အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၆၇) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၂၈


ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) တွင်  အခြေခံပညာ ဆရာ   ဆရာမများ  အထူးမွမ်းမံ သင်တန်း    အမှတ်စဉ်    (၆၇) သင်တန်းဖွင့်ပွဲ   အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် ကျင်းပသည်။ 

 


အခမ်းအနားသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ  ဦးသန်းဆွေ၊ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ပညာရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊        အခြေခံပညာ ဦးစီးဌာန၊         ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)၊ ပြည်ထောင်စု   ရာထူးဝန်အဖွဲ့၊  မန္တလေးတိုင်းဒေသကြီး ပညာရေး မှူးရုံးနှင့်   တက္ကသိုလ်သင်ကြား စီမံဌာနများမှ   တာဝန်ရှိပုဂ္ဂိုလ် များ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင်     ပြည် ထောင်စု  ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက   နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန် တည်ဆောက်ရာတွင် နိုင်ငံသားများ၏      ပညာရည် မြင့်မားရေးသည်        အလွန် အရေးကြီးသကဲ့သို့      အနာဂတ် မျိုးဆက်သစ်များကို      ပြုစု ပျိုးထောင်ပေးရသည့်   ပညာရေး ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် လည်း   လွန်စွာအရေးပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ များအနေဖြင့်  ပညာရေးဝန်ထမ်း ဆရာ ဆရာမများအတွက် အထူး မွမ်းမံသင်တန်းများ     ပြန်လည် ဖွင့်လှစ်        လေ့ကျင့်ပေးရန် လမ်းညွှန်ခဲ့သည့်အတွက် ယခုလို သင်တန်းများ  ပြန်လည်ဖွင့်လှစ်လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း။ 

 


ဆရာ      ဆရာမများသည် စာကိုလည်းသင်၊ စာရိတ္တကိုလည်း ပြုပြင်ပေးရသူများဖြစ်ကြောင်း၊ အတွေးအခေါ်ကောင်းသော ဆရာ မှသာ   ပညာရည်မြင့်မားပြီး စဉ်းစားဆုံးဖြတ် နိုင်စွမ်းမြင့်မား သော တပည့်ကောင်းများစွာကို မွေးထုတ်ပေးနိုင်ပြီး    တပည့် ကောင်းများက နောင်တစ်ချိန်တွင် တိုင်းပြည်၏   ကဏ္ဍအသီးသီးတွင် ဦးစီးဦးဆောင်    ပြုနိုင်စွမ်းရှိသူ များ    ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ရဲ့ အနာဂတ် တည်တံ့ခိုင်မြဲဖွံ့ဖြိုးတိုးတက်ရန် နှင့်    ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင် စေရန်အတွက်    ပုံသွင်းရသူများ ဖြစ်သော ဆရာ ဆရာမများ၏ စွမ်းဆောင်နိုင်မှုအပေါ်   အဓိက တည်မီနေကြောင်း  မှာကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။    

 


အဆိုပါ   သင်တန်းသို့    ပညာ ရေးဝန်ကြီးဌာန၊   အခြေခံပညာ ဦးစီးဌာနမှ   သင်တန်းသား  ၁၅၁ ဦး၊ သင်တန်းသူ ၈၀၉ ဦး စုစုပေါင်း ၉၆၀   တို့   တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ      ရက်သတ္တ ငါးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။  


သတင်းစဉ်