အခမဲ့ သုံးစွဲခွင့်ပြုပါရန် မူပိုင်ခွင့်ရှိသူများထံ မေတ္တာရပ်ခံပန်ကြားခြင်း

မြန်မာတစ်မျိုးသားလုံး အလေးအမြတ်ထားပြီး  ပျော်ရွှင်စွာဆင်နွှဲကြ သည့်   မြန်မာ့ရိုးရာ  အတာသင်္ကြန်ပွဲတော်ကာလကို  ယခင်နှစ်များ နည်းတူ ၂၀၂၄ ခုနှစ်တွင်လည်း မြန်မာ့ရိုးရာ  အစဉ်အလာများနှင့် အညီ ဆင်နွှဲသွားမည်ဖြစ်ပါသည်။  ထိုသို့ဆင်နွှဲရာတွင်   ဖျော်ဖြေမှု အနေဖြင့်  ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ/  ဝန်ကြီးဌာနများ အပါအဝင်  တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်   ဌာနဆိုင်ရာ များသည် မဟာသင်္ကြန်တေးသီချင်းများကို   ဖျော်ဖြေသီဆိုမှုများ၊  တင်ဆက်ကပြမှုများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုသို့ နိုင်ငံတော်  အစိုးရ ကိုယ်စားပြုလုပ်သည့် မြို့တော်ဝန်မဏ္ဍပ်များနှင့် နေပြည်တော် တွင် ကျင်းပပြုလုပ်မည့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များတွင် သင်္ကြန် နှင့် သက်ဆိုင်သော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက အများပြည်သူသို့ အခမဲ့ထုတ်လွှင့် ပြသသွားမည်ဖြစ်ပါသည်။


သို့ဖြစ်ရာ စီးပွားရေးအကျိုးအမြတ်အတွက်မဟုတ်ဘဲ  အများ ပြည်သူဖျော်ဖြေရေးအတွက် ရည်ရွယ်ဆောင်ရွက်သော အထက်ပါ နေရာများ၌   သီဆိုဖျော်ဖြေခြင်း၊   ထုတ်လွှင့်ဖော်ပြခြင်းများတွင် ပါဝင်သည့်  တေးသီချင်းများအား မေတ္တာဖြင့် အခမဲ့သုံးစွဲခွင့်ပြုနိုင်ပါရန် မူပိုင်ခွင့်ရှိသည့်   ပညာရှင်ကြီးများကို    လေးစားစွာမေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။


ထိုသို့    အသုံးပြုခွင့်ပေးသည့်အတွက်     ပြန်ကြားရေးဝန်ကြီး ဌာနက  သက်ဆိုင်သည့်  မူပိုင်ခွင့်ရှိသူ  ပုဂ္ဂိုလ်တစ်ဦးချင်းစီအား အထူးပင်   ကျေးဇူးတင်ရှိပါကြောင်း   မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါ သည်။


ပြန်ကြားရေးဝန်ကြီးဌာန