အခွန်ပုန်း၊ အခွန်ရှောင်များကို ဖော်ထုတ်အရေးယူပြီး အခွန်ထမ်းသစ်များရရှိရေး ဆောင်ရွက်ကြရမည်

 

ပဲခူး    ဇွန်    ၁


ဒေသဖွံ့ဖြိုးရေး       လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခွန်ငွေရရှိမှု အပေါ် မူတည်၍   ဆောင်ရွက် ပေးရခြင်းဖြစ်သဖြင့်    ရသင့် ရထိုက်သည့်  အခွန်ဘဏ္ဍာငွေများ နှင့်ကြွေးကျန်များ    ကောက်ခံ ရရှိရေး တွန်းအားပေးဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊  ထို့အတူ အခွန်ပုန်း၊   အခွန်ရှောင်များကို ဖော်ထုတ်အရေးယူပြီး   အခွန်ထမ်း သစ်များရရှိရေး ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း   ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

 


ပဲခူးတိုင်းဒေသကြီး  အစိုးရ အဖွဲ့ရုံး   တော်ဝင်ဟံသာ   အစည်း အဝေးခန်းမ၌    မေ  ၃၁ ရက်   မွန်းလွဲပိုင်းက     ကျင်းပသည့်  တိုင်းဒေသကြီးအဆင့်   အစည်း အဝေး      အမှတ်စဉ်   (၄/၂၀၂၂) တွင်      ထိုသို့    ပြောကြားခဲ့ခြင်း ဖြစ်သည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က     ကျောင်းသုံး ပရိဘောဂနှင့် အားကစားပစ္စည်း များ ပြည့်စုံစေရေးနှင့်   လုံခြုံရေးအလေးထားဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊       ထို့အတူ အခြေခံပညာ ကျောင်းများတွင်အားကစားပြိုင်ပွဲများ ထည့်သွင်း ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက် သွားကြရမည်        ဖြစ်ကြောင်း၊  သက်ဆိုင်ရာ  သစ်တောဦးစီးဌာန နှင့်ချိတ်ဆက်၍     ပျိုးပင်များ ကြိုတင်        စုဆောင်းထားရန်နှင့် တစ်ပင်စိုက်  တစ်ပင်ရှင်စနစ်ဖြင့် ပြုစုထိန်းသိမ်း ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်   တိုင်းဒေသကြီး အစိုးရအဖွဲ့    တာဝန်ရှိသူများက ရသင့်ရထိုက်သည့်      အခွန်ငွေနှင့် ကြွေးကျန်များ ကောက်ခံနေမှုနှင့် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်နေမှု၊   နွေရာသီစိုက်ပျိုးရေ ရရှိရေး    အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်  အခြေအနေ များနှင့်    တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက  တင်ဒါလုပ်ငန်း များ   ဆောင်ရွက်နေမှု၊    ရသင့် ရထိုက်သည့်  အခွန်ဘဏ္ဍာငွေနှင့် ကြွေးကျန်များ ကောက်ခံရရှိမှု၊ ဌာနဆိုင်ရာ    ရုံးလုပ်ငန်းများ အေးချမ်းတည်ငြိမ်စွာ ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး    ဝန်ကြီးချုပ်က လိုအပ်သည်များ        ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်