
ပုသိမ် မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၁)၌ သွေးလွန် တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင် ဝင်း တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု များပြားလျက်ရှိသောကြောင့် အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း ရေးကို အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူများပူးပေါင်ပါဝင်ဆောင် ရွက်လာကြစေရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဖုံး၊သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် လူအင်အားစုဖွဲ့၍ ကြိုတင်ကာကွယ် ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရန် လိုအပ် ကြောင်းနှင့် အဘိတ်ဆေး လိုအပ်ချက်များရှိပါက ကြိုတင်တောင်းခံရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ သော ဆက်စပ်ဌာနဆိုင်ရာများက သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ဝိုင်းဝန်း ဆွေးနွေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)