အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် စစ်မှုသိပ္ပံနည်းပညာများအရ သင်ယူလေ့လာလေ့ကျင့်မှုဖြင့်သာ ခေတ်မီတပ်မတော်  နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သော တပ်မတော်အဖြစ် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မည်

 

 

နေပြည်တော်   မေ  ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)   ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊   ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊  ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း၊ ရေ၊ လေ)မှ  တပ်မတော်အရာရှိကြီး များ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်း လှိုင်နှင့်  တာဝန်ရှိသူတို့လိုက်ပါ၍ ယနေ့တွင်    မြိတ်တပ်နယ်၊ ပလောက် တပ်နယ်နှင့် ဟိန်းဇဲတပ်နယ်တို့မှ အရာရှိ၊   စစ်သည်မိသားစုဝင်များ၊   သင်တန်းသား  စစ်သည်များအား  သီးခြားစီတွေ့ဆုံ၍    အမှာစကား ပြောကြားသည်။ 
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ   ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က       အမှာစကား ပြောကြားရာတွင် တပ်မတော်၏ အသက်ခန္ဓာသည် စစ်စည်းကမ်းဖြစ်သည့်အပြင် လုံခြုံရေးအသိ အမြဲ ရှိရန်လိုအပ်သဖြင့်         လုံခြုံရေးနှင့်ပတ်သက်၍   ကျိုးပေါက်မှုမရှိစေရန်လိုကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော်သည် နိုင်ငံတော်အတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေရသဖြင့် အဆင့် အတန်းအားလုံးသည် မိမိ၏တာဝန်၊ ဝတ္တရားများကို သိရှိကြပြီး ကိုယ်စီလုပ်ငန်းတာဝန်များအပေါ် အလေး အနက်ထား ကျေပွန်အောင်မြင်စွာ လုပ်ကိုင်ဆောင် ရွက်ကြရန်လိုကြောင်း၊  အသိမှန်မှ    အလုပ်မှန်ပြီး အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊    လုပ်ငန်းတာဝန် ထမ်းဆောင်ရာတွင် ယုံကြည်မှုဖြင့် ပိုင်နိုင်ကျွမ်းကျင် စွာ ဆောင်ရွက်နိုင်ရန်မှာ လေ့ကျင့်ရေးသည် အရေး ကြီးကြောင်း၊ လေ့ကျင့်မှုပိုင်နိုင်မှသာ ယုံကြည်မှုရပြီး ကျွမ်းကျင်မှုရှိ၍ ကျွမ်းကျင်မှုမှတစ်ဆင့်   အောင်မြင်မှု ကို ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း၊  အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့်    စစ်မှုသိပ္ပံနည်းပညာ များအရ သင်ယူလေ့လာလေ့ကျင့်မှုဖြင့်သာ ခေတ်မီ တပ်မတော်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော တပ်မတော်အဖြစ် နိုင်ငံတော်ကာကွယ်ရေးတာဝန် ကို   ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။ 
သက်သာချောင်ချိရေး ဆောင်ရွက်ပေးရန်လို
လေ့ကျင့်မှုပြည့်ဝပါက လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်      ကောင်းမွန်သောစီမံခန့်ခွဲနိုင် သည့် အုပ်ချုပ်ရေးစနစ်  လိုအပ်မည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးစနစ်အတွက်         မှန်ကန်သည့်အမိန့်၊ ပြဋ္ဌာန်းထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ  တိမ်းစောင်းမှုမရှိ၊   မှန်ကန်မျှတစွာ   စီမံအုပ်ချုပ် သွားရန်လိုကြောင်း၊        ပြည့်ဝသောလေ့ကျင့်မှုကို ကောင်းမွန်သော အုပ်ချုပ်မှုဖြင့် ပေါင်းစပ်နိုင်ပါက ရည်ရွယ်ချက်၊ ရည်မှန်းချက်များ  အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊   အဆိုပါအောင်မြင်မှုကို      ရေရှည် ထိန်းသိမ်းနိုင်ရန်       မဖြစ်မနေလိုအပ်မှုအနေဖြင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်   ၂၀၁၂   ခုနှစ်မှစတင်၍      တပ်မတော်တစ်ရပ်လုံးအတွက် သက်သာချောင်ချိရေးကို အဓိက အထောက်အကူ ပြုနိုင်သော   စိုက်ပျိုးရေးဆိုင်ရာ မူဝါဒ၊   မွေးမြူရေးဆိုင်ရာ မူဝါဒ များ ချမှတ်၍  အကောင်အထည်ဖော် ဆောင်ရွက် စေခဲ့ကြောင်း၊      ထိုဆောင်ရွက်စေမှုကြောင့်   ယခု အခါ  အသားငါး၊ ကြက်ဥမှစ၍ ဟင်းသီး၊ ဟင်းရွက် များအထိ စစ်သည်၊ မိသားစုများသာမက သက်ဆိုင် ရာ ဒေသများအထိ စားသောက်ရေးအပေါ် ထိရောက် သော အထောက်အကူ ဖြစ်စေခဲ့ကြောင်း။
 ဟန်ချက်ညီဆောင်ရွက်
အလားတူ နေရေး၊ ဝတ်ရေး၊ သွားလာရေး၊  ပညာ ရေး၊   ကျန်းမာရေးအတွက် နိုင်ငံတော်နှင့်တပ်မတော်မှ ခွင့်ပြုထားသော ရပိုင်ခွင့်များကို သတ်မှတ်ထားသော မူဘောင်အတွင်းမှ ကောင်းစွာစီမံခန့်ခွဲပေးခြင်းဖြင့်  သက်သာချောင်ချိရေး   ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ မှန်ကန်သောအုပ်ချုပ်မှုစနစ်မှ ကောင်းမွန် သော သက်သာချောင်ချိမှုကိုဖြစ်စေပြီး    ယင်းမှ အောင်မြင်မှု၏ အရေးအကြီးဆုံးဖြစ်သည့် စိတ်ဓာတ် ခိုင်မာကောင်းမွန်မှုကို       ရရှိနိုင်မည်ဖြစ်ကြောင်း၊  လုပ်ငန်းတာဝန်များ    ချောမွေ့စွာဖြင့်    ရေရှည် အောင်မြင်မှုရရှိရန်မှာ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်တို့သည် အားလုံး မရှိမဖြစ်လိုအပ်သော ဆက်နွှယ်မှုဖြစ်၍ အလေးထား ရန်လိုကြောင်း၊ အဆိုပါအချက် ၄ ချက်ကို ဟန်ချက် ညီဆောင်ရွက်နိုင်ခြင်းဖြင့်     တပ်တွင်းစည်းလုံး ညီညွတ်မှုကို  အလိုလိုခိုင်မာအောင် တည်ဆောက် ပြီးသားဖြစ်နေမည်ဖြစ်ကြောင်း။
 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   နိုင်ငံတော်အား တာဝန်ယူထိန်းသိမ်းခဲ့သည့် ၁ နှစ်နှင့်   ၃ လ ကာလအတွင်း အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်အား     အလုံးစုံပျက်သုဉ်းရေးဦးတည်ချက် ဖြင့်  ဆန့်ကျင်ဘက်အဖွဲ့အစည်းမျိုးစုံက  နည်းမျိုးစုံ ဖြင့် ကြိုးပမ်းလာခဲ့ကြောင်း၊ တည်ငြိမ်မှုကို လိုလား သည့် ပြည်သူလူထု၊ သစ္စာရှိဝန်ထမ်းများ၊  လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များက ညီညွတ်သော အင်အားကြောင့် ၎င်းတို့ ၏ ရည်မှန်းချက် ပျက်ပြားသွားချိန်တွင်  အင်အား ခိုင်မာတောင့်တင်းသည့်    တပ်မတော်ကိုဖြိုခွဲရန် ဆက်တိုက်ကြိုးပမ်းလာကြောင်း၊ သို့သော်  တပ်မတော် ၏ ရေပက်မဝင်သော   စည်းလုံးညီညွတ်မှုကြောင့် ခိုင်မာသောအဖွဲ့အစည်းအဖြစ်     ရပ်တည်နိုင်သည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် ၂၀၂၂ ခုနှစ်ကို   ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်၍ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်မှုများပြုလုပ်ခဲ့ကြောင်း၊   လွတ်လပ်၍   တရားမျှတ သော အထွေထွေရွေးကောက်ပွဲ ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်သဖြင့် နိုင်ငံတော် အကြီးအကဲက လက်ခံတွေ့ဆုံရန်လည်း ဖိတ်ခေါ် ထားကြောင်း။
ပေါင်းစပ်ညှိနှိုင်းဖြေရှင်း
ဆက်လက်ပြီး  လေ့ကျင့်ရေးသင်တန်းများနှင့် ပတ်သက်၍ သင်တန်းကျောင်းတွင်   တက်ရောက်နေ သည့် သင်တန်းသားများအနေဖြင့်လည်း သင်ကြား ပေးသည့် သင်ခန်းစာများကို အမှန်တကယ် တတ် မြောက်၍ လက်တွေ့အသုံးချနိုင်သည်အထိ လေ့လာ သင်ယူသွားရန်လိုကြောင်း၊    အလားတူ နည်းပြများ အနေဖြင့်လည်း  သင်တန်းသားများ၏   ယုံကြည် ကိုးစားမှုခံရသည့် သင်ကြားမှုအရည်အချင်း စွမ်းရည် နှင့်   ပြည့်စုံရမည့်အပြင်   ဟန်ပန်အမူအရာလည်း    လေးစားဖွယ်ရာရှိနေရမည်ဖြစ်ကြောင်း၊ တပ်မတော် သားများအနေဖြင့် စစ်ဆင်ရေးတာဝန်ဖြစ်စေ၊ လုံခြုံ ရေးတာဝန်ဖြစ်စေ၊   နိုင်ငံ့အရေးကိစ္စရပ်များ ဆောင် ရွက်ရာတွင်  ပေးအပ်သည့်   လုပ်ငန်းတာဝန်နှင့် မိသားစုတာဝန်များ  ကျေပွန်စွာထမ်းဆောင်နိုင်ရန် ကျန်းမာကြံ့ခိုင်မှုသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ သို့ဖြစ်၍ တပ်မတော်မှ ချမှတ်ထားသည့် ကြံ့ခိုင်ရေး ဆိုင်ရာမူဝါဒနှင့် ကျန်းမာရေးဆိုင်ရာ ပညာပေးမှုများ ကို လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း မှာကြား ပြီး  တက်ရောက်လာကြသည့်   အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြချက်များအပေါ်  တာဝန်ရှိသူများနှင့်    ပေါင်းစပ်ညှိနှိုင်း   ဖြေရှင်း ဆောင်ရွက်ပေးသည်။
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ    ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများပေးအပ်ရာ   တာဝန်ရှိသူတို့က လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ် ရေး ဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး   လိုက်လံ နှုတ်ဆက်ကြသည်။
ကြည့်ရှုစစ်ဆေး
ထို့ပြင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များ သည်   ပလောက်တပ်နယ်    နယ်မြေခံသင်တန်း ကျောင်းရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းအတွင်း ဥစားကြက်၊ အသားတိုးကြက်၊ DYL ဝက်နှင့် နို့စား နွားမွေးမြူထားရှိမှု၊ ရာသီသီးနှံများ စိုက်ပျိုးမွေးမြူထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်