အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရနိုင်မယ့် Hope TeleCare  အက်ပလီကေးရှင်း 


 

Hope TeleCare  အက်ပလီကေးရှင်းဟာ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်တဲ့ ပြည်သူ တွေအနေနဲ့ အွန်လိုင်းကနေ အခမဲ့ ကျန်းမာ ရေးစောင့်ရှောက်မှုတွေ   ရယူနိုင်မယ့်  အက် ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ 
အက်ပလီကေးရှင်းကို Account မဖွင့်ဘဲ ဝင်ကြည့်ရင်   ကိုဗစ်-၁၉   ရောဂါအကြောင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ ဆောင်းပါး မျိုးစုံကို ကဏ္ဍအလိုက် ရွေးချယ်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။  Account ဖွင့်ပြီး ဝင်ရောက်ရင် တော့ ကျန်းမာရေးဆိုင်ရာ သိချင်တာတွေကို မနက်  ၈  နာရီကနေ  ည  ၈  နာရီအတွင်း ဆရာဝန်တွေဆီမှာ အခမဲ့ မေးမြန်းနိုင်မှာဖြစ် ပါတယ်။ ဒါ့အပြင် အထူးကုဆရာဝန်ကြီးများနဲ့ အထွေထွေရောဂါကု       ဆရာဝန်ကြီးတွေကို ရွေးချယ်ပြီး မိမိတို့ရဲ့ ကျန်းမာရေးပြဿနာ တွေနဲ့ပတ်သက်လို့   စာ၊   ဓာတ်ပုံ၊    အသံဖိုင်၊   ဗီဒီယိုဖိုင်တွေနဲ့ ဆွေးနွေးမေးမြန်းပြီး ကျန်းမာ ရေးစောင့်ရှောက်မှုတွေ ရယူနိုင်မှာဖြစ်ပါတယ်။ 
Hope TeleCare အက်ပလီကေးရှင်းကို ပြည်တွင်းနည်းပညာလုပ်ငန်းတစ်ခု      ဖြစ်တဲ့ Blue Ocean က  ပြည်တွင်းက  ဆရာဝန်ကြီး တွေနဲ့ မလေးရှားနိုင်ငံက မိတ်ဖက် နည်းပညာ ကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းပြီး  ဩဂုတ်လဆန်းက စတင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။   Hope TeleCare   ကို   အက်ပလီကေးရှင်းသာမက ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု ပလက်ဖောင်း တစ်ခုအနေနဲ့ပါ     ထုတ်လုပ်ထားလို့    Hope.com.mm ဝက်ဘ်ဆိုက်မှာလည်း ကျန်းမာရေး ဆိုင်ရာဆောင်းပါးတွေ၊    Hope TeleCare အကြောင်းတွေကို ဝင်ဖတ်နိုင်သလို   Hope TeleCare Myanmar လူမှုကွန်ရက်စာမျက်နှာ မှာလည်း ဆောင်းပါးတွေ၊ ကျန်းမာရေးဆိုင်ရာ သိကောင်းစရာတွေကို   ဝင်ရောက်ဖတ်ရှုနိုင် ပါတယ်။ 
ဒါ့အပြင်       လူမှုကွန်ရက်စာမျက်နှာရဲ့ မက်ဆင်ဂျာကနေ   စာရင်းပေးသွင်းပြီးတော့ သတ်မှတ်ထားတဲ့အချိန်မှာ အက်ပလီကေးရှင်း ကနေတစ်ဆင့်  အထူးကုဆရာဝန်ကြီးတွေကို ကျန်းမာရေးဆိုင်ရာတွေ   တိုက်ရိုက်မေးမြန်း ခြင်းနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ထိုးပေး တဲ့  ကံစမ်းမဲအစီအစဉ်  စတာတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ အက်ပလီကေးရှင်းကို ပလေးစတိုးမှာ Hope Blue Planet Myanmar လို့ရှာပြီး  ဒေါင်းလုပ်ဆွဲနိုင်သလို  hope.com.mm ဝက်ဘ်ဆိုက်ကနေလည်း ဒေါင်းယူနိုင်ပါ တယ်။
ကျော်ဇင်ဦး