အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ လေ့လာရေးခရီးစဉ်သွားရောက်

 

နေပြည်တော်   နိုဝင်ဘာ   ၃ 


အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ် ရေးရာဦးစီးဌာနသည်   လူငယ်များ  ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိရာ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေးစသည့်  လူငယ်ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်း မြှင့်တင်ဆောင် ရွက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ (နေပြည် တော်) အတွင်းရှိ အ.ထ.က(၇) နေပြည်တော်၊ အ.ထ.က(၉) နေပြည် တော်၊ အ.ထ.က(၁၀)   နေပြည်တော်ကျောင်းများမှ ကျောင်းသား ကျောင်းသူများကို ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ လေ့လာရေးခရီးစဉ်အဖြစ် စီစဉ်ဆောင်ရွက်ပေးသည်။

 


ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက    ကြိုဆိုနှုတ်ခွန်းဆက်စကား   ပြောကြားပြီး (၂၇)  ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မှတ်တမ်း (မော်ကွန်းသစ်) ဗီဒီယိုပြသခြင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန Fitness Dance သရုပ်ပြအဖွဲ့မှ သရုပ်ပြသခြင်းနှင့် ကျောင်းသား လူငယ် များအား အဖွဲ့များခွဲ၍ နည်းပြများနှင့်အတူ Fitness Dance စုပေါင်း ကစားခြင်းများ ဆောင်ရွက်ကြသည်။

 


ထို့နောက် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်း (အားကစားပြတိုက်နှင့် ပြခန်း) ကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံး အားကစားကွင်း၌ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၆)  နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သော မကွေးတိုင်းဒေသ ကြီး အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားခဲ့မှုများကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။                        

သတင်းစဉ်