အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစီမံချက်ဆွေးနွေး

မိုးကောင်း မတ် ၁၀ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန် စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ပြုလုပ် သည်။ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင် မောင်မြင့်က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သူဇာဝင်း က မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းစီမံချက်နှင့် ပတ်သက် ၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ သည်။ အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် စာရေးများ တက်ရောက်ပြီး ရပ်ကွက်/ကျေးရွာအလိုက် မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်၍ မြေပြင်တွင် အမှန် တကယ်နေထိုင်မှုရှိ/မရှိ တိုက်ဆိုင်စစ်ဆေး ရေး၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ကို မူတည်၍ ပြုစုထားသော အခြေခံ မဲဆန္ဒရှင်စာရင်း၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသက် ၁၈ နှစ်ပြည့်မည့် သူများ ပါဝင်စေရေးအတွက် ပြန်လည်စိစစ် ထည့်သွင်းထားရေးဆွေးနွေးပြီး တက်ရောက် လာသူများ၏ အထွေထွေမေးမြန်းချက်များ အပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ သန်းလွင်ဦး(ပြန်/ဆက်)