
နေပြည်တော် စက်တင်ဘာ ၁၄
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ပိုင်းတွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၆၄) စစ်လက်ရုံးရွေးချယ်ပွဲသို့ ဆက်လက် တက်ရောက် စိစစ်ရွေးချယ်သည်။
စိစစ်ရွေးချယ်ပေး
အဆိုပါ စစ်လက်ရုံးရွေးချယ်ပွဲ သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား စာပေပညာ၊ စစ်ပညာ ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှုများအပေါ် မူတည်၍ သင့်လျော်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ကြသည်။
ရှင်းလင်းပြသ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ဗိုလ်လောင်းအိပ်ဆောင် များ၊ စားရိပ်သာနှင့် စားချက် ဆောင်တို့အား လိုက်လံကြည့်ရှု စစ်ဆေးရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။ ထိုသို့ လိုက်လံကြည့်ရှု စစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စစ်တက္ကသိုလ်သည် အနာဂတ် ခေါင်းဆောင်များကို မွေးထုတ်ပေးရာ ကျောင်းတော် ကြီးတစ်ခုဖြစ်သဖြင့် အရည်အချင်း ပြည့်ဝပြီး ကိုယ်ရည်ကိုယ်သွေး မြင့်မားသည့် ဗိုလ်လောင်းများ ထွက်ပေါ်လာစေရန် စနစ်တကျ ကြပ်မတ်မွေးထုတ်ပေးရမည်ဖြစ် ကြောင်း၊ အခြေခံ နေထိုင်သွားလာ စားသောက်မှုပုံစံများမှ အစပြု၍ အရာရှိတစ်ဦးနှင့် လျော်ညီစွာ နေထိုင်သွားလာပြုမူတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိ အောင် စနစ်တကျ ပြုစုပျိုးထောင် လေ့ကျင့် သင်ကြားပေးရမည်ဖြစ် ကြောင်း၊ ဗိုလ်လောင်းတစ်ဦး အနေဖြင့် ရသင့်ရထိုက်သည့် စစ်ဝတ်အသုံးအဆောင် ပစ္စည်း များကို သတ်မှတ်ကာလများ အတိုင်း ထုတ်ပေးသွားရန်လိုပြီး မိမိတို့ နေထိုင်ရသည့် အိပ်ဆောင် တွင် စည်းကမ်းစနစ်တကျ နေထိုင်တတ်စေရန်နှင့် အသုံး အဆောင်ပစ္စည်းများကို စနစ်တကျ ဖြင့် အသုံးပြုတတ်စေရန် ကြပ်မတ်လေ့ကျင့်ပေးကြရမည် ဖြစ်ကြောင်း၊ စားရိပ်သာများအနေ ဖြင့် တစ်နေ့တာ ရသင့်ရထိုက် သည့် အချိုးအစားအတိုင်း စနစ်တကျ တွက်ချက်ချက်ပြုတ် ကျွေးမွေးရန်နှင့် စားရိပ်သာများ၊ စားချက်ဆောင်များ သန့်ရှင်း သပ်ရပ်ပြီး ကျန်းမာရေးနှင့် ကိုက်ညီမှုရှိအောင် ကြပ်မတ် ဆောင်ရွက်ကြရန် လိုကြောင်း မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အောင်ဇေယျ တပ်ရင်း ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသား ဗိုလ်လောင်းများ နှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်