေ့မှာ     ဆန်နှင့်ဆီလုပ်ငန်းရှင်များအသင်း အနေနဲ့ ဈေးနှုန်းသက်သာစွာနဲ့ ပြည်သူတွေကို   ရောင်းချခွင့်ရတာကို သူတို့အနေနဲ့လည်း  အလွန်ဝမ်းသာပီတိဖြစ်ကြပါတယ်။  ဝယ်ယူတဲ့ ပြည်သူတွေအနေနဲ့လည်း   အပြင်ဈေးနှုန်းထက်  သက်သာတဲ့ဈေးနှုန်း ဖြစ်တဲ့အတွက် ဝမ်းသာပြီး လာရောက်ဝယ်ယူကြပါတယ်။  ပြည်သူတွေ ရဲ့    တကယ်လိုအပ်ချက်က   ဆန်နဲ့ဆီဖြစ်ပါတယ်။ ကြုံတောင့်ကြုံခဲ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကြီးမှာ ကျွန်တော်တို့က ပြည်သူ တွေရဲ့ လိုအပ်ချက်ဖြစ်တဲ့   ဆန်နဲ့ဆီကို  ဈေးသက်သာစွာနဲ့ လွယ်လွယ် ကူကူ  ဝယ်ယူလို့ရရှိနိုင်အောင် ရောင်းချပေးတဲ့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်း (ရန်ကုန်)ကနေ  လာရောက်ပြီး ရောင်းချပေးတဲ့   ကုမ္ပဏီများကိုလည်း အထူးကျေးဇူးတင်ပါတယ်လို့ ပြောလိုပါတယ်။ 
ဦးနေဆန်း (ညွှန်ကြားရေးမှူး၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ 
စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)
ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ ပြခန်းမှာ  ဌာနရဲ့ လုပ်ငန်းဆောင်ရွက်မှု တွေဖြစ်တဲ့ ငွေရတုခေတ်၊ ရွှေရတုခေတ်၊  စိန်ရတုခေတ်မှာ ဆောင်ရွက် ခဲ့တဲ့  လုပ်ငန်းဆောင်ရွက်မှုအခြေနေတွေကို   ပြည်သူများသိရှိအောင် ပြသထားတာ ဖြစ်ပါတယ်။ ငွေရတုခေတ်၊ ရွှေရတုခေတ်မှာ ဆောင်ရွက် ခဲ့တဲ့     ဌာနရဲ့ဝန်ကြီးတွေ၊    ကုန်သွယ်မှုကို    မြှင့်တင်ဆောင်ရွက်မှု အခြေအနေတွေနဲ့  စိန်ရတုခေတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာလည်း    ဌာနရဲ့   ကုန်သွယ်မှုမြှင့်တင်ဆောင်ရွက်ခဲ့တာ တွေကို  အဓိကထားပြီး ပြသထားပါတယ်။  ကျွန်တော်တို့ ဝန်ကြီးဌာနက နိုင်ငံတော်ရဲ့ စီးပွားရေးကို အဓိကထားဆောင်ရွက်ပေးနေတဲ့ ဌာနဖြစ်တဲ့ အတွက် နိုင်ငံက ပြည်ပကို  တင်ပို့တဲ့ ပို့ကုန်တွေကိုလည်း ပြသထားခြင်း ဖြစ်ပါတယ်။     ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ပတ်သက်တဲ့   မဟာဗျူဟာ ချမှတ်ပြီး  ချမှတ်ထားတဲ့ ဗျူဟာပေါ်မူတည်ကာ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဝန်ကြီးဌာနက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ စီးပွားရေးဦးတည်ချက်(၃)ရပ်နဲ့အညီ  စီးပွားရေးကဏ္ဍကို ဆောင်ရွက်နေပါတယ်။ 
ပြခန်းကို လာရောက်လေ့လာတဲ့ ပြည်သူတွေ ကျွန်တော်တို့ ဝန်ကြီး ဌာနက ဘာတွေဆောင်ရွက်နေတယ်၊ ကုန်သွယ်မှုတွေကို ဘယ်လိုလုပ် နေတယ်၊  စီးပွာရေးမူဝါဒနဲ့အညီ  နိုင်ငံရဲ့စီးပွားရေးကို ဘယ်လိုအထောက် အကူပြုနေတယ်၊ ပို့ကုန်တွေကို   ဘယ်လိုမြှင့်တင်ဆောင်ရွက်နေတယ် ဆိုတာတွေကို  သိရှိအောင် ပြသထားပါတယ်။    ပို့ကုန်မြှင့်တင်တဲ့အခါ ကုန်ပစ္စည်းတွေကို လျင်မြန်စွာ ပို့ဆောင်နိုင်ဖို့အတွက် အထူးစီးပွားရေး ဇုန် သုံးခုနဲ့ ဆောင်ရွက်နေပါတယ်။ သီလဝါစီးပွားရေးဇုန်ကတော့ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အတွက်    နိုင်ငံရဲ့စီးပွားရေး ကဏ္ဍမှာလည်း  ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ပါတယ်။   ထားဝယ်နဲ့ ကျောက်ဖြူစီးပွားရေးဇုန်ကိုလည်း      ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်နေပါတယ်။ ပြခန်းမှာ   ပို့ကုန်သွင်းကုန်ကဏ္ဍမှာလည်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ      ကျယ်ကျယ်ပြန့်ပြန်    သိရှိအောင် သရုပ်ပြဆောင်ရွက်ထားပါတယ်။
ဒေါက်တာစိုင်းကျော်ဦး ( ရွှေကြာပင်ရပ်ကွက် ၊ ဇမ္ဗူသီရိမြို့နယ်)
(၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ကို   ဂုဏ်ပြုတဲ့အနေနဲ့ အခုလို ဂုဏ်ပြုယာဉ်တွေ၊ အထိမ်းအမှတ်ပြခန်းတွေနဲ့ တိုင်းရင်းသား ရိုးရာ အစားအစာအရောင်းပြခန်းတွေကို  ခင်းကျင်းပြသထားတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ အခုလို  ခင်းကျင်းပြသထားတာကို တစ်ခါမှ မကြုံဖူးပါဘူး။  အခုမြင်တွေ့ရတော့  ပြသထားတာတွေက ထူးခြားပါ တယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးက ပြခန်းတွေကို လေ့လာကြည့်ရှုရတာ စိတ်ဝင်စားစရာကောင်းပါတယ်။  အခုလိုပြပွဲဟာ  ကျောင်းသားလူငယ် တွေနဲ့ မျိုးဆက်သစ်တွေကို ဗဟုသုတတွေ အများကြီးရစေတဲ့အတွက် ပိုပြီးလေ့လာကြည့်ရှုသင့်ပါတယ်။   ပြည်သူတွေကိုလည်း  လွတ်လွတ် လပ်လပ် လာရောက်ကြည့်ရှုဖို့ စီစဉ်ထားတာလည်း  ကောင်းပါတယ်။
မဆုမြတ်နန္ဒာ (အမှတ်- ၉ အခြေခံပညာအထက်တန်းကျောင်း၊ 
နေပြည်တော်) 
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ စာလုံးသရုပ်ဖော်အနေ နဲ့ ပါဝင်ခဲ့ပါတယ်။    တပေါင်းကွင်းမှာရှိတဲ့    တိုင်းဒေသကြီးနဲ့ပြည်နယ် ပြခန်းတွေဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်ပြခန်းတွေမှာ  ပြသထား တာတွေကို   လေ့လာခဲ့ပါတယ်။    မြန်မာနိုင်ငံအနှံ့  သွားစရာမလိုဘဲ တပေါင်းကွင်းမှာ ပြသထားတဲ့ ပြခန်းတွေကို  လာရောက်လေ့လာခြင်း အားဖြင့် မြန်မာပြည်အနှံ့ရောက်သွားသလိုခံစားရပြီး   တိုင်းဒေသကြီးနဲ့ ပြည်နယ်က     ဒေသန္တရဗဟုသုတတွေနဲ့    အထင်ကရနေရာတွေကို တွေ့မြင်သိရှိခွင့်ရတဲ့အတွက်   ပျော်ပါတယ်။   သူငယ်ချင်းတွေကိုလည်း မြန်မာပြည်အနှံ့  ရောက်သွားသလို ခံစားချင်တယ်ဆိုရင် အခုပြသ ထားတဲ့ပြခန်းတွေကို လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။