အခုဆိုရင် ကာကွယ်ဆေးတွေက မြန်မာနိုင်ငံကို အလုံးအရင်းနဲ့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေး ရောက်ရှိမှုအနေနဲ့ ဇူလိုင်လ ၂၂ ၊ ၂၃ ၊ ၂၄ ရက် ဒီသုံးရက်မှာတင် ကာကွယ်ဆေး စုစုပေါင်း ၃ သန်း ရောက်ရှိလာပြီဖြစ်ပါတယ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၂၆ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
 

 

 

အစီအစဉ်မှူး။    ။    နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ တတိယလှိုင်း   ဖြစ်ပွား 
နေတာနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန  ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ  ညွှန်ကြား ရေးမှူး   ဒေါက်တာခင်ခင်ကြီးနဲ့  တွေ့ဆုံမေးမြန်း သွားမှာ ဖြစ်ပါတယ်။

 


ဒီနေ့မှာ   ကာကွယ်ဆေးထိုးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုအုပ်စုတွေကို ဦးစားပေးထိုး နှံပေးသွားမယ်ဆိုတာ သိပါရစေ။
ဒေါက်တာခင်ခင်ကြီး။    ။    အခုဆိုရင် ကာကွယ် ဆေးတွေက       မြန်မာ 
နိုင်ငံကို  အလုံးအရင်းနဲ့  ရောက်ရှိလာပြီ  ဖြစ်ပါ တယ်။  ကာကွယ်ဆေးရောက်ရှိမှုအနေနဲ့ ဇူလိုင်လ ၂၂ ၊ ၂၃ ၊ ၂၄ ရက် ဒီသုံးရက်မှာတင် ကာကွယ်ဆေးစုစု ပေါင်း ၃ သန်း ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီနေရာ မှာ Sinopharm ကာကွယ်ဆေးက  ၂  သန်းနဲ့    ကျွန်မတို့   ဝယ်ယူထားတဲ့ Sinovac  ကာကွယ်ဆေး တစ်သန်းပါဝင်ပါတယ်။

 


ဒါ့အပြင်   ဩဂုတ်လပထမပတ်အတွင်းမှာ လည်း     ကာကွယ်ဆေးတစ်သန်းအပါအဝင် ကာကွယ်ဆေး ၆ သန်းက   ဩဂုတ်လထဲမှာ   ရောက်ရှိမှာဖြစ်ပါတယ်။  ဒီလိုရောက်ရှိတဲ့အခါမှာ ကာကွယ်ဆေးတွေကို ပြည်သူလူထုအား အလျင် အမြန်ထိုးနှံပေးဖို့အတွက် ဆောင်ရွက်လျက်ရှိပါ တယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ  ဘယ်လိုလူတွေ ကို ဦးစားပေးထိုးနှံပေးမလဲဆိုရင် ကာကွယ်ဆေး ထိုးနှံပေးမယ့်  အုပ်စု ၁၃ အုပ်စု  သတ်မှတ်ထား ပါတယ်။

 


အဓိက ဦးတည်အုပ်စု

 


အဓိက ဦးတည်အုပ်စုတွေက အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ ပါဝင်ပါတယ်။ သူတို့က အသက်ကြီးတဲ့အပြင် နောက်ခံရောဂါက လည်း   အများစုမှာရှိနေကြတာဖြစ်ပါတယ်။ အသက်အရွယ်ကြီးတဲ့အတွက် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုမှာ အန္တရာယ်ရှိတဲ့ လက္ခဏာတစ်ခု ဖြစ်ပါ တယ်။ ဒါ့အပြင် အသက်ကြီးတာနဲ့အတူ နောက် ဆက်တွဲ ရောဂါတွေကလည်း ရှိနေနိုင်ပြီး အသက် အန္တရာယ် ရှိနိုင်တဲ့အတွက် သူတို့က ဦးစားပေးအုပ်စု တွေရဲ့ ထိပ်ဆုံးမှာ ပါဝင်ပါတယ်။ အသက် ၆၅ နှစ် အထက်ကို ဦးစားပေးထိုးနှံပေးမှာ ဖြစ်ပါတယ်။

 


ဒါ့အပြင်  ကျန်းမာရေးဝန်ထမ်းတွေနဲ့  အခြား ဝန်ထမ်းတွေက နောက်ထပ် ဦးစားပေးဖြစ်ပါတယ်။ နောက်ထပ်က ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ကျန်းမာရေး  ဝန်ထမ်းတွေနဲ့အတူ 


ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းမှာ  အင်တိုက် အားတိုက်  အတူလက်တွဲလုပ်ကိုင်နေပြီး  ပြည်သူ တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးနိုင်တဲ့ ကျွန်မတို့ရဲ့    လုပ်ဖော်ကိုင်ဖက်   ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေဖြစ်ပါတယ်။

 


နောက်    ဗော်လံတီယာတွေဖြစ်ပါတယ်။ ဗော်လံတီယာတွေဆိုတာ   ကျွန်မလေးစားရတဲ့ ပုဂ္ဂိုလ်တွေထဲမှာ  ပါဝင်ပါတယ်။ သူတို့သည် ဘာမှ အကျိုးအမြတ်ကို ရယူလိုစိတ်၊ မျှော်ကိုးလိုစိတ်မရှိ ဘဲနဲ့ တကယ့်ကို ပြည်သူတွေအတွက် ပေးဆပ် ချင်တဲ့စိတ်နဲ့ ကြိုးစားပမ်းစား နေရာဒေသနယ်ပယ် တိုင်းမှာ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ကွာရန်တင်းစင်တာမှာဖြစ်ဖြစ်၊ လူနာတွေ ပို့ဆောင် ရာမှာဖြစ်ဖြစ်၊ သေဆုံးတဲ့လူနာတွေကို ပို့ဆောင်တဲ့ ကိစ္စမှာဖြစ်ဖြစ်၊   ကာကွယ်ဆေးထိုးလုပ်ငန်းမှာ ဖြစ်ဖြစ် ဗော်လံတီယာတွေရဲ့  အခန်းကဏ္ဍအများကြီး ပါဝင်ပါတယ်။ ဒီဗော်လံတီယာတွေက ဦးစားပေး အုပ်စုထဲမှာ ပါဝင်ပါတယ်။ အထူးလေးစားရတဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။

 


နောက်တစ်ခုက ရဟန်းသံဃာတွေ၊ သီလရှင် တွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေ ပါဝင်ပါတယ်။ နောက် လူအိုရုံတွေပါပါတယ်။  ဘဏ်လုပ်ငန်းတွေ ပါပါတယ်။ ပြီးရင် ပို့ဆောင်ဆက်သွယ်ရေး ကိစ္စရပ် တွေမှာ  ဆောင်ရွက်နေတဲ့သူတွေ   အကုန်လုံး ပါဝင်ပါတယ်။ ဒီနေရာမှာ  ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍနဲ့ဆိုင်တဲ့ လုပ်ငန်းတွေအကုန်လုံး အကျုံး ဝင်ပါတယ်။ နောက်တစ်ခုက နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံအလုပ်ရုံတွေမှာ လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။ ဟိုတယ်အပါအဝင် တည်းခိုခန်းတွေမှာ တာဝန်ထမ်းနေသူတွေပါဝင်ပါတယ်။ နောက်တစ်ခု က  အကျဉ်းထောင်တွေ၊  စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ  စတဲ့အသေးစားလုပ်ငန်း တွေက ဝန်ထမ်းတွေပါဝင်ပါတယ်။ လောလောဆယ် ရည်မှန်းထားတဲ့အုပ်စုတွေက    ဒီအုပ်စုတွေဖြစ်
ပါတယ်။

 


လူဦးရေ ၃ သန်းကို ထိုးနှံပေးသွားမှာဖြစ်

 


အခုလက်ရှိမှာ   ကာကွယ်ဆေးက  တရုတ် ပြည်သူ့သမ္မတနိုင်ငံ    အစိုးရကနေ  လှူဒါန်းတဲ့ Sinopharm ကာကွယ်ဆေး ၂ သန်း ရောက်ရှိနေပြီ ဖြစ်ပါတယ်။     မြန်မာနိုင်ငံက     ဝယ်ယူထားတဲ့ Sinovac ကာကွယ်ဆေး ၂ သန်းအနက် တစ်သန်း ရောက်ရှိပြီးဖြစ်ပါတယ်။ ဒီရောက်ရှိနေတဲ့ ကာကွယ် ဆေး ၃ သန်းကို လူဦးရေ ၃ သန်းအား ထိုးနှံ ပေးသွားမှာဖြစ်ပါတယ်။ ဒါဆိုရင်  ကာကွယ်ဆေးက နှစ်ကြိမ်ထိုးနှံရတာဖြစ်တဲ့အတွက်ကြောင့်   လူဦးရေ တစ်သန်းခွဲကိုသာ  ထိုးနှံပေးမှာ  မဟုတ်ဘူးလားလို့ မေးလို့ရပါတယ်။ ဒီရောက်ရှိလာတဲ့ ကာကွယ်ဆေး ၃ သန်းလုံးကို ပထမအကြိမ် ထိုးနှံပေးမယ့် လူဦး ရေ ၃ သန်းလုံးအား ထိုးနှံပေးလိုက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးထိုးပေးမယ့် လူဦးရေ ၃  သန်းလို့    ပြောရခြင်းဖြစ်ပါတယ်။   နောက်ထပ်    ဆက်တိုက် ရောက်ရှိလာမယ့်   ကာကွယ်ဆေးတွေနဲ့   ဒုတိယ အကြိမ် ထိုးနှံပေးမှာ ဖြစ်ပါတယ်။ 
ဒါဆိုရင် လက်ရှိဦးစားပေးမှာ အသက် ၆၅ နှစ်အထက်တွေ ပါနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အသက် ၆၅ နှစ်အထက်က လူဦးရေအနေနဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၂ ဒသမ ၈ သန်းရှိပါ တယ်။ ဒီ ၂ ဒသမ ၈ သန်းထဲမှာ လူဦးရေ ၈ သိန်းက ပထမအကြိမ် Covishield ကာကွယ်ဆေးထိုးနှံ ပေးစဉ်မှာ  ပါဝင်တယ်လို့  ကျွန်မတို့ တွက်ချက် ထားပါတယ်။ ဒါကြောင့် အခုထိုးပေးမယ့် ကာကွယ် ဆေး ၃ သန်းမှာ အသက် ၆၅ နှစ်အထက် လူဦးရေ နှစ်သန်းပါဝင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ သူတို့တွေက  ဦးစားပေးအုပ်စုရဲ့ ထိပ်ဆုံးကနေ ထိုးနှံပေးမှာ ဖြစ်ပါတယ်။

 


ဒီလို အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အို တွေကို ထိုးပေးရတဲ့  နောက်ထပ်ရည်ရွယ်ချက် ရှိပါတယ်။   သူတို့တွေမှာ   သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် စသဖြင့် ဒီလို ရောဂါအခံတွေရှိတဲ့ အတွက်  ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားရင်  ရောဂါ ကူးစက်မှုကလည်း  ပြင်းထန်တယ်၊ ရောဂါဝေဒနာ ကို ဆိုးဆိုးရွားရွားခံစားရတဲ့အပြင်  ဆေးရုံတက် ရောက်ရတာများတယ်။    ဒါ့အပြင် ICU လို့ခေါ်တဲ့ အထူးကြပ်မတ်ကုသပေးရတဲ့      အဆင့်အထိ ရောက်တာများတဲ့အပြင်  သေဆုံးနိုင်ခြေကလည်း များတဲ့အတွက် သူတို့ကို ဦးစားပေးထိုးနှံပေးရခြင်း ဖြစ်ပါတယ်။  ဒါကို   တစ်နိုင်ငံလုံးရောက်အောင် ထိုးနှံပေးသွားမှာဖြစ်ပါတယ်။
ဒီလို တစ်နိုင်ငံလုံးအရောက် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ဖို့အတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့  ရပ်ကွက်အလိုက်  ဖွဲ့စည်းထားတဲ့ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ တွေမှာ စာရင်းကောက်ယူပြီးသားရှိပါတယ်။  ဒီစာ ရင်းအတိုင်း သက်ဆိုင်ရာဆေးရုံတွေမှာ၊ ကာကွယ် ဆေးထိုးစုရပ်တွေမှာ  တစ်နေ့ကိုကာကွယ်ဆေး ဘယ်နှယောက်ထိုးနှံပေးမယ်ဆိုတာက ဒီဆေးထိုး စုရပ်အလိုက် ထိုးနှံပေးမယ့် အရေအတွက်အပေါ် မူတည်ပါတယ်။ 

 


အချိန်မီအကြောင်းကြားပေးသွားမှာဖြစ်

 


ဒီဆေးထိုးစုရပ်တွေမှာ လူစုလူဝေး မဖြစ်ဖို့ အတွက်  ဂရုတစိုက်  ဆောင်ရွက်ပေးခြင်းဖြစ်ပါ တယ်။ ယခုလိုကာလမှာ သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေးထိုးနှံပေးချင်ကြတာက သားသမီး တွေနဲ့  မိသားစုတွေရဲ့  ဆန္ဒဖြစ်ပါတယ်။ ဒီဆန္ဒ အတိုင်း  တစ်ဦးတစ်ယောက်မှ မကျန်ရှိအောင် ကျွန်မတို့မှာ  ဒေတာတွေ  စနစ်တကျရှိပြီးဖြစ်တဲ့ အတွက် စိတ်မပူပါနဲ့၊ သက်ဆိုင်ရာကာကွယ်ဆေး ထိုးစုရပ်တွေမှာကာကွယ်ဆေးထိုးနှံရမယ့် အချိန် ကို အချိန်မီ အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။

 


ဒီနေရာမှာ အသက် ၆၅ နှစ်အထက် ပိုးတွေ့ လူနာတွေ၊ ဆေးရုံတက်ရောက်ရတဲ့သူတွေရှိပါ တယ်။ သူတို့တွေကို အလျင်စလို ကာကွယ်ဆေး ထိုးပေးစရာ မလိုပါဘူး။  ဘာကြောင့်လဲဆိုတော့ သူတို့မှာ  ကိုယ်ခံအားက  ရှိပြီးသားဖြစ်နေတဲ့ အတွက်ကြောင့်ပါ။  ဒီကိုယ်ခံအားကလည်း အနည်း ဆုံး ၆ လအထိ  နောက်ထပ်ရောဂါပိုးဝင်ရောက်လို့ ပြင်းပြင်းထန်ထန် ခံစားရမှုမရှိအောင် ကာကွယ်နိုင် ပါတယ်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ကာကွယ်ဆေး အကန့်အသတ်ရှိတဲ့အခါမှာ ကိုဗစ် ရောဂါပိုးတွေ့ပြီးသားသူတွေက   အသက် ၆၅ နှစ် အထက် သာမက မည်သည့်ပိုးတွေ့လူနာမဆို  ၆    လလောက်အထိ ကာကွယ်နိုင်မှုရတယ်၊ ဒါကြောင့်  ၆ လ ပြည့်ခါနီးမှ ထိုးပေးရင်ရတယ်လို့ ပြောကြား ထားပေမယ့် ကျွန်မတို့က ဒီထက်စောပြီး ကာကွယ် ဆေး ထိုးနှံပေးနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ ဒါကို  နီးကပ်လာရင် ဒီထက် တိတိကျကျ ကျွန်မ ပြောကြားပေးသွားမှာ ဖြစ်ပါတယ်။

 


ဘာဖြစ်လို့ ဒီလိုကာကွယ်ဆေးကို စောစော ထိုးနှံပေးရသလဲဆိုရင် Recent Round ကူးစက်မှု ရှိနေတဲ့ နိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံမှုကို ဒီထက်စောစော ထိုးပေးသင့်တယ်လို့ အကြောင်း အချက်တစ်ခုအနေနဲ့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားတာရှိပါတယ်။ ဒါကြောင့် စောစော ကာကွယ်ဆေး ထိုးနှံပေးမှာ ဖြစ်ပါတယ်။    

 


နောက်တစ်ခုက  ကုသမှုခံယူခဲ့သူတွေမှာ တချို့တွေက ပြန်ကောင်းလူနာတွေရဲ့ သွေးရည် ကြည်နဲ့ ကုသမှုခံယူခဲ့ရသူတွေပါပါတယ်။ တချို့ တွေက Monoclonal Antibody နဲ့ ကုသမှုခံယူခဲ့တာ ရှိပါတယ်။  ဒီလိုကုသမှုခံယူခဲ့သူတွေကို  ရက် ၉၀ အကြာမှာ   ကာကွယ်ဆေးထိုးနှံပေးရမယ်လို့ ပြောထားပါတယ်။  ဒါကဘာလဲဆိုရင်  ကာကွယ် ဆေးထိုးလိုက်တယ်၊     ကာကွယ်ဆေးကြောင့် ကိုယ်ခံအားတွေက တက်လာမယ်၊ ပဋိပစ္စည်းတွေ ထုတ်လုပ်မယ်၊ ဆောင်ရွက်မယ်  ဒီအခါမှာ ခန္ဓာ ကိုယ်ထဲကို အရင်ရောက်နေတဲ့ ပြန်ကောင်းလူနာရဲ့ သွေးရည်ကြည်တွေနဲ့        

 


မလိုလားအပ်တဲ့ ရှုပ်ထွေးမှု တွေ မဖြစ်ပေါ်စေချင်လို့ ဖြစ်ပါတယ်။ ဒါကို ပြည်သူတွေနဲ့ ဆေးထိုးရမယ့် သူတွေ သိပြီလို့ ထင်ပါတယ်။
တချို့တွေက အမေ့မှာ  သွေးတိုးရှိတယ်၊ ဆီးချိုရှိတယ်၊ နှလုံးရောဂါရှိတယ်၊ ကျောက်ကပ် ရှိတယ်၊  ကင်ဆာဝေဒနာရှိတယ်  ဒါကြောင့် ကာကွယ်ဆေးထိုးလို့ ဖြစ်မလားဆိုပြီး စိုးရိမ်ကြ ပါတယ်။  သူတို့တွေက   ကာကွယ်ဆေးထိုးနှံဖို့ အသင့်ဆုံးအုပ်စုတွေ ဖြစ်ပါတယ်။
အစီအစဉ်မှူး။    ။    ကာကွယ်      ဆေးနဲ့   ပတ်သက်ပြီး    အခြား 
သိထားသင့်တဲ့ အကြောင်းအရာတွေကို  ပြောပြ ပေးပါဦး။

 


ဒေါက်တာခင်ခင်ကြီး။    ။    ကာကွယ်ဆေးတွေက ကာကွယ်နိုင်မှု   အာနိ 
သင်ကောင်းမွန်ပါတယ်။  လက်ရှိမှာ   တရုတ် နိုင်ငံကထုတ်တဲ့   Sinopharm   နဲ့  Sinovac ကာကွယ်ဆေးနှစ်ခုစလုံးက  ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ရဲ့ အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေး ၁၀ မျိုးထဲမှာ ပါဝင်ပါတယ်။ နောက် ထပ် mRNA ကာကွယ်ဆေး Pfizer နဲ့ Moderna နှစ်မျိုး၊  တစ်ခါထိုးရုံနဲ့  လုံလောက်တယ်ဆိုတဲ့ johnson and Johnson ၊ Sinopharm  နဲ့ Sinovac အဲဒီအပြင် AstraZeneca ကို  covishield နာမည်နဲ့ ထုတ်တဲ့ အိန္ဒိယနဲ့ မူရင်း AstraZeneca Oxford ကထုတ်တာနဲ့၊ AstraZeneca  တောင်ကိုရီးယား ဆိုပြီး အရင်က ရှစ်မျိုးဖြစ်ပါတယ်။

 


အခုနောက်ထပ်တိုးတဲ့ နှစ်မျိုးက ဂျပန်နိုင်ငံက ထုတ်တဲ့ AstraZeneca နဲ့ ဩစတြေးလျက ထုတ်တဲ့ AstraZeneca ဒါဆိုရင် AstraZeneca အုပ်စုက ငါးမျိုးဖြစ်သွားပါပြီ။ ကာကွယ်ဆေး ၁၀ မျိုးထဲမှာ  Sinopharm  နဲ့ Sinovac နှစ်မျိုးစလုံးက အကျုံး ဝင်ပါတယ်။ WHO က အသုံးပြုခွင့်ပေးတယ်ဆိုတဲ့ ကာကွယ်ဆေးတွေရဲ့ စိတ်ချရမှု၊ ဘေးကင်းလုံခြုံမှု၊ ထိရောက်မှုက  မေးခွန်းထုတ်စရာ  မလိုပါဘူး။ သို့သော်  ကာကွယ်ဆေးတွေ မှန်သမျှသည်  အချိန် တိုအတွင်းမှာ  ထိုးရတဲ့  ကာကွယ်ဆေးတွေဖြစ်ပါ တယ်။ သုတေသနပြုမှုတွေက အမြန်လုပ်ရတာတွေ ရှိပါတယ်။ သုတေသနပြုမှု တစ်ခုနဲ့တစ်ခုအပေါ် မူတည်ပြီး အနည်းငယ် ကွဲပြားခြားနားတာရှိပေမယ့် Sinopharm ရော၊ Sinovac ရောဂါ ကာကွယ်ဆေးရဲ့ ထိရောက်မှုက ကောင်းမွန်တယ်ဆိုတာ WHO က Chief  Scientist ကလည်း ပြောကြားထားပြီး ဖြစ်ပါတယ်။ 

 


ပြင်းထန်နာမကျန်းဖြစ်မှု၊  ဆေးရုံတက်ရောက် ရမှုတွေကနေ နှစ်ခုစလုံးက  ကာကွယ်တယ်ဆိုတာကို သိစေချင်ပါတယ်။ ဒါ့အပြင်   လက်ရှိ WHO အသိ အမှတ်ပြုတဲ့  ကာကွယ်ဆေးတွေ  အားလုံးသည် ဗီဇပြောင်းမျိုးတွေကိုလည်း ၆၀ နဲ့ ၇၀ ရာခိုင်နှုန်း အထက် ကာကွယ်တယ်လို့ ပြောထားတာဖြစ်တဲ့ အတွက်  ကျွန်မတို့သည်  လက်ရှိ WHO အသိအမှတ် ပြုတဲ့ ကာကွယ်ဆေးတွေကို ရရှိလာပြီ၊ ဒီရောဂါကို ကာကွယ်နိုင်တဲ့ ဒိုင်းနဲ့တူတဲ့ ကာကွယ်ဆေးတွေလည်းရရှိလာပြီဆိုတော့   ကာကွယ်ဆေးထိုးဖို့ တာဝန်က  ပြည်သူတွေရဲ့တာဝန်ပဲ ဖြစ်ပါတယ် ဆိုတာပြောလိုပါတယ်။

 


ဒီနေရာမှာ အများစုက မေးကြတာရှိပါတယ်။ ဒီကာကွယ်ဆေးတွေဟာ  ကိုယ်ဝန်ဆောင်တွေ ထိုးလို့ရသလား၊ နို့တိုက်မိခင်တွေ ထိုးလို့ရသလား၊ ကိုယ်ဝန်ယူဖို့ ပြင်ဆင်နေတဲ့သူတွေရော ထိုးလို့ ရသလား၊ HIV / AIDS ၊ ကင်ဆာရောဂါ ခံစားနေရတဲ့ သူတွေရော ထိုးလို့ရသလား စသဖြင့် မေးလာကြပါ တယ်။  ဘေးကင်းလုံခြုံစွာထိုးနှံလို့ ရ/မရ   သိချင် ကြတဲ့  အရေးကြီးတဲ့အချက်တွေ ဖြစ်ပါတယ်။ 

 


အစပိုင်းကာလမှာ   ကာကွယ်ဆေးတွေကို စမ်းသပ်တဲ့အခါ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ် တွေ၊ အသက်အရွယ်ကြီးရင့်တဲ့သူတွေ Clinical Trial လို့ခေါ်တဲ့ လူမှာစမ်းသပ်တဲ့ ကိစ္စရပ်တွေမှာ သူတို့ဟာ         မပါသလောက်နည်းပါတယ်။ အစပိုင်းကာလ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှာ covishield ဆေးစ ထိုးပေးတယ်။ ဇန်နဝါရီလ ၂၂ ရက်မှာမှ အသိအမှတ်ပြုတာဖြစ်ပါတယ်။ အဲဒီအချိန် မှာ  ကာကွယ်ဆေးတွေရဲ့   ဘေးကင်းလုံခြုံမှု၊ စိတ်ချရမှုက သူတို့ တွေမှာ စမ်းသပ်ထားတာနည်းတဲ့ အတွက်   Risk နဲ့    Benefit ကို    ချင့်ချိန်ပြီး ကျန်းမာရေးဝန်ထမ်း၊   ကိုယ်ဝန်ဆောင်၊  နို့တိုက် မိခင်တွေ၊  အန္တရာယ်ရှိတဲ့သူတွေကို ထိုးပေးသင့် တယ်လို့ အရင်ကပြောထားတာ ရှိပါတယ်။

 


စိတ်ချစွာထိုးနှံနိုင်

 


သို့သော် နောက်ပိုင်း သုတေသနတွေ့ရှိချက် တွေအရ   ကာကွယ်ဆေးတွေသည်  ပိုးတွေကို အင်အားချည့်နဲ့အောင်၊ အင်အားမဲ့အောင် သတ်ထား တဲ့ ကာကွယ်ဆေးတွေဖြစ်တယ်။ အချို့ကာကွယ် ဆေးတွေက အန္တရာယ်မရှိတဲ့ Viral vector လို့ခေါ်တဲ့ ပိုးတွေကိုယူပြီး  ကိုယ်ခံအားတွေ  တက်အောင် လုပ်ထားတဲ့ ကာကွယ်ဆေးတွေဖြစ်တယ်။ အချို့ ကာကွယ်ဆေးတွေက  RNA Nucleus  ကိုယူပြီး လုပ်ထားတာဖြစ်တယ်။ ကာကွယ်ဆေးတွေ အားလုံး သည် Live Virus လို့ခေါ်တဲ့ ပိုးအရှင်ကို သုံးထားခြင်း မရှိပါဘူး။ နို့တိုက်မိခင်တွေ၊   ကိုယ်ဝန်ဆောင်တွေ၊  ကိုယ်ဝန်ယူဖို့ ပြင်ဆင်နေတဲ့သူတွေ စိတ်ချစွာ ထိုးနှံ နိုင်ပါတယ်။ 

 


လက်ရှိကမ္ဘာကြီးမှာ   ရောဂါကူးစက်မှုတွေက ပြင်းထန်ပါတယ်။  ရောဂါကူးစက်မှုတွေ  များလာ တယ်ဆိုရင်   ကိုယ်ဝန်ဆောင်တွေက   အသက်
နှစ်သက်ဖြစ်တဲ့အတွက်  ပိုပြီးအန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင် ကိုဗစ် - ၁၉ ကူးစက်ခံရပြီဆိုရင် သူ့အတွက်  အသက်အန္တရာယ်ရှိသလို  သူကနေ မွေးလာတဲ့ကလေးမှာ  ပေါင်မပြည့်မွေးလာတာ၊ နေ့မစေ့လမစေ့ မွေးလာတာ၊ မွေးပြီး အထူးကြပ်မတ် ကုသပြီး အသက်ကယ်ရတဲ့အဖြစ်မျိုးတွေကလည်း ဆက်စပ်မှုတွေ ရှိပါတယ်။ အထူးသဖြင့် ကိုယ်ဝန် ဆောင်မိခင်တွေမှာ အသက် ၃၅ နှစ်အထက် ကိုယ် ဝန်ဆောင်မိခင်တွေ၊ ဝတဲ့သူ၊ နောက်ခံ သွေးတိုး၊ ဆီးချို ရှိတဲ့သူတွေမှာ ဒီအန္တရာယ်က ပိုများပါတယ်။ 

 


ဒါကြောင့် WHO က  ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေသူ တွေ    ယုတ်စွအဆုံး    ရာသီလာနေစဉ်တောင်မှ 
 ဒီကာကွယ်ဆေးတွေကို စိတ်ချလက်ချထိုးနှံလို့ရပါ   တယ်ဆိုပြီး ပြောထားပါတယ်။ ကာကွယ်ဆေးထိုး ထားတဲ့အတွက် နို့တိုက်မိခင်တွေက ကာကွယ်ဆေး ထိုးပြီးနောက် နို့တိုက်တာကို ရပ်ထားရတာတွေ မလိုပါဘူးဆိုတဲ့အကြောင်းကို တစ်လက်စတည်း ပြောလိုပါတယ်။

 


နောက်ထပ်မေးခွန်းက အရင်တုန်းက ကာကွယ် ဆေးနှစ်ကြိမ်ထိုးထားတယ်၊ အခုကာကွယ်ဆေးထပ် ရောက်လာပြီ။ ထပ်ထိုးဖို့သင့်သလားဆိုပြီး မေးထား တာရှိပါတယ်။ လက်ရှိအနေအထားအရ ကာကွယ် ဆေးနှစ်ကြိမ်ထိုးခြင်းသည်  လုံလောက်မှုရှိပါတယ်။ ရောဂါပိုးကူးစက်ခံရရင်တောင်မှ သာမန်နဲ့ ဆိုးဆိုး ရွားရွား  ဝေဒနာခံစားရတာမျိုးမရှိပါဘူး။  ကမ္ဘာမှာ ကာကွယ်ဆေးရရှိမှုနဲ့ ကာကွယ်ဆေးရဲ့ လိုအပ်ချက် က ကွာဟချက်တွေရှိပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကာကွယ်ဆေးတွေ     အများကြီးထိုးနှံနိုင်ပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကာကွယ်ဆေးထိုးနှံမှု အားနည်း ပါတယ်။ 

 


လက်ရှိအနေအထားအရ   ကျွန်မတို့သည် ကာကွယ်ဆေး ၁ ဒသမ ၇ သန်းပဲ ထိုးနှံထားပါတယ်။ ကာကွယ်ဆေးထိုးပေးရမယ့် အသက် ၁၈ နှစ်အထက် ဦးတည်အုပ်စုက ၃၈ ဒသမ ၃ သန်းဆိုတော့ ထိုးနှံတဲ့ ကာကွယ်ဆေး ပမာဏကအခုလက်ရှိမှာ လေးရာခိုင်နှုန်း လောက်ပဲရှိပါတယ်။ အခုကာကွယ်ဆေးတွေလည်း လက်ထဲမှာ ရောက်နေပြီ။  အမြန်ထိုးနှံပေးတော့မယ်။ ဒီတော့ ကာကွယ်ဆေး တစ်ကြိမ်မှမထိုးရသေးတဲ့သူ တွေကို ထိုးနှံဖို့ အခွင့်အရေးပေးစေချင်ပါတယ်။ 
နှစ်ကြိမ်ထိုးထားတဲ့သူတွေအတွက်က သေချာ ပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့အတွက်ကြောင့် သေဆုံးတဲ့အထိဖြစ်ဖို့၊ ပြင်းထန်ဝေဒနာခံစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတော့  တတိယအကြိမ်  ထိုးဖို့မလို ပါဘူး။ WHO က ကာကွယ်ဆေး တတိယအကြိမ် ထိုးဖို့လိုတယ်ဆိုတာ  မပြောသေးပါဘူး။  နှစ်ကြိမ် ထိုးပြီးသားလူတွေက ထိုးလို့မရပါဘူး။ လုံးဝမထိုး ရသေးတဲ့လူတွေကို ဦးစားပေးဖို့လိုပါတယ်။ 


နောက်တစ်ချက်က ကာကွယ်ဆေးထိုးနှံတဲ့အခါ နောက်ထပ်ဦးစားပေး ထိုးနှံရမယ့်လူတွေက ခုခံအား ကျဆင်းနေသူတွေ၊ HIV ပိုးကူးစက်ခံရသူတွေ၊ အခြား ရောဂါကြောင့် ကိုယ်ခံအားကျဆင်းတဲ့ဆေးတွေ သောက်နေရသူတွေဆိုရင် သက်ဆိုင်ရာဆရာဝန်နဲ့ ဆွေးနွေးမှုတွေလုပ်ပြီး  ထိုးနိုင်ပါတယ်။ ကိုယ်ခံ အားကျနေတယ်ဆိုရင် ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ပြီး ထိုးနှံသင့်ပါတယ်။ 


နောက်တစ်ခုက အသည်းအစားထိုးထားသူတွေ၊ ကျောက်ကပ်    အစားထိုးထားသူတွေကလည်း ကာကွယ်ဆေးကို  ထိုးနှံနိုင်ပါတယ်။   ယခင်က
ကာကယ်ဆေးတစ်ကြိမ်ထိုးထားပြီးတဲ့သူတွေကရော အခုကာကွယ်ဆေးတွေရလာပြီ၊  ထပ်ထိုး ရမလား ဆိုရင် အခုလက်ရှိကာကွယ်ဆေးတွေသည်  တစ်ခုနဲ့တစ်ခုပြောင်းလဲပြီး ထိုးဖို့အတွက် WHO က မပြောထားပါဘူး။ အရင်က ကာကွယ်ဆေး covishield ထိုးထားသူဆိုရင် covishield ကို   ဒုတိယအကြိမ် ထပ်ထိုးသင့်ပါတယ်။ covishield ထိုးနှံထားတဲ့ အများစုသည်   နှစ်ကြိမ်လောက်   ပြည့်ပြည့်ဝဝ ထိုးနှံထားပြီး ဖြစ်ပါတယ်။ covishield နည်းနည်း ပိုလျှံတဲ့အခါ တစ်ကြိမ်ပဲရရဆိုပြီး ထိုးပေးထားတဲ့ သူတွေလည်းရှိပါတယ်။ မကြာမီမှာ အိန္ဒိယကလည်း ဆေးတွေ ထပ်ရလာဖွယ်ရှိပါတယ်။ 


အချိန်ခြောက်လ အထိခြားလို့ရ
လက်ရှိပိုးတွေ့မှု အများဆုံးက အိန္ဒိယမဟုတ် ပါဘူး။   အင်ဒိုနီးရှား   ဖြစ်သွားပါပြီ။ အိန္ဒိယရဲ့ အခြေအနေက ဖြစ်ပွားမှုနဲ့ သေဆုံးမှုကျဆင်းလာ တာကို   တွေ့ရတဲ့အတွက်   သူတို့ဆီက  ကာကွယ် ဆေးတွေလည်း ကျွန်မတို့ ဝယ်ထားပြီးသားဖြစ်တဲ့ အတွက် ရောက်ရှိလာဖွယ်ရှိပါတယ်။ ဒါဆိုရင် သူတို့ ထိုးနှံနိုင်မှာဖြစ်ပါတယ်။    အချိန်ခြားသွားပြီလို့ ပြောရင်တော့ အိန္ဒိယရဲ့ကာကွယ်ဆေးနဲ့ ပတ်သက် တဲ့ အဖွဲ့အစည်းက   covishield သည်    အချိန် ခြောက်လအထိ     ခြားလို့ရပါတယ်လို့   ပြောထား တာရှိပါတယ်။


ကျန်းမာရေးဝန်ထမ်းတွေက  ကိုဗစ် - ၁၉ လူနာ တွေကို  အမြဲထိတွေ့  ကိုင်တွယ်နေရတော့ သူတို့ တွေရဲ့ ဆန္ဒအရ ထိုးမယ်ဆိုရင်  အခုရောက်ရှိနေတဲ့ Sinopharm ကို ထိုပေးတာတွေ့ရှိပါတယ်။ ဒါကချွင်းချက်အနေနဲ့ ထိုးပေးတာဖြစ်ပါတယ်။ Sinopharm  နဲ့ Sinovac သည် တကယ်အာနိသင် ကောင်းမွန်တဲ့ ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။ ဒီနှစ်ခုစလုံးက WHO ရဲ့ စံသတ်မှတ်ချက်တွေ အကုန်လုံးနဲ့ ကိုက်ညီပြီး သူတို့ရဲ့ သုတေသနပြုချက် အမျိုးမျိုးကနေ တကယ် ထိရောက်တယ်၊ ကောင်းမွန်တယ်ဆိုတာ သက်သေခံ နိုင်တဲ့အတွက်ကြောင့် ပြည်တွင်းက ပြည်သူတွေကို ထိုးနှံပေးတာဖြစ်ပါတယ်။  လက်ရှိထိုးနှံခွင့်ရတဲ့ ကာကွယ်ဆေးသည်  အကောင်းဆုံးဖြစ်ပါတယ်။ မြန်မြန် ကာကွယ်ဆေးတွေ ထိုးမယ်။ ကာကွယ်မှုတွေ မြန်မြန်ရယူလိုက်ပြီး ဒီရောဂါဆိုးကြီးက ကျွန်မတို့ကို တိုက်ခိုက်ဖျက်ဆီး နှိပ်စက်သေဆုံးတဲ့အထိ ဖြစ်စေ ခြင်းက ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကို ပြည်သူ တွေကို သိစေချင်ပါတယ်။

 


ကာကွယ်ဆေးက ထိရောက်ပါတယ်။ အစွမ်း ထက်ပါတယ်။ ကာကွယ်ဆေးကို မြန်မြန်ဆန်ဆန် လူများများနဲ့    အရှိန်အဟုန်မြှင့်မြှင့်    ထိုးနှံလိုက် မယ်ဆိုရင် ကိုယ်ခံအားတွေ တက်လာမယ်။ ကိုယ်ခံ အားတွေတက်လာရင် ရောဂါပိုးကြောင့် ထိခိုက်မှု ကနေ  ကာကွယ်နိုင်ပါတယ်။   ကာကွယ်ဆေးက နှစ်ကြိမ်ထိုးဖို့ လိုပါတယ်။ နှစ်ကြိမ်ထိုးတဲ့အခါမှသာ သူ့ရဲ့ ကာကွယ်နိုင်မှုက ပြည့်ပြည့်ဝဝရမှာ ဖြစ်ပါတယ်။ 

 


ဒီတော့ ကာကွယ်ဆေးကို နှစ်ကြိမ်အပြည့််ထိုးနှံဖို့ကိုလည်း  ပြောချင်ပါတယ်။  နောက်တစ်ခုက ကာကွယ်ဆေးထိုးနှံပြီး        ရောဂါကူးစက်မှုကို ဖြတ်တောက်ခြင်းကလည်း  ကမ္ဘာ့ကပ်ရောဂါကြီး ကို ဖြတ်တောက်ဖို့  နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အခုကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်မျိုးကွဲတွေ အမျိုးမျိုးပေါ် နေပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲတွေ မပေါ်ဖို့၊ သူတို့တွေကို ဖြတ်တောက်နိုင်ဖို့ အဓိကလုပ်ဆောင် ရမှာက ကူးစက်မှုကို ဖြတ်တောက်ဖို့ပါ။ ဒီလိုဖြတ် တောက်ရာမှာ ကာကွယ်ဆေးထိုးခြင်းက အရေး ကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ 
ကာကွယ်ဆေးထိုးထားပြီးပြီ၊ အခြားကာကွယ် ရေးနည်းလမ်းတွေကို လိုက်နာဖို့ မလိုဘူးလား ဆိုရင် လိုပါသေးတယ်။ ကာကွယ်ဆေးတွေက ၁၀၀  ရာခိုင်နှုန်း မကာကွယ်ပါဘူး။ ကာကွယ်ဆေး ထိုးလိုက်လို့ ၁၀၀ ရာခိုင်နှုန်း ရောဂါမဖြစ်တော့ ဘူးလို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ ၁၀၀ ထဲမှာမှ အချို့ သောသူတွေဟာ ကိုယ်ခံအားနည်းမယ်၊ ကူးစက် ရောဂါ  ကာကွယ်ရေးနည်းလမ်းတွေကို  မလိုက် နာတဲ့သူတွေမှာ ပြန်ကူးစက်နိုင်ပါတယ်။ ကူးစက် ပေမယ့် ဆိုးရွားစွာမဖြစ်ပါဘူး။ 

 


ဒါကြောင့် ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးသူ ဖြစ်စေ၊       နှစ်ကြိမ်အပြည့်ထိုးပြီးသူဖြစ်စေကိုဗစ်- ၁၉ စည်းကမ်းချက်တွေကို သေသေချာချာ လိုက်နာဖို့လိုပါတယ်။  ဘယ်သွားသွား  ပါးစပ် နှာခေါင်းစည်း Mask တပ်ဖို့ အရေးကြီးပါတယ်။ ထိရောက်တဲ့ ကာကွယ်နိုင်မှုဖြစ်ပါတယ်။ အလွန် လွယ်ကူပါတယ်။ သို့သော် လူတွေက Mask တပ်ဖို့ မေ့လျော့နေကြတယ်။ တစ်ခါတလေ ပေါ့လျော့ နေ ကြတယ်။ လွယ်လွန်းတော့လည်း တန်ဖိုးမထား သလိုဖြစ်နေတယ်။ တချို့တွေ ကြည့်လိုက်မယ် ဆိုရင် Mask က မေးစေ့မှာရောက်နေတာ၊ နှာခေါင်း ဖော်ပြီး တပ်ထားတာ၊ Mask တော့တပ်ထားတယ်၊ တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါ အားမရဘူးဆိုပြီး ပြောတာမျိုးတွေက ကူးစက်နိုင်ဖို့ အခွင့်အလမ်းများပါတယ်။ မလုပ်သင့်ပါဘူး။ 
တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေဖို့ ကလည်း အရေးကြီးပါတယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပွား နေတဲ့ ဒယ်လ်တာဗိုင်းရပ်စ်က ကူးစက်မှုရဲ့ အဓိက လက်သည်ဖြစ်ပါတယ်။ ကူးစက်မှုတွေက မြန်ပါ တယ်။ မိမိရဲ့ မိသားစုဝင်အချင်းချင်း၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်း တစ်တိုက်တည်းနေသူ အချင်းချင်း၊ တစ်မိုးအောက်မှာ နေသူအချင်းချင်းက ကူးစက်မှုက အလွန်မြန်ပါတယ်။ 

 


ပါးစပ်နှာခေါင်းစည်းတပ်ဖို့လို

 


အရင်တုန်းက တစ်ယောက်က တစ်ယောက်ကို ကူးစက်နိုင်မှုက ၂ ဒသမ ၅ ၊ နှစ်ယောက်ခွဲလောက်ပဲ ကူးစက်နိုင်ပေမယ့်    ဒယ်လ်တာ    မျိုးဗီဇက ငါးယောက်ကနေ ရှစ်ယောက်အထိ ကူးစက်နိုင်ပါ တယ်။ အယ်လ်ဖာနဲ့နှိုင်းယှဉ်ရင် ၆၀ ရာခိုင်နှုန်း ပိုမြန်ပါတယ်။ ၆၀ ရာခိုင်နှုန်းသည် အဆ ၆၀ မဟုတ်ပါဘူး။ ၁ ဒသမ ၆ ဆ ဖြစ်ပါတယ်။ ဒါကြောင့် ပါးစပ်နှာခေါင်းစည်းတပ်ဖို့လိုပါတယ်။ လူအုပ်စု ကို ရှောင်ဖို့လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက်  အနည်းဆုံးခြောက်ပေအကွာနေဖို့ လိုပါတယ်။ လက်ကို သန့်ရှင်းစွာထားဖို့လိုပါတယ်။ လေကောင်း လေသန့်ရဖို့လိုပါတယ်။  ပြတင်းပေါက်တွေဖွင့် ထားပါ။ လေတွေနဲ့အတူ ရောဂါပိုးတွေပါလာမယ်လို့ မတွေးပါနဲ့။ ပြတင်းပေါက်တွေ ဖွင့်ထားမှသာ ရောဂါ ပိုးတွေသေမှာ၊ ကိုယ့်ဆီမကပ်ငြိမှာဖြစ်ပါတယ်။ 

 


နောက်တစ်ခုအရေးကြီးတာက ကာကွယ် ဆေးတွေရမယ်ဆိုရင်  အလျင်အမြန် ထိုးပေးပါ။ ဒီလိုထိုးပေးခြင်းက    မိမိကိုယ်တိုင်အတွက်ရော 
မိသားစုဝင်တွေအတွက်ပါအကျုံးဝင်ပြီး ကောင်းကျိုး တွေရရှိမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးရရှိမှုအပေါ် မူတည်ပြီး ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးမှာ  ဖြစ်တဲ့အတွက်  ဆန္ဒမစောပါနဲ့။ ကျွန်မတို့ပြောထားတဲ့ အုပ်စုတွေထဲမှာ  မိသားစုဝင်တွေကလည်း  တစ်ခု မဟုတ်တစ်ခုနဲ့  ပါဝင်နေမှာဖြစ်ပါတယ်။ 
၂၀၂၁ ခုနှစ် နှစ်ကုန်မှာ ကာကွယ်ဆေးရရှိဖို့ အကျုံးဝင်တဲ့  ၁၈ နှစ်အထက် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ထိုးနှံဖို့အမြန်ဆုံးဆောင်ရွက်နေပါ တယ်လို့ ပြောချင်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း ဖြင့် ကိုဗစ် - ၁၉ ရောဂါကနေ ကာကွယ်ကြပါစို့လို့ ကျွန်မအနေနဲ့ တိုက်တွန်းလိုပါတယ်။     ။

 

ထက်လျှံ