အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)မှ သင်တန်းသားများ၊ နည်းပြအုပ်ချုပ်သူ၊ ဆရာ ဆရာမများ ရန်ကုန်မြို့၌ လေ့လာရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်

နေပြည်တော်    မေ  ၂၃
အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသားများ၊ နည်းပြ အုပ်ချုပ်သူ၊ ဆရာ ဆရာမများသည် လေ့လာရေး ခရီးစဉ်အဖြစ်  ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ      နျူကလီးယားနည်းပညာ    သတင်း အချက်အလက်စင်တာသို့ သွားရောက်လေ့လာကြ သည်။ 
ဦးစွာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားကြပြီး လေ့လာရေးခရီး လာရောက် ကြသော      လေကြောင်းလူငယ်     သင်တန်းသား များအား ပြခန်းခန်းမဆောင်တွင် ပြသထားသော  နျူကလီးယားနည်းပညာအသုံးပြု၍ ရောဂါရှာဖွေမှု (ကိုမိုဂရမ်) နမူနာပုံစံ၊ အသေးစား လျှပ်စစ်ဓာတ်အား ထုတ်     ဓာတ်ပေါင်းဖိုအမျိုးအစားတစ်ခုဖြစ်သော RHM-200 ၏    အတွင်းပိုင်း   ပါဝင်ပစ္စည်းများနှင့် အလုပ်လုပ်ပုံပြ နမူနာပုံစံ၊ ခန္ဓာကိုယ်၏ ဓာတ်ရောင် ခြည်ပမာဏကိုတိုင်းတာပြီး သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းများတွင်ပါရှိသည့် ဓာတ်ရောင်ခြည် ပမာဏနှင့် နှိုင်းယှဉ်ဖော်ပြပေးသည့် Radiometer စက်၊   နျူကလီးယားနည်းပညာဆိုင်ရာ   အခြေခံ အကြောင်းအရာများကို မေးခွန်းများမေး၍ ဖြေကြား နိုင်သည့် ပဟေဠိဂိမ်းစနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ စသည့်   သဘာဝပတ်ဝန်းကျင်ရှိ   အရာဝတ္ထုများ တွင်     ထွက်ရှိလျက်ရှိသော     ရေဒီယိုသတ္တိကြွမှုကို တိုင်းတာဖော်ပြပေးသည့်စက်၊       နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု၏ အတွင်းပိုင်းတွင် ပါဝင်သည့် ပစ္စည်းများနှင့် အဆင့်ဆင့်တည်ဆောက်ပုံကို  3 D Virtual နည်းပညာဖြင့် ပုံဖော်ပြသသည့် ပုံစံငယ်နှင့် လေအားအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ် သည့် Wind Turbine နမူနာ ပုံစံငယ်တို့အား တာဝန် ရှိသူများက အသေးစိတ် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဗီဒီယိုပြခန်းမဆောင်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များကို ဂုဏ်ပြုသရုပ်ဖော် ပြသသည့်သီချင်း MTV ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖို များ၏ အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း  ROSATOM ၏ အသေးစားလျှပ်စစ်ဓာတ်အားထုတ်  ဓာတ်ပေါင်းဖို  တည်ဆောက်မှုအတွေ့အကြုံများ ရှင်းလင်းတင်ပြမှု ဗီဒီယိုပြကွက်၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည် ဆိုင်ရာ   အခြေခံအကြောင်းအရာများကို  မြန်မာ ဘာသာဖြင့် ရှင်းလင်းပြောကြားထားသည့် ပြကွက် များ၊ ပိုစတာပြခန်းတွင်  နျူကလီးယားနည်းပညာဖြင့် ကျန်းမာရေး၊  စွမ်းအင်ထုတ်လုပ်ရေး၊  ပညာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးကဏ္ဍအသီးသီးတွင်    လက်တွေ့ ကျကျ   အသုံးပြုနေခြင်းဆိုင်ရာ   ပိုစတာများကို လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။        သတင်းစဉ်