အခြေခံပညာကျောင်းများ ရက်သတ္တ (၁)ပတ် ဆက်လက် ယာယီပိတ်ထားမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19)
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ
အသိပေးကြေညာချက်


၁၃၈၃ ခုနှစ်၊ ဝါခေါင်လဆန်း     ၅    ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ    ၁၂    ရက်)


လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ဆက်လက်ဟန့်တားထိန်းချုပ်ရန် လိုအပ်သည့်အတွက် အခြေခံပညာ ကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင်) အား ၁၆-၈-၂၀၂၁ ရက်နေ့မှ ၂၂-၈-၂၀၂၁ ရက်နေ့ အထိ ရက်သတ္တ(၁)ပတ် ဆက်လက်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။