
မန္တလေး ဖေဖော်ဝါရီ ၂
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက် မြန်မာပြည်)တွင် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၇၄) ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရတနာ ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင်ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခ ချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြ သည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က သင်တန်း ဆင်း အမှာစကားပြောကြားရာ တွင် အခြေခံပညာ ဆရာ ဆရာမ များ၏ အရည်အသွေး မြင့်မား တိုးတက်ရန်၊ ကဏ္ဍအလိုက်၊ ရာထူးအဆင့်အလိုက် ပညာရေး လုပ်ငန်းများကို တည်တည် ငြိမ်ငြိမ် မှန်မှန်ကန်ကန်နှင့် စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင် ရွက်တတ်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသော ပညာတတ်လူ့စွမ်း အားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်စေရန် လေ့ကျင့်သင်ကြား ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။ ဝန်ထမ်းများ၏ အရည်အသွေးနှင့် လုပ်ငန်းကျွမ်းကျင်မှု မြှင့်တင်ခြင်း ဆိုင်ရာ ဘာသာရပ်များ ဆွေးနွေး ပို့ချမှုအပေါ် သင်တန်းသားများ က သင်တန်းစည်းကမ်းနှင့်အညီ လိုက်ပါ ဆောင်ရွက်ကြကြောင်း သိရှိရ၍ ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်းပြောကြားပြီး ထူးချွန်ဆု ရရှိသူများအား ဆုများ ပေးအပ် ချီးမြှင့်၍ သင်တန်းဆင်းအောင် လက်မှတ်များ ပေးအပ်သည်။ အဆိုပါ သင်တန်းသို့ သင်တန်း သား ၁၀၂ ဦး၊ သင်တန်းသူ ၄၁၉ ဦး စုစုပေါင်း ၅၂၁ ဦး တက်ရောက် ပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ရက်သတ္တ ငါးပတ်ကြာမြင့်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အဖွဲ့ဝင် ဦးဆန်းမြင့် နှင့်တာဝန်ရှိသူများသည် တက္ကသိုလ် တွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းများမှ သင်တန်းသား သင်တန်းသူတို့၏ သင်ခန်းစာ ပို့ချနေမှု အခြေအနေများနှင့် တက္ကသိုလ်၏ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးကိစ္စများကိုကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်