
ရန်ကုန် ဇွန် ၁
အခြေခံ စာကြည့်တိုက်ပညာ သင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေ ၃၁ ရက် နံနက် ၁၀ နာရီက ရန်ကုန် မြို့ ဗိုလ်တထောင်မြို့နယ် ၅၁ လမ်း မဟာနဝရတ်ကွန်ဒိုရှိ ရန်ကုန်တိုင်းဒေသကြီး စာကြည့် တိုက်များ ကြီးကြပ်ရေးကော်မတီ ရုံးခန်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီး စာကြည့်တိုက် များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ က အခြေခံစာကြည့်တိုက်ပညာ သင်တန်း အောင်မြင်စွာ ဖွင့်လှစ် နိုင်ရေးအတွက် ဆပ်ကော်မတီ များက ပူးပေါင်းပါဝင်ဆောင်ရွက် စေလိုကြောင်း၊ သင်တန်းသို့ စာကြည့်တိုက်တွင် အမှန်တကယ် ဆောင်ရွက်နေသည့် စာကြည့် တိုက်မှူးများကိုသာ ရွေးချယ်ပေး စေလိုကြောင်း၊ သင်တန်းဖွင့်ရာ တွင် သင်တန်းသားများအတွက် အမှန်တကယ် အကျိုးရှိစေမည့် သင်ခန်းစာများ၊ သင်တန်းနည်းပြ များကိုသာ စီစဉ်ဆောင်ရွက်ပေး စေလိုကြောင်း၊ သင်တန်းတွင် ညနေပိုင်းစာကြည့်ချိန်၌ သင်တန်း သားများအတွက် စာပေဆိုင်ရာ ဗဟုသုတများ၊ စာကြည့်တိုက် ဆိုင်ရာ ဗဟုသုတများရရှိရေး အတွက် ဟောပြောပွဲများ ထည့် သွင်းစီစဉ်ကြစေလိုကြောင်း၊ ယခု ဖွင့်လှစ်မည့် အခြေခံစာကြည့် တိုက်ပညာသင်တန်းသည် ပထမ ဦးဆုံး ဖွင့်လှစ်မည့် သင်တန်း ဖြစ်သဖြင့် အဘက်ဘက်မှ လိုအပ် မှုများမရှိစေရန် အထူးဂရုပြု ဆောင်ရွက်စေလိုကြောင်း ပြော ကြားသည်။
ဆက်လက်၍ အစည်းအဝေး သို့ တက်ရောက်လာကြသည့် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာ ချထားရေး ဆပ်ကော်မတီ၊ သင်ကြားရေး ဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီများမှ တာဝန်ရှိသူ များက မိမိတို့ တာဝန်ယူဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌက ဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများအား ပေါင်းစပ် ညှိနှိုင်းပေးကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)