အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၅/၂၀၂၄) နှင့် အမှုထမ်းငယ်များအတွက် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၄) တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   ဧပြီ    ၅


နိုင်ငံခြားရေးဝန်ကြီးဌာနမှ  ဦးစီး ဖွင့်လှစ်ခဲ့သည့် အခြေခံသံတမန် ရေးရာ    ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၅/၂၀၂၄)နှင့် အမှုထမ်း ငယ်များအတွက်      အခြေခံရုံး လုပ်ငန်း    ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်   (၂/၂၀၂၄)    တို့၏ သင်တန်းဆင်းပွဲအခမ်းအနားများ ကို ယနေ့နံနက်   ၉  နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည် တော်ရှိ   လောကနတ်ခန်းမနှင့် ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမ တို့တွင် တစ်ပြိုင်တည်းကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့်  နိုင်ငံခြား ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး  ဦးသန်းဆွေက  နေပြည် တော်၌      သင်တန်းဆင်းအမှာ စကား ပြောကြားသည်။ 


အခြေခံ      သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၅/၂၀၂၄)   ကို   နိုင်ငံခြားရေး ဝန်ကြီးဌာန (နေပြည်တော်)  နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) တို့တွင် တန်းခွဲနှစ်ခုဖြင့်  ဇန်နဝါရီ ၁၅   ရက်မှ    ဧပြီ  ၅  ရက်အထိ ရက်သတ္တ   ၁၂   ပတ်ကြာဖြင့် ဖွင့်လှစ်ခဲ့ပြီး အစိုးရဝန်ကြီးဌာန များနှင့်       အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့်   ပြင်ပပုဂ္ဂလိက နယ်ပယ်များမှ      နိုင်ငံတကာ ဆက်ဆံရေးနှင့်   သံတမန်ရေးရာ ဘာသာရပ်များကို စိတ်ပါဝင်စား သူ စုစုပေါင်း ၁၉၉ ဦး တက်ရောက်ခဲ့ ကြသည်။ သင်တန်းတွင် သံတမန် ရေးရာဘာသာရပ်များ၊   နိုင်ငံ တကာရေးရာများ၊    နိုင်ငံတကာ ဆက်ဆံရေး     ဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာ ဘာသာရပ်များ နှင့် အထွေထွေဗဟုသုတဆိုင်ရာ ဘာသာရပ်များ    သင်ကြားပို့ချခဲ့ သည်။ 
ထို့ပြင်     အမှုထမ်းငယ်များ အတွက်      အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၄)ကို နိုင်ငံခြားရေးဝန်ကြီး ဌာန နေပြည်တော်တွင်  မတ်  ၆ ရက်မှဧပြီ ၅ ရက်အထိ ရက်သတ္တ လေးပတ်ကြာဖြင့်    ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသစ် ခန့်အပ်လိုက်သည့်   အငယ်တန်း စာရေး ၂၀ တက်ရောက်ခဲ့သည်။ သင်တန်းတွင်     နိုင်ငံခြားရေး ဝန်ကြီးဌာန၏   လုပ်ငန်းတာဝန် များ၊ ရုံးနှင့်   ဝန်ထမ်းဆိုင်ရာ စည်းကမ်းများ၊ အခြေခံရုံးလုပ်ငန်း နှင့် ကွန်ပျူတာကျွမ်းကျင်မှုတို့ကို ပို့ချခဲ့သည်။ 


အဆိုပါ သင်တန်းဆင်းပွဲအခမ်း အနားများသို့ နိုင်ငံခြားရေးဝန်ကြီး ဌာန  ဒုတိယဝန်ကြီး၊ ညွှန်ကြား   ရေးမှူးချုပ်များနှင့်  တာဝန်ရှိသူ များ၊    အငြိမ်းစားသံအမတ်ကြီး များ၊ ဝါရင့်သံတမန်များ၊ ဘာသာ ရပ်ဆိုင်ရာ     ကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ    ပါမောက္ခ ဆရာကြီး /  ဆရာမကြီးများ၊  သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း     သိရ သည်။                        

သတင်းစဉ်