အကောင်းဆုံးတိုင်းရင်းဆေးသုတေသနစာတမ်းများကို စိစစ်အကဲဖြတ် ဆုချီးမြှင့်သွားမည်

 

နေပြည်တော်  ဇူလိုင်  ၂၇


(၁၁)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်း ဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။

 


တက်ရောက်


အခမ်းအနားသို့     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင် ဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့   စီးပွားရေးရာ ဝန်ကြီး    ဦးသိန်းဌေး၊     ကျန်းမာရေးဝန်ကြီးဌာန မှ  ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့်   တိုင်းရင်းဆေး တက္ကသိုလ်တို့မှ   ညွှန်ကြားရေးမှူးချုပ်၊  ပါမောက္ခ ချုပ်နှင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်း  (ဗဟို)  နှင့်     တိုင်းရင်းဆေးပညာရပ် ဆိုင်ရာ အကြံပေးအဖွဲ့တို့မှ  ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် များ၊    တိုင်းရင်းဆေးဝါး      ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ    ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးပညာရှင်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။ 

 


ကြိုးစားကြရန်လို


အခမ်းအနားတွင်    ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့်    သုတေသနစာတမ်းဖတ်ပွဲမှ ထွက်ရှိလာသည့် သုတေသနစာတမ်းများကို စနစ် တကျ မှတ်တမ်းတင်ထားရှိရမည်ဖြစ်ကာ မျိုးဆက် သစ်များ   ရည်ညွှန်းကိုးကားနိုင်ရန်   ပြည်တွင်း ဆေးသုတေသနဂျာနယ်များနှင့်   နိုင်ငံတကာ   အသိ အမှတ်ပြု သုတေသနဂျာနယ်များတွင်   ထည့်သွင်း ဖော်ပြနိုင်သည်အထိ ကြိုးစားကြရန်လိုအပ်ကြောင်း ပြောကြားသည်။ 

 


ဆုချီးမြှင့်သွားမည်


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းရင်းဆေးသုတေသန ပိုစတာများကို လှည့်လည်ကြည့်ရှုအားပေးသည်။ ယခုစာတမ်းဖတ်ပွဲတွင် သုတေသနစာတမ်းပေါင်း ၂၂ စောင်၊ ပိုစတာ ခြောက်စောင် တင်သွင်းဖတ်ကြား ကြမည်ဖြစ်ပြီး   နှီးနွှယ်ဝန်ကြီးဌာနများကလည်း စာတမ်းများလာရောက်ဖတ်ကြားသွားကြမည်ဖြစ်ကာ အကောင်းဆုံးတိုင်း ရင်းဆေးသုတေသနစာတမ်း၊ သိပ္ပံသုတေသနစာတမ်း၊  ကျန်းမာရေးစနစ်သုတေ သနစာတမ်းနှင့် ပိုစတာများမှ အရည်အသွေးအဆင့်မီ သည့် သုတေသနစာတမ်းများကို စိစစ်အကဲဖြတ်ပြီး ဆုချီးမြှင့်သွားမည် ဖြစ်သည်။

 


ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး၊  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ဆေးတက္ကသိုလ်-မန္တလေး၌ ကျင်းပ သည့် ဇီဝကခန်းမ(မန်းရတနာပုံ)နှင့် Recreation Centre   ဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနား ကို    ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ    ကမ္ပည်းမော်ကွန်း ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာ ရည်များဖြင့်   ပက်ဖျန်းပေးကြသည်။   ထို့နောက် ပြည်ထောင်စုဝန်ကြီးက  အမှာစကား   ပြောကြား သည်။

 


စက်ခလုတ်နှိပ်ဖွင့်လှစ်


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် သူနာပြုတက္ကသိုလ်-မန္တလေး ခြောက်ထပ် ပင်မဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများက ဖဲကြိုးဖြတ်၍  ဖွင့်လှစ်ကာ   ကမ္ပည်း မော်ကွန်းဆိုင်းဘုတ်ကို   စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

 


လွှဲပြောင်းပေးအပ်


 ယင်းနောက်    သူနာပြုတက္ကသိုလ်-မန္တလေး သူနာပြုသိပ္ပံ(ပုံမှန်)   ကျောင်းသူများက  ကရုဏာ အလင်းသီချင်းကို သီဆိုဖျော်ဖြေသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး သူနာပြုတက္ကသိုလ် - မန္တလေးပါမောက္ခချုပ်က ခြောက်ထပ်ပင်မဆောင်နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားကာ ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍  ခြောက်ထပ်ပင်မဆောင်နှင့်  ပတ်သက် သည့် စာရွက်စာတမ်းများကို သူနာပြုတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ် ပါမောက္ခ    ဒေါက်တာခင်ဝင်း စိန်က  ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း  သိရသည်။                  

သတင်းစဉ်