
ရန်ကုန် မေ ၂၈
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးမောင် မောင်သည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့ နံနက် ၇ နာရီတွင် ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် ကမ္ဘာအေးဘုရား လမ်းရှိ အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှု အသင်းအဖွဲ့များနှင့် ရပ်ကွက်နေ ပြည်သူများ ပူးပေါင်းအင်အားဖြင့် ရေမြောင်းများ ရှင်းလင်းနေမှု၊ မြက်၊ ချုံနွယ်များ ရှင်းလင်းနေမှု၊ အုပ်မိုးကိုင်းများ၊ လျှပ်စစ် ဓာတ်အားလိုင်းနှင့် မလွတ်ကင်း သည့် သစ်ကိုင်းသစ်ခက် အမှိုက် များ ရှင်းလင်းသိမ်းဆည်းနေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယမြို့တော် ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် မင်းရဲ ကျော်စွာလမ်းရှိ ဒဂုံတက္ကသိုလ် သို့ သွားရောက်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့ များနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အားဖြင့် ရေမြောင်း များ ရှင်းလင်းနေမှု၊ မြက်၊ ချုံနွယ် များ ရှင်းလင်းနေမှု၊ အုပ်မိုးကိုင်း များ၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ကိုင်း သစ်ခက်အမှိုက်များ ရှင်းလင်း သိမ်းဆည်းနေမှု၊ ဘက်စ်ကား မှတ်တိုင်များ ရေဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယ မြို့တော်ဝန်က ဘွဲ့နှင်းသဘင် အစည်းအဝေးခန်းမ၌ ဒဂုံ တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ ကြီး ဆရာမကြီးများနှင့် တွေ့ဆုံ ကာ ကျောင်းဝင်းအတွင်းအပြင် သန့်ရှင်းသာယာ သပ်ရပ်ရေး ရေရှည်ဆောင်ရွက်ရန် လိုအပ် ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယမြို့တော်ဝန် နှင့် အဖွဲ့သည် သင်္ဃန်းကျွန်း မြို့နယ် (င/က) ရပ်ကွက် သံသုမာလမ်းရှိ သွားဘက်ဆိုင် ရာ ဆေးတက္ကသိုလ်ဝင်းအတွင်း ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှု အသင်းအဖွဲ့များနှင့် ရပ်ကွက်နေ ပြည်သူများ ပူပေါင်းအင်အားဖြင့် ရေမြောင်းများ ရှင်းလင်းနေမှု၊ မြက်၊ ချုံနွယ်များ ရှင်းလင်းနေမှု၊ အုပ်မိုးကိုင်းများ၊ လျှပ်စစ် ဓာတ်အားလိုင်းနှင့် မလွတ်ကင်း သည့် သစ်ကိုင်းသစ်ခက်များ ခုတ်ထွင်ရှင်းလင်းနေမှု၊ အမှိုက် များ ရှင်းလင်းသိမ်းဆည်းနေမှုတို့ ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်