
မင်္ဂလာဒုံ စက်တင်ဘာ ၈
မင်္ဂလာဒုံမြို့နယ် အခမဲ့နာရေးကူညီမှုအသင်း(ထောက်ကြံ့) နှင့် စေတနာရှင် အလှူရှင်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည် ဆောက်ခဲ့သော အောက်ဆီဂျင် စက်ရုံတည်ဆောက်မှုများ ယခု အချိန်တွင် ၉၀ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်၍ စတင်စမ်းသပ်ထုတ်လုပ်နေပြီဖြစ်ကြောင်း အခမဲ့ နာရေးကူညီမှုအသင်း (ထောက်ကြံ့) ဥက္ကဋ္ဌ ဦးလှမြင့်ထံမှ သိရသည်။
“အောက်ဆီဂျင် စက်ရုံကို ကျွန်တော်တို့ အခမဲ့နာရေး ကူညီမှုအသင်း (ထောက်ကြံ့)ရဲ့ ဦးဆောင်မှုနဲ့ ထောက်ကြံ့မြို့သူ မြို့သားများ၊ အလှူရှင်ပြည်သူ များရဲ့ လှူဒါန်းထောက်ပံ့မှုနဲ့ အခမဲ့ နာရေးကူညီမှုအသင်းဝင်း အတွင်း ဇူလိုင် ၂၅ ရက်က စတင် တည်ဆောက်ခဲ့ပါတယ်။ ဩဂုတ် ၃၁ ရက်မှာ စက်ရုံတည်ဆောက်မှု က ၉၀ ရာခိုင်နှုန်းသာ ပြီးစီးပေ မယ့် အောက်ဆီဂျင်စမ်းသပ် ထုတ်လုပ်ပြီး ပြည်သူများရဲ့ အောက်ဆီဂျင် လိုအပ်မှုအတွက် အခမဲ့ ဖြန့်ဝေပေးနေပါတယ်။ စမ်းသပ်ထုတ်လုပ်ရာမှာ စွမ်းအား ပြည့်ထုတ်ရင် တစ်နေ့ကို လီတာ ၄၀ အိုးကြီး အလုံး ၇၀ ထုတ်လုပ် နိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ တစ်ရက်ကို အလုံး ၅၀ စမ်းသပ် ထုတ်လုပ်ပြီး လူမျိုးဘာသာမရွေး အခမဲ့ ဖြန့်ဝေပေးနေပါတယ်”ဟု အောက်ဆီဂျင်စက်ရုံ တည်ဆောက် ရေး တာဝန်ယူဆောင်ရွက်သူ အခမဲ့ နာရေးကူညီမှုအသင်း (ထောက်ကြံ့)အဖွဲ့ဝင် ဦးသန်း နိုင်ဝင်းက ပြောသည်။
အဆိုပါ အောက်ဆီဂျင် စက်ရုံကို မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့မြို့ရှောင်လမ်း အခမဲ့ နာရေးကူညီမှုအသင်း (ထောက်ကြံ့) ဝင်းအတွင်း၌ တည်ဆောက် ထားပြီး စက်ရုံအဆောက်အအုံမှာ ပေ (၅၀ x ၃၀) အာစီသွပ်မိုး အဆောက်အအုံဖြစ်ကြောင်း သိရ သည်။
ရွှေညာသား