အခြေခံပညာကျောင်းများ ဖွင့်မှုရလဒ်အပေါ်မူတည်ပြီး တက္ကသိုလ်များကို ဆက်လက်ဖွင့်လှစ်သွားမည်

အခြေခံပညာကျောင်းများ ဖွင့်မှုရလဒ်အပေါ်မူတည်ပြီး တက္ကသိုလ်များကို ဆက်လက်ဖွင့်လှစ်သွားမည်
တိုင်းပြည်၏ဝင်ငွေ တိုးတက်စေရေး သဘာဝသယံဇာတများကိုသာ အားကိုးမနေဘဲ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင်ဆောင်ရွက်
ကုန်ထုတ်လုပ်မှုတိုးမြှင့်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ အလုပ်အကိုင်ရရှိပြီး ဝင်ငွေရရှိကာ လူမှုစီးပွားဘဝ သာယာဝပြောမည်

 

နေပြည်တော်    နိုဝင်ဘာ    ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၇/၂၀၂၁)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊  ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊  ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊    ဦးရွှေကြိမ်းနှင့်    ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် တွဲဖက် အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့   တက်ရောက်ကြ သည်။


ရည်မှန်းဆောင်ရွက်


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးနှင့်ပတ်သက်၍  ဆောင်ရွက်ရာ၌ အောက်တိုဘာလကုန်တွင် ၃ ရာခိုင်နှုန်းအထိ ကူးစက်မှုနှုန်း ကျဆင်း စေရန်  ရည်မှန်းဆောင်ရွက်ခဲ့ကြောင်း၊   နိုင်ငံတော်အတွက်   အဓိက လိုအပ်ချက်ဖြစ်သည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး၊ ရပ်နားထားရ သည့်လုပ်ငန်းများနှင့် ယန္တရားများ ပြန်လည်လည်ပတ်ရေးများကို   ဆောင်ရွက်နိုင်ရန်အတွက်   ကိုဗစ်-၁၉ ကူးစက်မှုနှုန်းကျဆင်းရေး ရည်မှန်းချက်ထားဆောင်ရွက်ခဲ့ရာတွင် ၃ ရာခိုင်နှုန်းအထိ မရောက်ရှိ သော်လည်း ၄ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဖြစ်ပွားမှုနှုန်းများလျက်ရှိသည့် မြို့နယ် ၁၅ မြို့နယ်ခန့်ကို ဖယ်ထုတ်လိုက်ပါက ကူးစက်မှုနှုန်း ၃ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိ နေသည်ကို တွေ့ရှိရကြောင်း၊    

 

   ‌r ရှေ့ဖုံးမှ
ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားသည့်    မြို့နယ်များ၌ ရောဂါထိန်းချုပ် ကုသရေးလုပ်ငန်းများဆောင်ရွက် နိုင်ရန်အတွက်  ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဦးဆောင်သည့် အထူးအဖွဲ့ ဖွဲ့စည်း၍ နယ်မြေ သုံးခုခွဲကာ      ထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိ ကြောင်း၊  သတင်းရရှိသည့်နေရာများအား  လိုအပ် သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကူးစက်သူများ ကို   ဖော်ထုတ်နိုင်သဖြင့်   ရောဂါကုသရေးများကို လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ခြင်းကြောင့် ထပ်မံ ကူးစက်မှုကိုလျှော့ချနိုင်ခဲ့ပြီး ထိန်းချုပ်ရေးကိစ္စများ တွင်  အထောက်အကူရကြောင်း၊ ရောဂါပိုးကူးစက်မှု ထိန်းချုပ်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင် ရန်အတွက် လိုအပ်သည့်ရောဂါထိန်းချုပ် ကုသရေး ပစ္စည်းများနှင့်  ဆေးပစ္စည်းများ   လုံလောက်စွာ ဖြည့်ဆည်းပေးထားသော်လည်း   ယခုထက်  ပိုမို ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း၊ Stay at Home ထားရှိသည့် မြို့နယ်များကျန်ရှိနေပြီး လျှော့ချ ၍ရသည့် မြို့နယ်များကိုလည်း ထပ်မံလျှော့ချပေးသွားမည်ဖြစ်ကြောင်း၊ Stay at Home ဆောင်ရွက် ထားခြင်းမရှိသော်လည်း သွားလာရေးနှင့် နေထိုင်ရေး စည်းကမ်းများအား ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ            ညွှန်ကြားထားသည့်အတိုင်း နေထိုင်လိုက်နာ     ဆောင်ရွက်သွားရန်အတွက်   ပြည်သူများအနေဖြင့်လိုက်နာရန်    လိုအပ်သကဲ့သို့   တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျဖြစ်စေ ရန်     စေတနာထား ကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း။


ပြန်လည်ဖွင့်လှစ်ခဲ့

ကျောင်းများပြန်လည်ဖွင့်လှစ်မှုနှင့်ပတ်သက်၍  ကိုဗစ်-၁၉ ရောဂါကူးစက်မှုကျဆင်းလာခြင်းကြောင့် အခြေခံပညာကျောင်းများ    ပြန်လည်ဖွင့်လှစ်ခဲ့ ကြောင်း၊   ကျောင်းများ  စတင်ဖွင့်လှစ်ချိန်တွင်  ရာသီတုပ်ကွေးဖြစ်ပွားမှု၊ လက်ရှိနိုင်ငံရေးအခြေအနေ များနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက် ရောက်မှုများ နည်းပါးခဲ့ကြောင်း၊ သို့သော် ယခုလ   ၈ ရက်အထိ  ကျောင်းသား  ကျောင်းသူ စုစုပေါင်း နှစ်သန်း သုံးသိန်း ငါးထောင်ကျော် တက်ရောက်လျက်  ရှိကြောင်း၊ ကျောင်းစတင်ဖွင့်လှစ်ချိန်နှင့် တွက်ချက် ပါက တစ်ပတ်အတွင်း ကျောင်းသား တစ်သန်းကျော် ထပ်မံတိုးတက်လာသည်ကို         တွေ့ရှိရသဖြင့် ဝမ်းမြောက်ဖွယ်ပင်ဖြစ်ကြောင်း၊    ပညာရေးနှင့် ပတ်သက်၍ နောက်ကျနေ၍မရသဖြင့် ကျောင်းသား ကျောင်းသူများ နစ်နာမှုမရှိစေရေး ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး ကိုဗစ်- ၁၉  ရောဂါကာကွယ်ဆေးများအား ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၊ အသက် ၄၅ နှစ်အထက်ပြည်သူ  များကိုလည်း ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊  လုံခြုံရေးနှင့်ပတ်သက်၍လည်း ကျောင်းသားမိဘများနှင့် ရပ်ရွာအေးချမ်းသာယာရေး  လိုလားသူများက ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှု  များကြောင့် စာသင်ကျောင်းများတွင် နှောင့်ယှက်မှု များ အနည်းငယ်သာရှိကြောင်း၊ အချို့နေရာများတွင် ခြိမ်းခြောက်မှုများရှိပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးနှင့်ပတ်သက်၍   မိုက်မဲသည့် လုပ်ရပ်များဖြစ်ပြီး   နိုင်ငံကို   ဒုက္ခပေးခြင်းပင် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုများအား ပြည်သူများ  အနေဖြင့် လက်ခံမှုမရှိဘဲ ပြည်သူများက သတင်းပေး၍ လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း၊ အလားတူ ရပ်ရွာများအတွင်း အကြောင်းမဲ့ သတ်ဖြတ်မှုများနှင့်  ခြိမ်းခြောက်မှုများကိုလည်း ပြည်သူများ၏    ပူးပေါင်းဆောင်ရွက်မှုများဖြင့် တားဆီးသွားရမည်ဖြစ်ကြောင်း၊  လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့် အကာကွယ်ပေးခြင်းနှင့် ဖော်ထုတ် ဖမ်းဆီးခြင်းများကို   ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုသည်  အရေးကြီးသဖြင့်  ပြည်သူများ၏ တာဝန်သိမှုနှင့် တက်ကြွသည့် စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက် ကြရန် လိုကြောင်း၊     ပြည်သူ့လုံခြုံရေးအတွက် ဆောင်ရွက်ရာတွင်        ပြည်သူများ၏ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆောင်ရွက်မှသာ ပြည်သူ့လုံခြုံရေး ကို ရရှိမည်ဖြစ်ကြောင်း၊    ပြည်သူများအနေဖြင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်မည်ဆိုပါက နိုင်ငံ တည်ငြိမ်အေးချမ်းရေးကို များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းတွေပေးနေပြီ

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ် နိုင်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် “တစ်ဆက် တည်းမှာပဲ ကျွန်တော်တို့က အခြေခံပညာကျောင်း တွေ ဖွင့်လာပြီ။   ဆက်လက်ပြီး ကျွန်တော်တို့က တက္ကသိုလ်တွေ    အဆင့်မြင့်ပညာနဲ့ပတ်သက်ပြီး ဖွင့်ဖို့ရှိပါတယ်။   အဲဒီတော့ အခုလောလောဆယ် တက္ကသိုလ်မှာ   လိုအပ်တဲ့  ဆရာ ဆရာမတွေကို ကျွန်တော်တို့ အသစ်တွေ ခန့်ထားတာတွေ လုပ်နေ ပါတယ်။ ခန့်ထားပြီးတော့ ကျွန်တော်တို့ သင်တန်း တွေပေးနေပြီ ဖြစ်ပါတယ်။   အဲဒီတော့ ဒီအခြေခံ ပညာကျောင်းဖွင့်မှုရဲ့ ရလဒ်အပေါ်မူတည်ပြီးတော့ တက္ကသိုလ်များကို ဆက်လက်ဖွင့်လှစ်သွားမှာဖြစ် ပါတယ်။  ဒီလိုဖွင့်တဲ့အခါမှာလည်း  အဆင့်လိုက်  ဖွင့်လှစ်ပါမယ်။   တစ်ပြိုင်တည်း    ကျွန်တော်တို့ အကုန်တော့မဖွင့်နိုင်ဘူး။ မဟာတန်းတွေ၊ ပါရဂူတန်း တွေ၊ Qualified တန်းတွေ၊  ဂုဏ်ထူးတန်းတွေ ဒါပြီးလို့ရှိရင် နောက်ဆုံးနှစ်၊ တတိယနှစ်၊ ဒုတိယနှစ် စသည်ဖြင့် ဒီလိုဖွင့်သွားမှာပါ။   ဒီလိုအဆင့်လိုက် ဖွင့်သွားမယ်ဆိုရင် သက်ဆိုင်ရာ ကျောင်းတွေမှာ လည်း သိပ်ပြီးတော့မှ အခက်အခဲသိပ်မရှိနိုင်ဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်။ အဲဒီလိုလေး ကျွန်တော် တို့ စဉ်းစားထားပါတယ်။  ဒါကတော့ အခြေခံကနေ စပြီး ပညာရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ဖို့ ဖြစ်ပါ တယ်။ ကျောင်းသားများကတော့ ပညာသင်ကြား ရေးမှာ ပညာသင်ကြားရမယ့်အရွယ်မှာ ပညာရေးကိုပဲ  စိတ်ဝင်စားဖို့လိုပါတယ်။ ကျွန်တော်တို့ လိုလားတာ ကတော့   ကျောင်းသားက   ပညာသင်ကြားဖို့ပါ။ ပညာသင်ကြားရမှာ။ ပညာသင်ကြားဖို့ တာဝန်ရှိပါ တယ်။ စာတွေတတ်အောင်သင်ဖို့လည်း ပညာရေး ဝန်ကြီးဌာနကိုလည်း ကျွန်တော် ကြပ်မတ်ပြီးတော့  ပြောဆိုလျက်ရှိပါတယ်။ ပညာတတ်အောင်၊ စာကို တတ်အောင်သင်ပေးမယ်။ အတန်းအောင်ဖို့ထက်  စာတတ်ဖို့ အရေးကြီးပါတယ်။ အတန်းအောင်ဖို့ထက်၊ စာမေးပွဲအောင်ဖို့ထက် ပညာတတ်ဖို့ အရေးကြီးပါ တယ်။ သူ့ရဲ့‌‌‌လျော်ညီတဲ့ အတန်းပညာတတ်ဖို့ လိုပါ တယ်။ ဒါအရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့အစည်းအဝေးမှာလည်း ပြောပါတယ်။ KG+9 ကတော့  ကျွန်တော်တို့  အခြေခံ ကျွန်တော်တို့ရဲ့ ပညာရေးရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ KG+9 ဖြစ်ပါ တယ်။ KG+9 ပြီးတာနဲ့ ကျွန်တော်တို့ vocational ကို      အသက်မွေးဝမ်းကျောင်းပညာသင်ကြားဖို့ အတွက် အခြေခံရသွားပြီဖြစ်ပါတယ်။ သူသင်လို့ ရသွားပြီ။   KG+9  မရှိဘဲနဲ့တော့   ကျွန်တော်တို့ vocational သွားနိုင်ဖို့ တော်တော်လေး ခက်ပါတယ်။ အဲဒါတွေပြီးတော့ အထက်တန်းပညာ၊ အဲဒါတွေ ပြီးတော့  အဆင့်မြင့်ပညာ  တစ်ဆင့်ပြီးတစ်ဆင့် သွားပေါ့ဗျာ။   ဒီလိုသွားမယ်ဆိုရင်   တိုင်းပြည် ပညာရေးက   ဒါမြှင့်တင်ပေးရာ ရောက်ပါတယ်။ တိုင်းပြည်ပညာရေး        မြှင့်တင်ပေးနိုင်ပြီဆိုရင် တိုင်းပြည်ရဲ့အနာဂတ်ကောင်းနိုင်မယ့် အနေအထား  ရှိတယ်ဆိုတာလည်း ကျွန်တော် ပြောလိုပါတယ်။ ပညာတတ်တွေနဲ့ပဲ တိုင်းပြည်တည်ဆောက်ရတာ  ဖြစ်ပါတယ်။ ပညာမတတ်တဲ့သူတွေနဲ့ တိုင်းပြည် တည်ဆောက်လို့ မရပါဘူး။ ကျွန်တော်တို့ ဒါကို  လည်း အလေးထားဖို့လိုပါတယ်။   ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိတဲ့   ပုဂ္ဂိုလ်များအားလုံးက ပညာနဲ့ပတ်သက်ပြီးတော့  ပညာသင်ကြားရေးမှာ အေးချမ်းစွာပညာသင်ကြားရေးနဲ့   အေးချမ်းစွာ ပညာသင်ကြားရေးပေါ့။      သင်ကြားနိုင်ရေးနဲ့ သင်ကြားရေး ဒီနှစ်ခုကို ကျွန်တော်တို့ ဖန်တီးပေးဖို့  လိုမယ်ဆိုတာလေး ပြောလိုပါတယ်”ဟု ပြောကြား သည်။ 


မျှော်မှန်းသက်တမ်း ၆၇ ဒသမ ၄၂ နှစ်ရှိ

ယင်းနောက် ကျန်းမာရေးနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်   သန်းခေါင်စာရင်းအပေါ်တွင်   မူတည်ပြီး မျှော်မှန်းသက်တမ်းများအား မိမိတို့နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန၏  တွက်ချက်မှုအရ ၂၀၂၀ ပြည့်နှစ်တွင် ၆၇ ဒသမ ၄၂ နှစ်ရှိပြီး   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကုလသမဂ္ဂလူဦးရေဌာနမှ  တွက်ချက်ရာတွင် ၆၇ ဒသမ ၇၈ နှစ်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် မျှော်မှန်း သက်တမ်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ၁၅၁  တွင်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် မိမိတို့နိုင်ငံ  သည် နံပါတ် (၆) အဆင့်တွင်ရှိပြီး အာဆီယံနိုင်ငံများ တွင် နံပါတ် (၁၀) ရှိကြောင်း၊    အဆိုပါ မျှော်မှန်း သက်တမ်းအား    အခြေခံအချက်များဖြစ်သည့် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်ဘဝ အခြေအနေ များ၊ ပညာသင်ကြားမှုအခြေအနေများ၊ လူမှုစီးပွား ဘဝအခြေအနေများ၊   လူနေမှုပုံစံများ၊   ကလေး သေဆုံးမှုနှုန်းများအပေါ်တွင်      အဓိကထား၍ တွက်ချက်ကြခြင်းဖြစ်ကြောင်း၊     ပြည်သူများ ကျန်းမာရေးနှင့်ပတ်သက်၍ ဆီစားသုံးမှုလျှော့ချရန်၊ အရက်၊  ဆေးလိပ်သောက်သုံးမှုများ   ‌လျှော့ချရန် တိုက်တွန်းပြောကြားလျက်ရှိကြောင်း၊ အောက်တိုဘာ ၁ ရက်တွင်  မိမိပြောကြားခဲ့သည့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   နိုင်ငံတော်တာဝန်ယူသည့် ၉ လပြည့်မိန့်ခွန်း၌ မိမိအနေဖြင့် ဆန်စားသုံးမှုအား လျှော့ချ၍ စားသုံးမှုပုံစံ ပြောင်းလဲရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း၊   မိမိတို့နိုင်ငံတွင်   ဆန်အား ဗိုက်ပြည့်သည်အထိ စားသုံးကြပြီး အဆိုပါဆန်တွင်  ကာဗိုဟိုက်ဒရိတ်များ များပြားစွာပါဝင်သဖြင့် အဆီ နှင့် အချိုဓာတ်များ ပါဝင်ကြောင်း၊ အလားတူ အခြား အချိုပါဝင်သည့် မုန့်များနှင့် ဟင်းလျာများတွင်လည်း  ဆီကို အလွန်အမင်း ထည့်သွင်းအသုံးပြုမှုများရှိ သဖြင့် ကာဗိုဟိုက်ဒရိတ်စားသုံးမှု များပြားပါကြောင်း၊ အလားတူအချိုနှင့် ဆီများစားသုံးမှု၊  အရက်နှင့် ဆေးလိပ်များ     သောက်သုံးမှုများကြောင့်လည်း ကျန်းမာရေးကို      များစွာထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစား  ဆောင်ရွက်မှုနှင့်ပတ်သက်၍       မိမိတို့အနေဖြင့် တိုက်တွန်းဆောင်ရွက်လျက်ရှိသကဲ့သို့ ရုပ်မြင်သံကြား များမှလည်း   အဆက်မပြတ်   ထုတ်လွှင့်ပညာပေး လျက်ရှိကြောင်း။  


တိုက်တွန်းဆောင်ရွက်

ပြည်သူတိုင်းသက်တမ်းစေ့နေနိုင်ရေး အရေးကြီး သဖြင့် ကာဗိုဟိုက်ဒရိတ် လျှော့ချနိုင်ရေးအတွက် ဆန် စားသုံးမှုလျှော့ချရေးဆောင်ရွက်ပြီး အခြားလိုအပ်သည့် ပရိုတိန်းဓာတ်များ ရရှိစေရေးအတွက် အသား၊  ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဥများအား စားသုံး၍ ဖြည့်ဆည်း ပေးရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရေး  မိမိအနေဖြင့် တိုက်တွန်း ဆောင်ရွက်လျက်ရှိကြောင်း၊ လူတစ်ဦးအနေဖြင့် တစ်ရက်လျှင်   ကြက်ဥသုံးလုံးမှ   ခြောက်လုံးအထိ စားသုံးရန် လိုအပ်ပြီး  အသားငါးအား  တစ်ရက်လျှင် ၅ ကျပ်သားမှ ၁၀ ကျပ်သားအထိ


နေ့စဉ်စားသုံးရန်နှင့်      ဟင်းသီးဟင်းရွက်များအား ၅ ကျပ်သားမှ ၁၂ ကျပ်သားအထိ    စားသုံးရန် လိုကြောင်း၊  မိမိတို့နိုင်ငံသည်   ရေမြေသဘာဝ ကောင်းမွန်သည့် နိုင်ငံဖြစ်သည့်အတွက် သီးနှံများ ဖြစ်ထွန်းအောင် စိုက်ပျိုးရန်လိုအပ်ပြီး မြစ်ချောင်းများ  အတွင်း ငါးများ ပေါများအောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူများ အာဟာရပြည့်ဝစွာ  စားသုံးနိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ လူတိုင်းသက်တမ်းစေ့နေနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်၏စွမ်းအား သည် ပြည်သူများပင်ဖြစ်သဖြင့် ပြည်သူများအားလုံး ကျန်းမာစွာဖြင့် နေထိုင်နိုင်ရန်လိုအပ်သဖြင့် ကျန်းမာ  ရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်း များ တိုးတက်စေရေး အလေးထားဆောင်ရွက်ကြရန် လိုကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ စားသုံးမှုနှင့် နေထိုင်မှုပုံစံများ ပြောင်းလဲနိုင်ရေးဆောင်ရွက်ကြရန် တိုက်တွန်းနေခြင်းဖြစ်ကြောင်း။


မဲမသမာမှုများ များစွာဖြစ်ပေါ်ခဲ့


၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ ခဲ့သည့်      ပါတီစုံအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် အွန်လိုင်းစာမျက်နှာ များတွင် လွတ်လပ်သည့်ရွေးကောက်ပွဲ ဖြစ်ခဲ့ကြောင်း  ရေးသားထားမှုများရှိသည်ကို     တွေ့ရှိရကြောင်း၊ ရွေးကောက်ပွဲနေ့တွင် လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြ သည်ကို တွေ့ရှိရသော်လည်း မဲစာရင်းများနှင့်ပတ်သက် ၍ လိုအပ်သည့် ပြန်လည်စိစစ်မှုများ ဆောင်ရွက်ချိန် ၌    ကြိုတင်ဆန္ဒမဲပေးခြင်းများ  ဆောင်ရွက်ချိန်တွင် မဲမသမာမှုများ များစွာဖြစ်ပေါ်ခဲ့သည်ကို တွေ့ရပြီး ၎င်းကိစ္စများကိုမူ မသိကျိုးကျွန်ပြုထားကြကြောင်း၊ ဆန္ဒမဲပေးရာတွင် ရွေးကောက်ပွဲတစ်ရက်တည်းကို သာ ကြည့်၍မရဘဲ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအလွန်ကာလ များကိုကြည့်၍ လွတ်လပ်သည့် ရွေးကောက်ပွဲ ဖြစ် မဖြစ် ကြည့်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင်     မဲမသမာမှုများ ရှိကြောင်းကို မိမိထံသို့ နိုင်ငံရေးပါတီများမှ စာရေးသား တင်ပြခြင်း၊ တွေ့ဆုံစဉ် တင်ပြခြင်းများရှိကြောင်း၊ ထို့ကြောင့် မဲစာရင်းများအား စိစစ်ဆောင်ရွက်ခဲ့ချိန် တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒမဲပေါင်း ၁၁ သန်းကျော်ခန့် မဲစာရင်းများမှားယွင်းခဲ့သည်ကို အခိုင်အမာတွေ့ရှိရကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူ များအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် မဲစာရင်း မသမာမှုပြုလုပ်ခြင်းသည်     အဆိုးရွားဆုံးသော  လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီ ၁၀ နှစ်သားသာရှိသေးသဖြင့် မိမိအနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း။


ပြည်တွင်းခရီးသွားလာရေးနှင့်      ပတ်သက်၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးပြီးဖြစ်သဖြင့် ပို့ဆောင်ရေး လုပ်ငန်း၊  တည်းခိုရေးလုပ်ငန်း၊  စားသောက်ရေး လုပ်ငန်းများနှင့် ပစ္စည်းရောင်းဝယ်မှုလုပ်ငန်းများ အထိုက်အလျောက် လုပ်ငန်းများပြန်လည်လည်ပတ် လာပြီဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့် ကိုဗစ် ရောဂါထိန်းချုပ်မှု အခြေအနေများအပေါ်တွင် မူတည် ၍ နိုင်ငံတကာခရီးသွားလုပ်ငန်းများအား ဒီဇင်ဘာလ (သို့မဟုတ်) ဇန်နဝါရီလအတွင်း ပြန်လည်ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ တကာတွင်လည်း ခရီးသွားလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်း များနှင့်ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် နယ်မြေ အလိုက်၊ မြို့ဝင်မြို့ထွက်များအလိုက် ကိုဗစ်စည်းကမ်း နှင့်အညီဖြစ်စေရေး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်း များအား ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြား သည်။


ဆွေးနွေးတင်ပြ

ထို့နောက်  ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်တို့က ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေး ဥပဒေပြဋ္ဌာန်းရေး၊  အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက်  မြန်မာနိုင်ငံအပေါ် ကိုယ်ချင်းစာနားလည်မှုရှိသည့် နိုင်ငံများနှင့်   ဆက်ဆံရေးပိုမိုကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊     ကြံစိုက် တောင်သူများ  ကြုံတွေ့နေရသည့်  အခက်အခဲနှင့် လိုအပ်ချက်များကို    ဖြေရှင်းဆောင်ရွက်ပေးရေး၊ အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG ၊ PDF တို့၏ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတစ်ဝန်း ရှိ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် လက်ကမ်းစာစောင်များ ထုတ်ဝေဖြန့်ချိရေး၊ အခြေခံ ပညာကျောင်းများတွင် စာသင်ခန်းသုံးသင်ထောက်ကူ ပစ္စည်းများ ဖြည့်ဆည်းပေးရေး၊ ကိုဗစ်-၁၉ ရန်ပုံငွေ ချေးငွေအစီအစဉ်တွင် အခြေခံလူတန်းစားများကို ထည့်သွင်း ထုတ်ချေးပေးရေး၊ အခြေခံလူတန်းစားများ  ဝင်ငွေရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း များ ဖော်ဆောင်ပေးရေး၊ အာဆီယံခရီးသွားလုပ်ငန်း အစီအစဉ်တွင် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်ဆောင် ရွက်နိုင်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်  ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ အားကစားကဏ္ဍမြှင့်တင်ရေးအတွက် မူဝါဒများထပ်မံဖြည့်စွက်ပေးရေး၊ နိုင်ငံ့ဝန်ထမ်းများ  ရာထူးတိုးမြှင့်ရေးကိစ္စနှင့်ပတ်သက်၍ လက်ထောက် ညွှန်ကြားရေးမှူးနှင့်အထက် ရာထူးတိုးမြှင့်ရေးတွင်  စနစ်တကျ စိစစ်ဆောင်ရွက်ရေး၊ လေယာဉ်ဖြင့် ခရီးသွားမည့်ပြည်သူများအား   ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခလျှော့ချပေးရေးနှင့် အလွယ်တကူ စစ်ဆေး နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရေး၊ ကယားပြည်နယ်ရှိ ပြည်သူများ၏ ဘဝလုံခြုံရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်   ပူးပေါင်းဆောင်ရွက်နိုင်ရေး နိုင်ငံတော်မှ လမ်းညွှန်မှုပေးနိုင်ရေးတို့နှင့်စပ်လျဉ်း ၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးချက်များ အပေါ် ပြန်လည်ရှင်းလင်းပြောကြားရာတွင် ပြည်ပ စွက်ဖက်မှုဆန့်ကျင်ရေးဥပဒေနှင့်ပတ်သက်၍ ပြဋ္ဌာန်း ထားသည့် နိုင်ငံအလိုက် ဥပဒေများအား ဥပဒေရေး ရာဝန်ကြီးဌာနက လိုအပ်သည့်စိစစ်လေ့လာမှုများဆောင်ရွက်ရန် တာဝန်ပေးထားကြောင်း၊ မိမိတို့အနေ ဖြင့် မြေပေါ်မြေအောက် သယံဇာတထုတ်ယူမှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်နေကြောင်း၊  ကုန်ကြမ်းအနေဖြင့် ထုတ်လုပ်ရောင်းချမှုကို တားမြစ် ထားပြီး Value added တန်ဖိုးမြင့်ထုတ်ကုန်များ  ထုတ်လုပ်ရောင်းချမှုကိုသာ   အားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊     အာဆီယံနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးကို   အလေးထားဆောင်ရွက် လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့်လည်း ဆက်သွယ် ဆက်ဆံလျက်ရှိပါကြောင်း၊ ထို့ပြင် အာဆီယံက ကျင်းပသည့် ဝန်ကြီးအဆင့် အစည်းအဝေးများတွင် မိမိတို့နိုင်ငံမှ    ပြည်ထောင်စုဝန်ကြီးများ   ပါဝင် တက်ရောက်ဆွေးနွေးလျက်ရှိပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို  လုပ်ဆောင်လျက် ရှိကြောင်း၊ ကြံစိုက်တောင်သူများ လတ်တလော တွေ့ကြုံနေရသည့် အခက်အခဲများကို ဥပဒေနှင့်အညီ အမြန်ဆုံး စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။

အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များနှင့် စပ်လျဉ်း၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိ နိုင်ရေးအတွက် နိုင်ငံပိုင်နှင့် တပ်မတော်ပိုင် မီဒီယာ ကဏ္ဍမှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ အားကစား ကဏ္ဍနှင့်စပ်လျဉ်း၍    လူထုအခြေပြုအားကစား ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ အခြေခံလူတန်းစား များအား ချေးငွေထုတ်ချေးပေးရေးနှင့်ပတ်သက်၍  လိုအပ်သည့်    အချက်အလက်များကို    အခြေခံ တွက်ချက်၍ ဘဏ္ဍာရေးအခြေအနေပေါ် မူတည်၍  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ဝင်ငွေတိုးတက်စေရေးအတွက် သဘာဝသယံဇာတ  များကိုသာ  အားကိုးနေ၍မရဘဲ  ကုန်ထုတ်လုပ်မှု လုပ်ငန်းများဖွံ့ဖြိုးအောင်    ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ပေးပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည်     အာဆီယံခရီးသွားစင်္ကြံတွင် ပါဝင်လျက်ရှိပြီး  လက်ရှိအခြေအနေတွင် ပြည်တွင်း  ခရီးသွားလုပ်ငန်းများ     စတင်လည်ပတ်နေပြီ ဖြစ်ကြောင်း၊ ပြည်တွင်း ခရီးသွားလုပ်ငန်းများ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ပြီဆိုပါက ပြည်ပ ခရီးသွားလုပ်ငန်းများကို    ဆက်လက်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း။


ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အပါအဝင်  နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်သည့်   စီမံကိန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အောင်မြင်အောင် အကောင်အထည်ဖော်   ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊    နိုင်ငံတော်အားကစားကဏ္ဍမူဝါဒတွင် လိုအပ်သည့် အချက်များကို ထပ်မံဖြည့်စွက်သွားမည် ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ ပညာရည် မြင့်မားရေးအတွက် လိုအပ်သော အလုပ်ရုံဆွေးနွေးပွဲ များ၊ ပြိုင်ပွဲများကို ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ လေကြောင်းခရီးသွားပြည်သူများ ကိုဗစ်- ၁၉ ရောဂါ   စစ်ဆေးရေးကိစ္စများနှင့်ပတ်သက်၍ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ဘဝလုံခြုံရေးအတွက် အလေးထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ကြိုးစားဆောင်ရွက်လျက်ရှိ

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင်     တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် ငွေကြေးခိုင်မာမှုရှိပြီး     စီးပွားရေးကောင်းမွန်ရန် လိုအပ်ပါကြောင်း၊  မိမိတို့အနေဖြင့်  တိုင်းပြည် စီးပွားရေး ကောင်းမွန်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည်၏ ကုန်သွယ်မှုလိုငွေကို လျှော့ချနိုင်ရေး  အတွက် သွင်းကုန်များကို ထိန်းချုပ်ဆောင်ရွက်လျက် ရှိပြီး ဈေးကွက်ရှိသည့် တန်ဖိုးမြင့်ပို့ကုန်များ တိုးမြှင့် တင်ပို့နိုင်ရေးကို     ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်း၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်အောင် ဆောင်ရွက် ခြင်းဖြင့် ပြည်သူများ အလုပ်အကိုင်ရရှိပြီး ဝင်ငွေရရှိ ကာ လူမှုစီးပွားဘဝ သာယာဝပြောမည်ဖြစ်ကြောင်း။


မိမိတို့အစိုးရ၏      ရည်ရွယ်ချက်သည်လည်း တိုင်းပြည်သာယာဝပြောပြီး စားရေရိက္ခာ ပေါများ ရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ ဝင်ငွေ  ရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို  ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊    ဘဏ္ဍာရေး လုပ်ငန်းစနစ်များ ကောင်းမွန်စွာလည်ပတ်နိုင်စေ ရန်အတွက်လည်း  စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုဘဏ်၏ ဦးဆောင်မှုကို ပုဂ္ဂလိကဘဏ်များအနေ ဖြင့် လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူ များအနေဖြင့်လည်း ငွေပေးချေမှုစနစ်တွင် ဗဟိုဘဏ် ၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပြီး ပုဂ္ဂလိကဘဏ်များ လိုက်နာဆောင်ရွက်နိုင်ရန် ဘဏ်စည်းကမ်းများ ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  နိုင်ငံတော်နှင့် ဗဟိုဘဏ်မှ ဝင်ရောက် ထိန်းကျောင်းပေးခြင်းဖြင့် ပြည်သူများ ဘဏ်စနစ် အပေါ် ယုံကြည်မှုရှိပြီး ငွေကြေးခိုင်မာမှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

နိုင်ငံခြားငွေ  ကုန်ကျမှုကို  စိစစ်သုံးစွဲနိုင်ပါက တိုင်းပြည်အတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ စားအုန်း ဆီ တင်သွင်းမှုနှင့် စက်သုံးဆီတင်သွင်းမှုကို လျှော့ချ နိုင်မှသာ နိုင်ငံခြားသုံး ငွေ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် စားသောက်မှုပုံစံကို ပြင်ဆင်သွားရန်နှင့် ဆီစားသုံးမှုကို လျှော့ချသွားရန် လိုအပ်ကြောင်း၊  ထို့ပြင်  စက်သုံးဆီတင်သွင်းမှု လျှော့ချရေးအတွက်     တာဝန်ရှိသူများအနေဖြင့် အများပြည်သူ ပို့ဆောင်ရေးစနစ် ဖော်ဆောင်နိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။               
 သတင်းစဉ်